မာရှယ်ဟာ ယူနိုက်တက်နဲ့ စာချုပ်အသစ် ထပ်ချုပ်လိမ့်မယ်လို့ မန်ယူအသင်းတာဝန်ရှိသူများ ယုံကြည်နေ

0
185

မတ် ၈ ၊ ၂၀၁၈

ယူနိုက်တက်ကို အလက်ဆစ်ဆန်းချက်ရောက်လာတဲ့နောက်ပိုင်းမှာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေတဲ့ ပြင်သစ် တိုက်စစ်မှူး မာရှယ်ဟာ စာချုပ်အသစ် ထပ်မံချုပ်ဆိုလိမ့်မယ်လို့ မန်ယူအသင်းက ယုံကြည်လျှက်ရှိပါတယ်။

ဥရောပ အားကစားသတင်းများရဲ့ ဖော်ပြမှုအရ မန်ယူတိုက်စစ်မှူး မာရှယ်ကို အီတလီစီးရီးအေကလပ် ဂျူဗင်တပ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် မာရှယ်ဟာ မန်ယူနဲ့ စာချုပ်သက်တမ်း ၁၅ လ ကျန်ရှိနေပါသေးတယ်။ မန်ယူအသင်းဟာ တစိနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ မာရှယ်နဲ့ ဆွေးနွေးနေပါတယ်။

ဂျူဗင်တပ်အသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်မှူး ရှာပုံတော် ဖွင့်နေပြီး ဂျူဗင်တပ် တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နက်ဗက်နဲ့ မာရှယ်ရဲ့ အေးဂျင့် ဖြစ်သူတို့ဟာ ဟိုတယ်တစ်ခုမှာ တွေ့ဆုံစကားပြောဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။ မာရှယ်ဟာ နည်းမြမော်ရင်ဟိုရဲ့ လက်ထက်မှာ ပုံမှန်နေရာ ပျောက်ဆုံးနေပြီး အနာဂတ် မရေမရာ ဖြစ်နေပါတယ်။

သူဟာ ပြီးခဲ့တဲ့ ခရစ္စတယ်ပံလေ့စ် ၂-၃ မန်ယူ ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ဒါပေမယ့် လာမယ် အပတ် လီဗာပူးလ်နဲ့ ပွဲစဉ်မှာတော့ ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။

NN

Leave a Reply