ကုမ္ပဏီ ​ထောင်​ပြီး စက်​သုံး​ဆီ​ဈေးနှုန်းထိန်းညှိ​ပေး​ရေးကိစ္စကို လုပ်​ငန်းရှင်​များသို့ ချပြသင့်

0
199

ရန်​ကုန်​၊မတ်​လ ၈၊ ၂၀၁၈

ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ကုမ္ပဏီ​ထောင်​၍ စက်​သုံးဆီ​ဈေးနှုန်း များ ထိန်းညှိသွားမည်​ဟု ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်း က ​ပြောကြားခဲ့သည့်​ အ​ပေါ် ယင်းကိစ္စနှင့်​ပတ်​သက်​၍ လုပ်​ငန်းရှင်​များကို ချပြသင့်​​ကြောင်း
မြန်​မာနို​င်ငံ​စက်​သုံးဆီတင်​သွင်း​ရောင်းချ ဖြန့်​ဖြူးရေးအသင်းမှ အတွင်း​ရေး မှူး ဦးဝင်းမြင့်​က​ပြောသည်​။

“အစိုးရအ​နေနဲ့ ကုမ္ပဏီ​ထောင်​မယ်​ဆိုတာက စက်​သုံးဆီ​ဈေး​တွေ ​ဈေးသက်​သာ​အောင်​ ဆိုတဲ့ရည်​ရွယ်​ချက်​နဲ့လုပ်​တာ​ဆို​တော့ ပြည်​သူ​တွေအတွက်​လုပ်​တာဆိုရင်​ ​ကောင်းတာ​ပေါ့။ဒါ​ပေမယ့်​ ဒီဟာက ကုမ္ပဏီတစ်​ခုကို ဦးစား​ပေးပြီး​ အခွင့်​အ​ရေးတစ်​ခုကို ဖန်​တီး​ပေးလိုက်​တဲ့ ပုံစံမျိုး ဖြစ်​သွားရင်​​တော့ကျန်တဲ့ကုမ္ပဏီ​တွေနဲ့မျှတတဲ့ယှဉ်ပြိုင်မှုနည်းနည်း​ ​ပြောင်းလဲသွားနိုင်​တယ်​။ ဘယ်​သူ့ကိုမှ ​ပေးမလုပ်​ဘူး ။ဒီကုမ္ပဏီတစ်​ခုထဲနဲ့ပဲ အစိုးရက ​ပေါင်းပြီးလုပ်​ဖို့ ​ရွေးချယ်​လိုက်တယ်​​ဆိုရင်​ နဲနဲ​လေး​တော့ ပြန်​စဉ်းစားဖို့သင့်​တယ်​လို့ထင်​ပါတယ်​။ဈေးကျ​အောင်​လုပ်​မယ်​ဆိုတာ က​တော့ ​ပြောတာ​ပေါ့​နော်​။တကယ်​တမ်းကျ အလုပ်​တစ်​ခုလုပ်​မယ်​ဆိုရင်​ အားလုံးကို ချပြသင့်​တယ်​လို့ ထင်​ပါတယ်​။”ဟု၎င်းက​ပြောသည်​။

စက်သုံးဆီ ​ဈေးနှုန်းများကျဆင်းသည့်​ချိန်တွင်သန်းနှင့်​ချီဝယ်ထားပြီး ​ဈေး
တက်​သည့်​အချိန်​တွင် ​စက်​သုံးဆီ​ဈေးနှုန်းကိုထိန်းညှိ၍ ​ရောင်းချ​​ပေးခြင်းများ
ပြုလုပ်​ခြင်းသည်​ ​ကောင်းမွန်​​သော်​လည်း လုပ်​ကိုင်​ရ ခက်​ခဲနိုင်​မည်​ဟု​သိရသည်​။

စက်​သုံးဆီ​ဈေးနှုန်းများမှာ အာဆီယံ ၁၀ နိုင်​ငံနှင့်​ယှဉ်​ပါက မြန်​မာနိုင်​ငံသည်​ ဒုတိယအနည်းဆုံး နိုင်​ငံဖြစ်​သော​ကြောင့်​ ​ဈေးနှုန်းများသည်​ဟု ​မပြော သင့်​​ကြောင်း ဦးဝင်းမြင့်​က​ပြောသည်​။

“ဈေးကျတဲ့အချိန်မှာဝယ်ပြီး ​ဈေးတက်တဲ့အချိန်မှာ ​ရောင်း​တော့ ​ရောင်းရင်းနဲ့ဆီကုန်​သွားရင်​ အဲ့အချိန်​မှာ ပြန်​ဝယ်ဖို့ကျ​တော့ ​ဈေးအတက်​နဲ့ပဲ ဝယ်​ရမှာပါ။ အဲ့ခါကျရင်​ ​ဈေးအကျနဲ့ဆက်​​ရောင်း​ပေးနိုင်​ဖို့ မလွယ်​​တော့ဘူး။အန်​ကယ်​တို့လဲ အမြဲတမ်း website မှာ ​ဈေးနှုန်း​တွေတင်​​ပေးပါတယ်​​။ ၂နှစ်​စာ​လောက်​ ​ဈေးနှုန်း​တွေတင်​​ပေးထားတာရှိတယ်​။အားလုံးကြည့်​လို့ ရ​အောင်​ လုပ်​​ပေးထားတာပါ။ဈေးနှုန်းမများဘူးလို့ အန်​ကယ်​တို့ယူဆတာကို သူကများတယ်​ဆို​တော့ဘယ်​လို​ပြောရမလဲ​တောင်​မသိ​တော့ဘူး။အန်​ကယ်​တို့လဲ နားမလည်​ဘူး။သူက ဘယ်​အချက်​လက်​နဲ့ ဘယ်​လိုပြောတာလဲ မသိဘူး။”ဟု ၎င်းကဆက်​လက်​​ပြောဆိုသည်​။

စက်​သုံးဆီ​ဈေးနှုန်းကျဆင်း​ရေး ကိစ္စနှင့်​ပတ်​သက်​၍ လက်​ရှိတွင်​ မြစ်​တွင်းမှ သ​ဘောင်္များဖြင့်​ ဆီသယ်​ယူသည့်​စနစ်​မှ ပင်လယ်​ဘက်​သို့ထွက်​ပြီး​ဆောင်​ရွက်မည့်​စနစ်​ဖြင့်​လုပ်​​ဆောင်မည်ဆိုလျှင်​ ​ဈေးနှုန်းမည်မျှသက်သာနိုင်
ကြောင်းကိုစာတင်​ပြပြီးဝန်ကြီးချုပ်​နှင့်​​တွေ့ခွင့်​​တောင်းခဲ့​သော်လည်း ​တွေ့ခွင့်​မရခဲ့​ကြောင်း ၎င်းက​ပြောသည်​။

ယင်းကိစ္စနှင့်​ပတ်​သက်​ပြီး ဝန်​ကြီးချုပ်​မှ ​ခေါ်ယူ​တွေ့ဆုံမည်​ဆိုပါက သွား​ရောက်​​တွေ့ဆုံ၍ စက်​သုံးဆီ​ဈေးနှုန်းကိစ္စရပ်​များ၊လက်​ရှိဖြစ်​​ပေါ်​ နေသည့်​အ​ခြေအ​နေများကို ရှင်းပြ​ပေးချင်​ကြောင်းနှင့်​ အားလုံးပါဝင်​နိုင်​သည့်​အတူတကွပူး​ပေါင်းလုပ်​​ဆောင်မှုကိုစဉ်းစားသင့့်​ကြောင်း ဦးဝင်းမြင့်က ဆက်​ပြောသည်​။

“ကုမ္ပဏီတစ်​ခုနဲ့​တွေ့​နေတယ်​လို့ မီဒီယာ​တွေဆီက တက်​လာတဲ့သတင်း တစ်​ခု က​နေသိရပါတယ်​။ ​ပြောရရင်​​တော့စိတ်​မ​ကောင်းဘူး။ကိုယ့်​နိုင်​ငံမှာ လူတိုင်းကို​ပေးနိုင်​တဲ့ အခွင့်​အ​ရေးဆိုရင်​​တော့ အားလုံးကို ညီတူညီမျှ​ပေး ဒါဆို ပြဿနာရှိဘူး။ ဟိုဟာ၊ဒီဟာ လူတိုင်းကို​ပေးလုပ်​​နေတဲ့ဟာ အစိုးရက ဒီတစ်​​ယောက်​နဲ့ ​ပေါင်းလုပ်​မယ်​ဆိုလဲ ဖြစ်​ပါတယ်​။ အဲ့လိုမဟုတ်​ဘဲနဲ့ ပင်​လယ်​ထဲကို ထွက်​ပြီး​တော့​ဆောင်​ရွက်​တဲ့ကိစ္စမှာ ကုမ္ပဏီ တစ်​ခုထဲနဲ့ပဲလုပ်​ပြီး ကျန်​တဲ့ကုမ္ပဏီ​တွေနဲ့မလုပ်​ဘူးဆိုရင်​ ဒါက​တော့ ညီမျှခြင်း မဖြစ်​​တော့ ဘူး။ အဲ့တာ​လေး​တော့ဖြစ်​​စေချင်​ပါတယ်​။”ဟု ဦးဝင်းမြင့်​က​ပြောသည်။

စက်​သုံးဆီ​ဈေးနှုန်ကျဆင်း​ရေးမှာ သို​လှောင်​နိုင်​သည့်​ ပမာဏနှင့်​ မသက်​ဆိုင်​ဘဲ တင်​သွင်း​လာသည့်​ နိုင်​ငံဘက်​မှ သယ်​ယူလာသည့်​ သ​ဘောင်္၏ ပမာဏနှင့်​သာ သက်​ဆိုင်​​ပြီး သ​ဘောင်္ကြီးများဖြင့်​ သယ်​ယူမည်​ဆိုပါက အ​ရှေ့အလယ်​ပိုင်း သို့မဟုတ်​ အိန္ဒိယနိုင်​ငံတို့မှာ မြန်​မာနိုင်​ငံကို ဖြတ်​​ပြီးမှသာ စင်​ကာပူနိုင်​ငံသို့ ပို့​ဆောင်​ရခြင်း​ကြောင့်​ အိန္ဒိယမှ ဆီများ ဝယ်​ယူမည်​ဆိုလျှင်​ စရိတ်​သက်​သာသွားနိုင်​သည်​ဟု​ ​မျှော်​လင့်​​ကြောင်း ၎င်းက​ပြောသည်​။

၎င်းတို့အ​နေဖြင့်​ ဝယ်​ယူသည့်စရိတ်​ သက်​သာ​စေ​ရေးအတွက်​ ကြိုးစား​ နေ​သော်လည်းအား​ပေးမည့်​အစိုးရအဖွဲ့အစည်းလိုအပ်​​နေ​​ကြောင်း သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply