ၿဗိတိန္ဝန္ႀကီးခ်ဳပ္ထရီဆာကို လုပ္ႀကံသတ္ျဖတ္ရန္ စီစဥ္မႈတစ္ခု ႀကိဳတင္တားဆီးႏုိင္ခဲ့

0
227

လန္ဒန္ ဒီဇင္ဘာ ၆

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ထရီဆာေမကို လုပ္ႀကံသတ္ျဖတ္ရန္ စီစဥ္မႈတစ္ခုကုိ ႀကိဳတင္တားဆီးႏိုင္ခဲ့ေၾကာင္း ၿဗိတိန္ရဲတပ္ဖဲြ႕ဝင္မ်ားက ဒီဇင္ဘာ ၅ ရက္တြင္ ေျပာဆုိခဲ့သည္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ႐ုံးစိုက္ရာ ေဒါင္းနင္းလမ္း နံပါတ္ ၁၀ ၌ ေပါက္ကဲြေစတတ္ေသာ ပစၥည္းျဖင့္ တုိက္ခိုက္ၿပီးေနာက္ အေျခအေနမ်ား ႐ႈပ္ေထြးေနခ်ိန္တြင္ ႐ုံးအတြင္းဝင္ေရာက္ကာ ထရီဆာေမကို သတ္ျဖတ္ရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖဲြ႕ဝင္မ်ားကေျပာဆုိခဲ့သည္။

ေမကုိ သတ္ျဖတ္ရန္ စီစဥ္မႈႏွင့္ဆက္စပ္ၿပီး လြန္ခဲ့ေသာအပတ္တြင္ အမ်ိဳးသားႏွစ္ဦးကို ဖမ္းဆီးခ့ဲကာ ၎တို႔ကို အၾကမ္းဖက္မႈႏွင့္ တရားစဲြဆိုထားၿပီး ဝက္စ္မင္စတာတရား႐ံုး၌ ႐ုံးတင္ စစ္ေဆးမည္ျဖစ္ေၾကာင္း ရဲတပ္ဖဲြ႕ဝင္မ်ားကေျပာဆုိခဲ့သည္။ ယင္းအမ်ိဳးသားႏွစ္ဦးအား အၾကမ္းဖက္တိုက္ဖ်က္ေရးဌာနက ႏုိဝင္ဘာ ၂၈ ရက္တြင္ ဖမ္းမိခဲ့ျခင္းျဖစ္သည္။

အဖမ္းခံရသူႏွစ္ဦးမွာ လန္ဒန္ေျမာက္ပိုင္းေန အသက္ ၂၀ ႏွစ္အရြယ္ နာအိုင္မာဇာခါရီယားရာမန္ႏွင့္ ဘာမင္ဟမ္အေရွ႕ေတာင္ပိုင္းေန အသက္ ၂၁ အရြယ္ မိုဟမၼဒ္အာကစ္အင္မ္ရန္တုိ႔ျဖစ္ေၾကာင္း ရဲတပ္ဖဲြ႕၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

လြန္ခဲ့ေသာ ၁၂ လအတြင္း ၿဗိတိန္ရဲတပ္ဖဲြ႕သည္ အၾကမ္းဖက္ရန္စီစဥ္မႈ ၉ မႈကို ႀကိဳတင္တားဆီးႏုိင္ခဲ့ေၾကာင္း ေမ၏ေျပာခြင့္ရွိသူက ေျပာဆုိခဲ့သည္။

ၿဗိိတိန္၌ ယခုႏွစ္အတြင္း လူအုပ္ထဲသို႔ ကားျဖင့္ဝင္တိုးမႈ၊ ဓားျဖင့္ တိုက္ခိုက္မႈ၊ ေသနတ္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ လံုၿခံဳေရးအဆင့္ကို တိုးျမႇင့္ထားရသည္။

Source:Reuters

႐ိုးေျမ

ပံုစာ။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ထရီဆာေမ။

 

လန်ဒန် ဒီဇင်ဘာ ၆

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်မှုတစ်ခုကို ကြိုတင်တားဆီးနိုင်ခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၅ ရက်တွင် ပြောဆိုခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ရုံးစိုက်ရာ ဒေါင်းနင်းလမ်း နံပါတ် ၁၀ ၌ ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့် တိုက်ခိုက်ပြီးနောက် အခြေအနေများ ရှုပ်ထွေးနေချိန်တွင် ရုံးအတွင်းဝင်ရောက်ကာ ထရီဆာမေကို သတ်ဖြတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များကပြောဆိုခဲ့သည်။

မေကို သတ်ဖြတ်ရန် စီစဉ်မှုနှင့်ဆက်စပ်ပြီး လွန်ခဲ့သောအပတ်တွင် အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ကာ ၎င်းတို့ကို အကြမ်းဖက်မှုနှင့် တရားစွဲဆိုထားပြီး ဝက်စ်မင်စတာတရားရုံး၌ ရုံးတင် စစ်ဆေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များကပြောဆိုခဲ့သည်။ ယင်းအမျိုးသားနှစ်ဦးအား အကြမ်းဖက်တိုက်ဖျက်ရေးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဖမ်းခံရသူနှစ်ဦးမှာ လန်ဒန်မြောက်ပိုင်းနေ အသက် ၂၀ နှစ်အရွယ် နာအိုင်မာဇာခါရီယားရာမန်နှင့် ဘာမင်ဟမ်အရှေ့တောင်ပိုင်းနေ အသက် ၂၁ အရွယ် မိုဟမ္မဒ်အာကစ်အင်မ်ရန်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လွန်ခဲ့သော ၁၂ လအတွင်း ဗြိတိန်ရဲတပ်ဖွဲ့သည် အကြမ်းဖက်ရန်စီစဉ်မှု ၉ မှုကို ကြိုတင်တားဆီးနိုင်ခဲ့ကြောင်း မေ၏ပြောခွင့်ရှိသူက ပြောဆိုခဲ့သည်။

ဗြိိတိန်၌ ယခုနှစ်အတွင်း လူအုပ်ထဲသို့ ကားဖြင့်ဝင်တိုးမှု၊ ဓားဖြင့် တိုက်ခိုက်မှု၊ သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအဆင့်ကို တိုးမြှင့်ထားရသည်။

Source:Reuters

ရိုးမြေ

ပုံစာ။ ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေ။

Leave a Reply