မကွေးကျောင်းတိုက်ဆရာတော် ပြန်လည်လွတ်မြောက်လာ

0
166

ရန်ကုန်။ မတ် ၉။ ၂၀၁၈

အမေရိကန်သံရုံရှေ့တွင် ရိုဟင်ဂျာ အသုံးအနှုန်းနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့သည့်အတွက် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်သုံးလ ချမှတ်ခံရသော မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခသည် ယနေ့မနက် ၆ နာရီခွဲတွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

အင်းစိန်ထောင်မှ လွတ်မြောက်ပြီးနောက် ရွှေတိဂုံဘုရားသို့သွားရောက် ဆုတောင်းခဲ့ကြောင်းလည်း သိရသည်။

အပြစ်မဲ့အကျဉ်းသား ငါးသောင်းခန့် ထောင်ထဲရောက်ရှိနေပြီး သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ဆရာတော်ဦးပါမောက္ခက ထောင်က အထွက်တွင် မေတ္တာရပ်ခံခဲ့သည်။

သျှင်ရဲထွဋ်

Photo : Ko Ko Zaw

Leave a Reply