ပဲခူးတိုင်းဒေသကြီးအတွင်း လူဦး​ရေ ​​ခြောက်​​သောင်းခွဲ​ကျော်​အတွက်​ ​သောက်​သုံး​ရေလိုအပ်​နိုင်

0
159

ပဲခူး၊ မတ်​ ၈၊ ၂ဝ၁၈

ပဲခူးတိုင်းဒေသကြီးအတွင်း၌ကျေးလက်ဒေသ​နေပြည်သူ ​ခြောက်​​သောင်းခွဲ​ကျော်​အတွက်​ ​သောက်​သုံး​ရေလိုအပ်​နိုင်​​ခြေရှိ​ကြောင်း ​တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်​။

“​​​သောက်သုံး​​ရေအခက်အခဲကြုံ​တွေ့ရနိုင်​တဲ့​ကျေးရွာ​တွေကို စာရင်းပြုစု​နေပါတယ်​။ ​ကျေးရွာအလိုက်​လူဦး​ရေအ​ပေါ်မူတည်​ပြီး​တော့ ​ရေ​ပေး​ဝေနိုင်​ဖို့ စီမံချက်​​ရေးစွဲ​နေပါတယ်​” ဟု ​ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှဒုတိယညွှန်ကြား​ရေးမှူး ​ဒေါ်​ချောစုစံက
ပြောသည်​။

သောက်​သုံး​ရေလိုအပ်​နိုင်​​ခြေရှိသည့်​ ကျေးရွာ ပေါင်း ၆၄ရွာရှိ လူဦးရေ ၆၅ ဒသမ ၄၇၅ဦးကို ရေဂါလံပေါင်း ၇၁၃,ဝဝဝ ဖြန့်ဝေရန် ပြင်ဆင် ထားခြင်း ဖြစ်ပြီး စက်သုံးဆီဖိုး ကုန်ကျငွေမှာ တစ်လလျှင် ၇သန်းခန့် ကုန်ကျနိုင်ကြောင်း တွက်ချက်ထားသည်ဟု ၎င်းကရှင်းပြသည်​။

“ကျွန်​တ်ာတို့မြို့နယ်​​တွေမှာ အခုကတည်းက ​ရေပြတ်​ချင်​​နေပြီ။ ပြီးခဲ့တဲ့ နှစ်​​တွေကလည်း အလှူရှင်​​တွေလာကြ​ပေမယ့် တစ်​​နွေလုံးသုံးဖို့အဆင်​မ​ပြေဖြစ်​ကြတယ်​။ ဆို​တော့ ဒီအ​ခြေအ​နေ​တွေအတွက်​ သက်​ဆိုင်​ရာက ကြိုတင်​ပြင်​ဆင်​မှု​တွေလုပ်​ပြီး​ဖြေရှင်း​ပေး​စေလိုပါတယ်​”ဟု ကဝမြို့နယ်​မှ ဦးသိန်းထွန်းက ဆိုသည်​။

ကြိုတင်ပြင်ဆင်မှုများကို မတ်၊ ဧပြီနှင့်​မေလများအတွက် စီမံချက်များ ရေးဆွဲထားခြင်း ဖြစ်ပြီး ပဲခူး၊ ကဝ၊ ညောင်လေးပင်၊ ဝေါ၊ သနပ်ပင်၊ တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်၊ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်း၊မင်းလှစသည့်မြို့နယ်များမှ ​ကျေးရွာများပါဝင်​​ကြောင်း
ကျေးလက်​​ဒေသဖွံဖြိုးတိုးတက်​​ရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ်​​က ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါ၊တောင်ငူ၊ ပန်းတောင်း၊ သဲကုန်း၊ ပေါင်းတည် စသည့်မြို့နယ်များအပါအဝင်​ မြို့နယ်​ ၈ မြို့နယ်​၌​ရပြတ်လပ်မှုကြုံ​တွေ့ခဲ့​သည်​။

မိုး​မြေ

ပဲခူး၊ မတ်​ ၈၊ ၂ဝ၁၈

Leave a Reply