ယီမင္သမၼတေဟာင္း ဆာေလ သတ္ျဖတ္ခံရၿပီးေနာက္ ၿမိဳ႕ေတာ္ဆာနာအား ဟုိသီသူပုန္မ်ား ပိုမိုထိန္းခ်ဳပ္

0
187

ဆာနာ ဒီဇင္ဘာ ၆

ယီမင္ရွိ ဟုိသီသူပုန္မ်ားသည္ တစ္ခ်ိန္က မဟာမိတ္ျဖစ္ခဲ့ၿပီး မၾကာေသးမီ တြင္ ဘက္ေျပာင္းခဲ့သည့္ သမၼတေဟာင္း အလီအဗၺဒူလာဆာေလကို သတ္ျဖတ္ခဲ့ၿပီးေနာက္ ၿမိဳ႕ေတာ္ ဆာနာအား ထိန္းခ်ဳပ္မႈကုိ ပိုိမိုတင္းက်ပ္လိုက္ၿပီျဖစ္သည္။

ၿမိဳ႕တြင္း စစ္ေဆးေရးစခန္းမ်ားကုိ ပိုမုိထားရွိခဲ့ၿပီး ဆာေလေထာက္ခံသူ မ်ားကိုလည္း ဖမ္းဆီးခဲ့ေၾကာင္း ၿမိဳ႕ေနမ်ားကေျပာဆုိခဲ့သည္။ ဆာနာ၌ ဟုိသီသူပုန္မ်ားႏွင့္ ၎ကိုေထာက္ခံသူမ်ားၾကား တိုက္ပဲြျဖစ္ပြားခ်ိန္တြင္ ဆာေလ သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္သည္။

ဆာေလသည္ ျပည္တြင္းစစ္အတြင္း အစုိးရကဘက္သို႔ ကူးေျပာင္းခဲ့သည့္အတြက္ သစၥာေဖာက္ျဖစ္ေၾကာင္း ဟိုသီေခါင္းေဆာင္မ်ားက စြပ္စဲြေျပာဆုိခဲ့သည္။ ဒီဇင္ဘာ ၅ ရက္ အေႏွာင္းပိုင္းတြင္ ေဆာ္ဒီအာေရဗ်ဦးေဆာင္ေသာ မဟာမိတ္အဖဲြ႕သည္ ဟိုသီပစ္မွတ္မ်ားအား ေလေၾကာင္းမွတိုက္ခိုက္မႈ ၂၅ ခုျပဳလုပ္ခဲ့သည္။ လြန္ခဲ့ေသာအပတ္မွစၿပီး တိုက္ခိုက္မႈမ်ားေၾကာင့္ လူ ၂၃၄ ဦးေသဆံုးၿပီး ၄၀၀ ဒဏ္ရာရရွိခဲ့ေၾကာင္း ႏုိင္ငံတကာၾကက္ေျခနီအဖဲြ႕( အုိုင္စီအာရ္စီ)ကေျပာဆုိခဲ့သည္။

သစၥာေဖာက္မႈကုိ ဆန္႔က်င္ၿပီး ယီမင္ႏုိင္ငံ ၿငိမ္းခ်မ္းတည္ၿငိမ္ေရးကို လိုလားေၾကာင္း သက္ေသျပသည့္အေနျဖင့္ ဆာၿမိဳ႕ေနမ်ား ခ်ိီတက္ဆႏၵျပရန္ ဟိုသီေခါင္းေဆာင္ အက္ဘ္ဒယ္မာလစ္အယ္လ္ဟိုသီက တုိက္တြန္းေျပာဆုိခဲ့သည္။ ဆာေလသည္ ယီမင္ကို ၃၃ ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့ၿပီး ၂၀၁၁ ခုႏွစ္တြင္ ႏုိင္ငံသားမ်ား၏ပုန္ကန္မႈေၾကာင့္ ရာထူးမွျပဳတ္က်ခဲ့သည္။

မၾကာေသးမီလမ်ားအတြင္း ဆာေလကို သစၥာခံသည့္ တပ္မ်ားႏွင့္ ဟိုသီသူပုန္မ်ားသည္ ႏုိင္ငံတကာက အသိအမွတ္ျပဳထားသည့္ သမၼတ အက္ဒရက္ဘာမန္ဆာဟာဒီ၏တပ္မ်ားကို တိုက္ခိုက္ေနသည္။ ေဆာ္ဒီဦးေဆာင္ေသာ မဟာမိတ္အဖဲြ႕ကလည္း ဟာဒီဘက္မွ ရပ္တည္ၿပီး ဟိုသီမ်ားကို တုိက္ခိုက္ခဲ့သည္။

ေဆာ္ဒီဦးေဆာင္ေသာ မဟာမိတ္အဖဲြ႕က ယီမင္ကို တိုက္ခိုက္မႈ ရပ္ဆိုင္းမည္ဆိုပါက ဘဝသစ္စတင္မည္ျဖစ္ေၾကာင္း ဆာေလက ဒီဇင္ဘာ ၂ ရက္တြင္ေျပာဆုိခဲ့သည္။ ဟုိသီမ်ားက ဆာေလ သစၥာေဖာက္လိုက္ျခင္းျဖစ္ေၾကာင္း ေျပာဆုိၿပီး ဆာေလ၏ေနအိမ္ကို ဝင္ေရာက္စီးနင္းကာ ၎ေသဆံုးၿပီျဖစ္ေၾကာင္း ဒီဇင္ဘာ ၄ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

အသက္ ၇၅ ႏွစ္အရြြယ္ ဆာေလလုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္သည္ လက္နက္ႀကီးထိမွန္ၿပီးေနာက္ ရပ္တန္႔သြားခဲ့ရာ သူပုန္မ်ားက ယာဥ္ထဲမွ ဆာေလကို ဆဲြထုတ္ကာ တိုက္ခိုက္မႈျဖစ္ပြားရာေနရာမွာပင္ ပစ္သတ္ ခဲ့ေၾကာင္း ဆာေလ၏ ျပည္သူ႔ကြန္ဂရက္ပါတီမွ အရာရွိမ်ားကေျပာဆုိခဲ့သည္။

ဆာေလ၏သား အာမတ္အလီက ဖခင္ျဖစ္သူအတြက္ လက္စားေခ်မည္ျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္ဟု ေဆာ္ဒီအာေရဗ်ရွိ သတင္းဌာနမ်ားကေဖာ္ျပခဲ့သည္။ ေဆာ္ဒီဦးေဆာင္သည့္ မဟာမိတ္အဖဲြ႕ ယီမင္၌ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္ခဲ့သည့္ ၂၀၁၅ ခုႏွစ္ မတ္မွစၿပီး လူ ၈၆၇၀ ဦးေသဆံုးခဲ့ၿပီး ၄၉၉၆၀ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ကုလသမဂၢ ကေျပာဆုိခဲ့သည္။

Source:Reuters

႐ိုးေျမ

ပံုစာ။ ယီမင္ၿမိဳ႕ေတာ္ ဆာနာကို ထိန္းခ်ဳပ္ထားသည့္ ဟုိသီသူပုန္တခ်ိဳ႕။

 

ဆာနာ ဒီဇင်ဘာ ၆

ယီမင်ရှိ ဟိုသီသူပုန်များသည် တစ်ချိန်က မဟာမိတ်ဖြစ်ခဲ့ပြီး မကြာသေးမီ တွင် ဘက်ပြောင်းခဲ့သည့် သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလေကို သတ်ဖြတ်ခဲ့ပြီးနောက် မြို့တော် ဆာနာအား ထိန်းချုပ်မှုကို ပိိုမိုတင်းကျပ်လိုက်ပြီဖြစ်သည်။

မြို့တွင်း စစ်ဆေးရေးစခန်းများကို ပိုမိုထားရှိခဲ့ပြီး ဆာလေထောက်ခံသူ များကိုလည်း ဖမ်းဆီးခဲ့ကြောင်း မြို့နေများကပြောဆိုခဲ့သည်။ ဆာနာ၌ ဟိုသီသူပုန်များနှင့် ၎င်းကိုထောက်ခံသူများကြား တိုက်ပွဲဖြစ်ပွားချိန်တွင် ဆာလေ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ဆာလေသည် ပြည်တွင်းစစ်အတွင်း အစိုးရကဘက်သို့ ကူးပြောင်းခဲ့သည့်အတွက် သစ္စာဖောက်ဖြစ်ကြောင်း ဟိုသီခေါင်းဆောင်များက စွပ်စွဲပြောဆိုခဲ့သည်။ ဒီဇင်ဘာ ၅ ရက် အနှောင်းပိုင်းတွင် ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်အဖွဲ့သည် ဟိုသီပစ်မှတ်များအား လေကြောင်းမှတိုက်ခိုက်မှု ၂၅ ခုပြုလုပ်ခဲ့သည်။ လွန်ခဲ့သောအပတ်မှစပြီး တိုက်ခိုက်မှုများကြောင့် လူ ၂၃၄ ဦးသေဆုံးပြီး ၄၀၀ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့( အိုုင်စီအာရ်စီ)ကပြောဆိုခဲ့သည်။

သစ္စာဖောက်မှုကို ဆန့်ကျင်ပြီး ယီမင်နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ရေးကို လိုလားကြောင်း သက်သေပြသည့်အနေဖြင့် ဆာမြို့နေများ ချိီတက်ဆန္ဒပြရန် ဟိုသီခေါင်းဆောင် အက်ဘ်ဒယ်မာလစ်အယ်လ်ဟိုသီက တိုက်တွန်းပြောဆိုခဲ့သည်။ ဆာလေသည် ယီမင်ကို ၃၃ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် နိုင်ငံသားများ၏ပုန်ကန်မှုကြောင့် ရာထူးမှပြုတ်ကျခဲ့သည်။

မကြာသေးမီလများအတွင်း ဆာလေကို သစ္စာခံသည့် တပ်များနှင့် ဟိုသီသူပုန်များသည် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် သမ္မတ အက်ဒရက်ဘာမန်ဆာဟာဒီ၏တပ်များကို တိုက်ခိုက်နေသည်။ ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့ကလည်း ဟာဒီဘက်မှ ရပ်တည်ပြီး ဟိုသီများကို တိုက်ခိုက်ခဲ့သည်။

ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့က ယီမင်ကို တိုက်ခိုက်မှု ရပ်ဆိုင်းမည်ဆိုပါက ဘဝသစ်စတင်မည်ဖြစ်ကြောင်း ဆာလေက ဒီဇင်ဘာ ၂ ရက်တွင်ပြောဆိုခဲ့သည်။ ဟိုသီများက ဆာလေ သစ္စာဖောက်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုပြီး ဆာလေ၏နေအိမ်ကို ဝင်ရောက်စီးနင်းကာ ၎င်းသေဆုံးပြီဖြစ်ကြောင်း ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ရ၅ နှစ်အရွွယ် ဆာလေလိုက်ပါလာသည့် မော်တော်ယာဉ်သည် လက်နက်ကြီးထိမှန်ပြီးနောက် ရပ်တန့်သွားခဲ့ရာ သူပုန်များက ယာဉ်ထဲမှ ဆာလေကို ဆွဲထုတ်ကာ တိုက်ခိုက်မှုဖြစ်ပွားရာနေရာမှာပင် ပစ်သတ် ခဲ့ကြောင်း ဆာလေ၏ ပြည်သူ့ကွန်ဂရက်ပါတီမှ အရာရှိများကပြောဆိုခဲ့သည်။

ဆာလေ၏သား အာမတ်အလီက ဖခင်ဖြစ်သူအတွက် လက်စားချေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆော်ဒီအာရေဗျရှိ သတင်းဌာနများကဖော်ပြခဲ့သည်။ ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့ ယီမင်၌ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့သည့် ၂၀၁၅ ခုနှစ် မတ်မှစပြီး လူ ၈၆၇၀ ဦးသေဆုံးခဲ့ပြီး ၄၉၉၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ ကပြောဆိုခဲ့သည်။

Source:Reuters

ရိုးမြေ

ပုံစာ။ ယီမင်မြို့တော် ဆာနာကို ထိန်းချုပ်ထားသည့် ဟိုသီသူပုန်တချို့။

Leave a Reply