လီဗာပူးလ်တိုက်စစ်ကို ထိန်းဖို့အတွက် လုခ်ရှောကို နည်းပြမော်ရင်ဟို အသုံးပြုဖွယ်ရှိ

0
170

မတ် ၉ ၊ ၂၀၁၈

ယခုတစ်ပတ် စနေနေ့မှာ အင်္ဂလန်ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး နှစ်သင်းဖြစ်တဲ့ မန်ယူ အသင်းနဲ့ လီဗာပူးလ် အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲစဉ်တစ်ခု ရှိနေပါတယ်။ မန်ယူအသင်းရဲ့ ပရိသတ်တွေကတော့ လီဗာပူးလ်ရဲ့ တိုက်စစ်ကို ထိန်းဖို့အတွက် နည်းပြမော်ရင်ဟိုအနေနဲ့ လုခ်ရှောကို အသုံးပြုဖို့ အလိုရှိနေကြပါတယ်။

ဧည့်သည်လီဗာပူးလ်အသင်းဟာ ဆာဒိုမန်နေး ၊ ဖာမင်နို ၊ ဆာလပ် တို့ရဲ့ သုံးပွင့်ဆိုင်တိုက်စစ်နဲ့အတူ ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေမှာ ရလဒ်ကောင်း တွေ ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ဂျာကင်ကလော့ရဲ့ လီဗာပူးလ် အသင်းဟာ အမှတ်ပေးပြိုင်ပွဲရဲ့ ဒုတိယ အကျော့မှာ မန်စီးတီးကို အနိုင်ကစားထားသလို ချယ်လ်ဆီးကိုလည်း ချေမှုန်းထားခဲ့ပါတယ်။

ယခုပွဲစဉ်ဟာ အမှတ်ပေးပြိုင်ပွဲရဲ့ အဆင့် ၂ နေရာအတွက် လုရမယ့် ပွဲစဉ်ဖြစ်ပြီး လီဗာပူးလ်အသင်းသာ အနိုင်ရရှိခဲ့မယ်ဆိုရင် အဆင့် ၂ နေရာကို ရောက်ရှိမှာ ဖြစ်ပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့ နောက်ခံ ဘယ်အစွန်လူ နေရာ မှာ အရှက်လေယန်းကို အသုံးပြုမယ်ဆိုရင် လီဗာပူးလ်ရဲ့ သုံးပွင့်ဆိုင် တိုက်စစ်လမ်းကြောင်းကို အသက် ၃၂ နှစ်အရွယ် ယန်း အနေနဲ့ ထိန်းဖို့ မလွယ်နိုင်ပါဘူး။ဒါကြောင့် စနေနေ့ကစားမယ့် ပွဲစဉ်မှာ နည်းပြ မော်ရင်ဟိုအနေနဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား လုခ်ရှောကို ထည့်သုံးပြီး လီဗာပူးလ်ရဲ့ ထိုးစစ်တွေကို ချေဖျက်သင့်တယ်လို့ မန်ယူပရိသတ်တွေက ဆန္ဒရှိနေကြပါတယ်။

NN

Leave a Reply