မူးယစ်ဆေးပြား ၂၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၇ ကီလို ဖမ်းဆီးရမိ

0
157

မန္တလေး၊ မတ် ၉၊ ၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း ခိုင်ရွှေဝါလမ်းနှင့် ဇလပ်ဝါ လမ်းကြားရှိ နေအိမ်တစ်ခုရှေ့တွင် ၄ ရက် အကြာရပ်နားထားသည့် Crown Royal soloon ပေါ်မှ စိတ်ကြွမူးယစ်ဆေးပြားပေါင်း ၂၈ သိန်းခန့်နှင့် ဘိန်းဖြူ ၄ ဒသမ ၇ ကီလိုဂရမ်ခန့်ကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ က သိရသည်။

အချိန်ကြာမြင့်စွာရပ်ထားသည့် Crown Royal soloon ယာဉ်ပေါ်မှ ပီနံအိတ်ဖြင့်ထည့်ထားသော 88/1 ဆေးပြား ၁၀ သိန်းပြား။ WY ဆေးပြား ၁၈ သိန်းပြား စုစုပေါင်း ဆေးပြား ၂၈ သိန်းပြားနှင့် ဘိန်းဖြူ ဆပ်ပြာခွက် ၁ ဒသမ ၈ ကီလိုဂရမ် ၊ ဘလောက်တုံး ဘိန်းဖြူ ၀ ဒသမ ၇ ကီလိုဂရမ်၊ ဘိန်းဖြူ အထုပ် ၁ ဒသမ ၈ ကီလိုဂရမ်၊ အိုက်စ် ၁ ကီလို နှင့် ဆိုဒီယံဟိုက်ဒရို ဆိုဒ် ၀ ဒသမ ၁၅ ကီလိုဂရမ် တို့ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စုံစမ်းမှုများပြုလုပ်နေကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply