ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၃ အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ ဂျိုရှူဝါ ကင်မစ်

0
191

မတ် ၉ ၊ ၂၀၁၈

အင်္ဂလန်ပရီးမီးယားလိဂ်အသင်းများစိတ်ဝင်စားနေသော ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂျိုရှူဝါ ကင်မစ်ဟာ ၂၀၂၃ ခုနှစ်အထိ ဘိုင်ယန်မြူးနစ် အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲကို ဦးဆောင်ထားတဲ့ မန်စီးတီးအသင်းဟာ အသက် ၂၃ နှစ်အရွယ် ကင်မစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယခုအခါ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ်ကြောင့် မန်စီးတီးရဲ့ အိပ်မက်တွေ ပျက်ပြယ်ခဲ့ရပြီ ဖြစ်ပါတယ်။

ကင်မစ်ဟာ ညာနောက်ခံ ၊ ဗဟိုအတွင်းလူ နေရာနဲ့ ကွင်းလယ်လူ နေရာတွေမှာ ကစားနိုင်တဲ့အတွက် မန်စီးတီးနည်းပြ ဂွာဒီ ယိုလာ အကြိုက်တွေစေသော ကစားသမားတစ်ဦး ဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ သဘောကျနှစ်ခြိုက်တဲ့ ဘောလုံးသမားတွေကို ငွေပုံအောပြီး ခေါ်ယူလေ့ရှိတဲ့ အတွက် ဘိုင်ယန်မြူးနစ်တို့ဟာ ကင်မစ်ကို အသင်းကနေ မဆုံးရှုံးရလေအောင် ကြိုတင် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ကင်မစ်ဟာ ဂျာမနီအသင်းအတွက် ၂၅ ပွဲကစားပြီး သုံးဂိုးသွင်းယူထားသလို ဘိုင်ယန်မြူးနစ် အသင်း အတွက်လည်း ၃၄ ပွဲ ပါဝင်ကစားထားပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်မှာ လိုက်ပဇက် အသင်းကနေ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

NN

Leave a Reply