ဘာစီလိုနာကို ပြန်မယ်လို့ သတင်းတွေ ထွက်နေတဲ့ ဘရာဇီးတိုက်စစ်မှူး နေမာ

0
252

မတ် ၉ ၊ ၂၀၁၈

ဘရာဇီးတိုက်စစ်မှူး နေမာဟာ ပြင်သစ်ကလပ် PSG ကနေ ယခင်အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေပါတယ်။

PSG အသင်းဟာ နေမာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅၅ သန်း အလိုရှိနေပြီး ရီးရဲမက်ဒရစ် ကလည်း နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ PSG ကို ရောက်ရှိခဲ့ သူဖြစ်ပြီး လက်ရှိမှာတော့ ဒဏ်ရာ ကြောင့် အနားယူနေရသူ ဖြစ်ပါတယ်။သူဟာ ဘာစီလိုနာအသင်း မှာ မက်ဆီရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ အတွက် အသင်းကနေထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ PSG အသင်းမှာ ဒဏ်ရာရရှိခဲ့တဲ့နောက် ဘာစီလိုနာကို ပြန်ချင်စိတ်တွေ ဖြစ်နေတယ်လို့ Mundo Deportivo ရဲ့ ဖော်ပြမှုအရ သိရပါတယ်။ဘာစီလိုနာအသင်းဟာလည်း ၂၀၁၉ရဲ့ စီမံကိန်းအရ နေမာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဆန္ဒရှိနေကြောင်း သိရပါတယ်။

PSG အသင်းဟာ နေမာရဲ့ အပြောင်းအရွှေ့အတွက် ပေါင် ၃၅၅ သန်းခန့် အလိုရှိနေပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌ ပီးရက်ဇ်ကလည်း နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ AS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

NN

Leave a Reply