မွန်​လူထု​တွေ့ဆုံပွဲများကို တပ်​မ​တော်​ကလူဦး​ရေကန့်​သတ်​မှုအပေါ် ငြိမ်းချမ်း​​ရေးကော်​မရှင်​ကညှိနှိုင်း​ပေးရန်​NMSP ​တောင်းဆို

0
136

ရန်​ကုန်​ ၊ မတ်​ ၁၀ ၊ ၂၀၁၈

မွန်​ပြည်​သစ်​ပါတီ NMSP မှ မွန်​လူမျိုးအလိုက်​အမျိုးသားအဆင့်​နိုင်​ငံ​ရေး ​တွေ့ ဆုံပွဲများမကျင်းပမှီ လူထုအကြို​တွေ့ဆုံပွဲများကို လူဦး​ရေ ၃၀ဖြင့်​သာပြုလုပ်​ရမည်​ဟု တပ်​မ​တော်​က လူဦး​ရေကန့်​သတ်​မှု​ကြောင့်​ ကျင်းပမည့်​အစီအစဉ်​များကို​ရွှေ့ဆိုင်းထားပြီး ငြိမ်းချမ်း​ရေး​ကော်​မရှင်​ထံ ကြားဝင်​ညှိနှိုင်း​ပေးရန်​ ​တောင်းဆိုထားကြာင်း NMSP ဗဟို​ကော်​မတီဝင်​ နိုင်​၀င်းလှက​ပြောသည်​။

“မလုပ်​ဖြစ်​​တော့ဘူး ။လူထုဆိုတာလက်​ချိုးပြီး​ရေ လို့ရတဲ့အ​ရေအတွက်​ကို​ပြောတာမဟုတ်​ဘူး ။ ငြိမ်းချမ်း​ရေး​ကော်​မရှင်​ကို ညှိနှိုင်း​ဆောင်​ရွက်​​ပေးဖို့ နှုတ်​အားဖြင့်​ တယ်​လီဖုန်းနဲ့​ပြောဆိုထားတယ်​။ အ​ကြောင်းတစ်​စုံတရာ​တော့မသိရ​သေးဘူး”ဟု နိုင်​၀င်းလှက​ပြောသည်​။

မွန်​လူမျိုးအလိုက်​ အမျိုးသားအဆင့်​နိုင်​ငံ​ရေး​တွေ့ဆုံပွဲကို ဧပြီလ၆ရက်​မှ ၉ရက်​​နေ့အထိ ရေးမြို့တွင်​ ကျင်းပမည်​ဖြစ်​သဖြင့်​ လူထုအကြို​တွေ့ဆုံ ပွဲများကို မတ်​လ၁၀ရက်​မှ ၂၇ ရက်​​နေ့အတွင်းကျင်းပရန်​စီစဉ်​ထား ​ကြောင်း၎င်းကဆိုသည်​။

လူထုအကြို​တွေ့ဆုံပွဲများကိုတပ်​စခန်း ရှိသည့်​​နေရာ ၅ ခုတွင်​ပြုလုပ်​ရန်​စီစဉ်​ထားပြီး လူဦး​ရေကန့်​သတ်​ပြုလုပ်​ရန်​အတွက်​ မတ်​လ ၈ ရက်​​နေ့ ညပိုင်းက အ​ရှေ့​တောင်​တိုင်းစစ်​ဌာနချုပ်​ မှဖုန်းဖြင့်​အ​ကြောင်းကြား ခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်​။

“လူထု​တွေ့ဆုံပွဲ​တွေကို အခု​ရွှေ့ဆိုင်းထားတာဆို​တော့ အမျိုးသား အဆင့်​နိုင်​ငံ​ရေး​ဆွေး​နွေးပွဲကလည်း ​နောက်​ဆုတ်​သွားနိုင်​တယ်​”ဟု နိုင်​၀င်းလှက​ပြောသည်​။

မွန်ပြည်သစ်ပါတီကဦးဆောင်ကျင်းပမည့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်ရန် အတွက် ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော် တွင်ပြုလုပ်ခဲ့သည့် NCAအကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး JICM တွင် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်​နယ်​အတွင်း RCSS မှဦး​ဆောင်​ကျင်းပသည့်​ လူထု​တွေ့ဆုံ ပွဲများကိုတပ်​မ​တော်​မှ တားမြစ်​မှု​ကြောင့်​ ​ရွှေ့ဆိုင်းခဲ့ပြီး အမျိုးသား အဆင့်​နိုင်​ငံ​ရေး​တွေ့ဆုံပွဲကို ပြုလုပ်​နိုင်​ခြင်းမရှိ​သေး ​ကြောင်းသိရသည်​။

ကိုဥာဏ်

Leave a Reply