၂၀၁၈ ေဆာင္းရာသီအုိလံပစ္ၿပိဳင္ပဲြ၌ ႐ုရွား ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ မျပဳေၾကာင္း အိုင္အိုစီ ဆံုးျဖတ္

0
174

ဆိုးလ္ ဒီဇင္ဘာ ၆

ေတာင္ကိုရီးယားႏိုင္ငံ ၿပံဳခ်န္းၿမိဳ႕၌ လာမည့္ႏွစ္တြင္က်င္းပမည့္ ေဆာင္း ရာသီ အိုလံပစ္အားကစားၿပိဳင္ပြဲမ်ားတြင္ ႐ုရွားအား ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ေၾကာင္း ႏုိင္ငံတကာအုိလံပစ္ေကာ္မတီ( အုိင္အိုစီ) က ထုတ္ျပန္လိုက္ၿပီျဖစ္သည္။

တားျမစ္ေဆးသံုးစဲြျခင္းမရွိေၾကာင္း သက္ေသျပႏုိင္သည့္ ႐ုရွား အားကစား သမားမ်ားသည္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရွိေၾကာင္း အိုင္အိုစီကေျပာဆုိ ခဲ့သည္။ ႐ုရွားႏုိင္ငံ ဆိုခ်ီၿမိဳ႕၌ ၂၀၁၄ ခုႏွစ္တြင္ က်င္းပခဲ့သည့္ အားကစားၿပိဳင္ပဲြမ်ား၌ ႐ုရွားအစိုးရက ကမကထျပဳၿပီး တားျမစ္ေဆး သံုးစဲြေစခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ၿပံဳခ်မ္းေဆာင္းရာသီ အိုလံပစ္တြင္ ႐ုရွားအား ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ခဲ့ျခင္းျဖစ္သည္။

အုိင္အိုစီ၏ဆံုးျဖတ္ခ်က္ကို ႐ုရွားႏုိင္ငံေရးသမားမ်ားက ႐ႈပ္ခ်ခဲ့ၿပီး ေဆာင္းရာသီအုိလံပစ္ၿပိဳင္ပဲြကို သပိတ္ေမွာက္သင့္ေၾကာင္း ေျပာဆုိခဲ့သည္။ ဆြစ္ဇာလန္သမၼတေဟာင္း ဆင္ျမဴယယ္ ရွမစ္ဦးေဆာင္ေသာ စံုစမ္းစစ္ေဆးေရးအဖဲြ႕၏ ၁၇ လၾကာ စစ္ေဆးေတြ႕ရွိမႈမ်ားကို ေလ့လာၿပီးေနာက္ အုိင္အိုစီဥကၠဌ ေတာမတ္စ္ ဘတ္ခ်္ႏွင့္ ဘုတ္အဖဲြ႕သည္ ႐ုရွားအား ပိတ္ပင္ေၾကာင္း ဒီဇင္ဘာ ၅ ရက္တြင္ ဆံုးျဖတ္ခ်က္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

႐ုရွားအုိလံပစ္ေကာ္မတီ( အာရ္အိုစီ) ကိုပိတ္ပင္ေသာ္လည္း အုိ္င္အုိစီသည္ ေဖေဖာ္ဝါရီတြင္ က်င္းပမည့္ အားကစားၿပိဳင္ပဲြမ်ားသုိ႔ တားျမစ္ေဆး မသံုးေသာ ႐ုရွားအားကစားသမားမ်ားအား ႐ုရွားမွ အိုလံပစ္ အားကစား သမားမ်ား( အိုေအအာရ္) ဆိုသည့္ အလံေအာက္တြင္ ပါဝင္ ယွဥ္ၿပိဳင္ခြင့္ျပဳမည္ျဖစ္သည္။ လြန္ခဲ့ေသာေလးႏွစ္ ေဆာင္းရာသီ အိုလံပစ္အတြင္း ႐ုရွားအစိုးရသည္ ႏုိင္ငံကိုယ္စားျပဳ အားကစားသမားမ်ား အား တားျမစ္ေဆးမ်ားသံုးစဲြေစၿပီး စြမ္းေဆာင္ရည္ပိုျမင့္ေစကာ ဝင္ေရာက္ယွဥ္ၿပိဳင္ေစခဲ့ေၾကာင္း ရွမစ္အစီရင္ခံစာ၌ ေဖာ္ျပထားသည္။

႐ုရွားအစိုးရ၏လုပ္ရပ္သည္ အိုလံပစ္အားကစားၿပိဳင္ပဲြမ်ားႏွင့္ အားကစားက႑တို႔အေပၚ တိုက္႐ိုက္တိုက္ခိုက္လိုက္ျခင္းျဖစ္ေၾကာင္း အုိင္အိုစီဥကၠဌ ဘတ္ခ်္ကေျပာဆုိခဲ့သည္။ ေဖေဖာ္ဝါရီ ၉ ရက္တြင္ စတင္မည့္ ေဆာင္းရာသီအိုလံပစ္ပဲြေတာ္ကို စတင္က်င္းပမည္ျဖစ္သည္။

၂၀၁၄ခုႏွစ္ဆုိခ်ီအိုလံပစ္ၿပိဳင္ပဲြအတြင္း႐ုရွား၏တားျမစ္ေဆးတိုက္ဖ်က္ေရးဓာတ္ခဲြခန္း၏အႀကီးအကဲ ေဒါက္တာ ဂရီေဂၚရီ ေရာ့ဒ္ခ်န္ေကာ့ဗ္က ႐ုရွားအစိုးရ၏လုပ္ရပ္ကို ဖြင့္ခ်ခဲ့ၿပီးေနာက္ စံုစမ္းစစ္ေဆးမႈမ်ားကုိ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ အစိုးရသည္ တားျမစ္ေဆးသံုးစဲြေရးကို စနစ္တက်လုပ္ေဆာင္ခဲ့ၿပီး ၎ကိုယ္တုိင္သည္ စြမ္းေဆာင္ရည္ျမင့္ေစမည့္ ေဆးဝါးမ်ားကုိ ထုတ္လုပ္ေပးခဲ့ကာ ေဆးစစ္ရာတြင္ တားျမစ္ေဆးသံုးစဲြထားေၾကာင္း မသိရွိေစရန္ ဆီးနမူနာမ်ားအား ဖလွယ္ေပးခဲ့ေၾကာင္း ေရာ့ဒ္ခ်န္ေကာ့ဗ္ကေျပာဆုိခဲ့သည္။

ကမာၻ႕တားျမစ္ေဆးအသံုးျပဳမႈဆန္႔က်င္ေရးဌာန( ဝါဒါ) သည္ ကေနဒါဥပေဒအရာရွိႏွင့္ အားကစားေရွ႕ေန ေဒါက္တာရစ္ခ်တ္မက္လာရင္ ကုိ စံုစမ္းစစ္ေဆးမႈတြင္ပါဝင္ရန္ အကူအညီေတာင္းခဲ့သည္။ ၂၀၁၂ မွ ၂၀၁၅ ခုႏွစ္အတြင္း အားကစားနည္း ၃၀ မွ အားကစားသမား ၁၀၀၀ ခန္႔သည္ တားျမစ္ေဆးသံုးစဲြၿပီး ေအာင္ပဲြခံခဲ့ေၾကာင္း မက္လာရင္အစီရင္ခံစာတြင္ေဖာ္ျပထားသည္။

အုိင္အုိစီသည္ ႐ုရွားဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္သလို အားကစား ဝန္ႀကီးေဟာင္းလည္းျဖစ္သည့္ ဗီတာလီမတ္ကိုအား ေနာင္တြင္က်င္းပမည့္ အိုလံပစ္အားကစားၿပိဳင္ပဲြမ်ားသို႔ တက္ေရာက္ခြင့္ ပိတ္ပင္ရန္ ဆံုးျဖတ္ခဲ့သည္။ မတ္ကိုသည္ ႐ုရွား၌ လာမည့္ေႏြရာသီတြင္ က်င္းပမည့္ ၂၀၁၈ ခုႏွစ္ ကမာၻ႕ဖလားေဘာလံုးၿပိဳင္ပဲြအတြက္ ဦးေဆာင္ စီစဥ္သူလည္းျဖစ္သည္။

Source:BBC

႐ုိးေျမ

ပံုစာ။ ၿပံဳခ်မ္း၌ ၂၀၁၈ ခုႏွစ္ေဆာင္းရာသီအုိလံပစ္အတြက္ ျပင္ဆင္ထားစဥ္။

 

ဆိုးလ် ဒီဇင်ဘာ ၆

တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမြို့၌ လာမည့်နှစ်တွင်ကျင်းပမည့် ဆောင်း ရာသီ အိုလံပစ်အားကစားပြိုင်ပွဲများတွင် ရုရှားအား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီ( အိုင်အိုစီ) က ထုတ်ပြန်လိုက်ပြီဖြစ်သည်။

တားမြစ်ဆေးသုံးစွဲခြင်းမရှိကြောင်း သက်သေပြနိုင်သည့် ရုရှား အားကစား သမားများသည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်း အိုင်အိုစီကပြောဆို ခဲ့သည်။ ရုရှားနိုင်ငံ ဆိုချီမြို့၌ ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများ၌ ရုရှားအစိုးရက ကမကထပြုပြီး တားမြစ်ဆေး သုံးစွဲစေခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပြုံချမ်းဆောင်းရာသီ အိုလံပစ်တွင် ရုရှားအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

အိုင်အိုစီ၏ဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံရေးသမားများက ရှုပ်ချခဲ့ပြီး ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်သင့်ကြောင်း ပြောဆိုခဲ့သည်။ ဆွစ်ဇာလန်သမ္မတဟောင်း ဆင်မြူယယ် ရှမစ်ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ၁၇ လကြာ စစ်ဆေးတွေ့ရှိမှုများကို လေ့လာပြီးနောက် အိုင်အိုစီဥက္ကဌ တောမတ်စ် ဘတ်ချ်နှင့် ဘုတ်အဖွဲ့သည် ရုရှားအား ပိတ်ပင်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရုရှားအိုလံပစ်ကော်မတီ( အာရ်အိုစီ) ကိုပိတ်ပင်သော်လည်း အိုင်အိုစီသည် ဖေဖော်ဝါရီတွင် ကျင်းပမည့် အားကစားပြိုင်ပွဲများသို့ တားမြစ်ဆေး မသုံးသော ရုရှားအားကစားသမားများအား ရုရှားမှ အိုလံပစ် အားကစား သမားများ( အိုအေအာရ်) ဆိုသည့် အလံအောက်တွင် ပါဝင် ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။ လွန်ခဲ့သောလေးနှစ် ဆောင်းရာသီ အိုလံပစ်အတွင်း ရုရှားအစိုးရသည် နိုင်ငံကိုယ်စားပြု အားကစားသမားများ အား တားမြစ်ဆေးများသုံးစွဲစေပြီး စွမ်းဆောင်ရည်ပိုမြင့်စေကာ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ကြောင်း ရှမစ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

ရုရှားအစိုးရ၏လုပ်ရပ်သည် အိုလံပစ်အားကစားပြိုင်ပွဲများနှင့် အားကစားကဏ္ဍတို့အပေါ် တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း အိုင်အိုစီဥက္ကဌ ဘတ်ချ်ကပြောဆိုခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်တွင် စတင်မည့် ဆောင်းရာသီအိုလံပစ်ပွဲတော်ကို စတင်ကျင်းပမည်ဖြစ်သည်။

၂၀၁၄ခုနှစ်ဆိုချီအိုလံပစ်ပြိုင်ပွဲအတွင်းရုရှား၏တားမြစ်ဆေးတိုက်ဖျက်ရေးဓာတ်ခွဲခန်း၏အကြီးအကဲ ဒေါက်တာ ဂရီဂေါ်ရီ ရော့ဒ်ချန်ကော့ဗ်က ရုရှားအစိုးရ၏လုပ်ရပ်ကို ဖွင့်ချခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အစိုးရသည် တားမြစ်ဆေးသုံးစွဲရေးကို စနစ်တကျလုပ်ဆောင်ခဲ့ပြီး ၎င်းကိုယ်တိုင်သည် စွမ်းဆောင်ရည်မြင့်စေမည့် ဆေးဝါးများကို ထုတ်လုပ်ပေးခဲ့ကာ ဆေးစစ်ရာတွင် တားမြစ်ဆေးသုံးစွဲထားကြောင်း မသိရှိစေရန် ဆီးနမူနာများအား ဖလှယ်ပေးခဲ့ကြောင်း ရော့ဒ်ချန်ကော့ဗ်ကပြောဆိုခဲ့သည်။

ကမ္ဘာ့တားမြစ်ဆေးအသုံးပြုမှုဆန့်ကျင်ရေးဌာန( ဝါဒါ) သည် ကနေဒါဥပဒေအရာရှိနှင့် အားကစားရှေ့နေ ဒေါက်တာရစ်ချတ်မက်လာရင် ကို စုံစမ်းစစ်ဆေးမှုတွင်ပါဝင်ရန် အကူအညီတောင်းခဲ့သည်။ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း အားကစားနည်း ၃၀ မှ အားကစားသမား ၁၀၀၀ ခန့်သည် တားမြစ်ဆေးသုံးစွဲပြီး အောင်ပွဲခံခဲ့ကြောင်း မက်လာရင်အစီရင်ခံစာတွင်ဖော်ပြထားသည်။

အိုင်အိုစီသည် ရုရှားဒုတိယဝန်ကြီးချုပ်ဖြစ်သလို အားကစား ဝန်ကြီးဟောင်းလည်းဖြစ်သည့် ဗီတာလီမတ်ကိုအား နောင်တွင်ကျင်းပမည့် အိုလံပစ်အားကစားပြိုင်ပွဲများသို့ တက်ရောက်ခွင့် ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သည်။ မတ်ကိုသည် ရုရှား၌ လာမည့်နွေရာသီတွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ဦးဆောင် စီစဉ်သူလည်းဖြစ်သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ပြံုချမ်း၌ ၂၀၁၈ ခုနှစ်ဆောင်းရာသီအိုလံပစ်အတွက် ပြင်ဆင်ထားစဉ်။

Leave a Reply