PSG တိုက်စစ်မှူး ကာဗာနီကို ချယ်လ်ဆီးနဲ့ အပြိုင် လုမယ့် မန်ယူ

0
172

မတ် ၁၀ ၊၂၀၁၈

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ စတ်ဝင်စားနေတဲ့ PSG တိုက်စစ်မှူး ကာဗာနီကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

PSG တိုက်စစ်မှူး ကာဗာနီဟာ မကြာသေးခင်က ပင်နယ်တီ ကန်ခွင့်နဲ့ ပတ်သက်ပြီး နေမာနဲ့ မကျေလည်မှုတချို့ရှိခဲ့ကာ နွေရာသီမှာ ပြင်သစ်မြေကို ကျောခိုင်းဖို့ စိတ်ကူးနေသူ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ခဲ့တဲ့ နောက်မှာ သူ့ရဲ့ ခေါ်ယူမှုဟာ ဒီလောက်နဲ့ မပြီးသေးပါဘူးလို့ ပြောဆိုထားပါတယ်။ငွေကြေးအလုံးအရင်းသုံးစွဲပြီး ကစားသမားခေါ်ယူမှုတွေ လုပ်ဖို့ ရှိသေးတယ်လို့ မော်ရင်ဟိုက ၀န်ခံထားပါတယ်။

PSG အသင်းဟာ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို ပြောင်းရွှေ့ကြေး ပေါင် ၅၃သန်း ရခဲ့မယ်ဆိုရင် ရောင်းထုတ်ဖို့ရှိနေပါတယ်။ ဒါ့အပြင် PSG အသင်းဟာ လာမယ့်နှစ်မှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး မလိုအပ်တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်နေဲပီ ဖြစ်ပါတယ်။

NN

Leave a Reply