အပြောင်းအရွှေ့သတင်းတွေကို အဆုံးသတ်လိုက်တဲ့ ဒေါ့မွန် ကွင်းလယ်လူ မာကိုရူးစ်

0
127

မတ် ၁၀ ၊ ၂၀၁၈

နွေရာသီမှာ အသင်းမှ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဒေါ့မွန်ကွင်းလယ်လူ မာကိုရူးစ်ဟာ ၂၀၂၃ ခုနှစ်အထိ ဒေါ့မွန်အသင်းမှာ နေဖို့ စာချုပ်အသစ် သက်တမ်းတိုးခဲ့ပါတယ်။

ကနဦးသတင်းများအရ မာကိုရူးစ်ဟာ အင်္ဂလန်ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ်လို သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မန်ယူ ၊ အာဆင်နယ် နဲ့ စပါး အသင်းတွေက ချိတ်ဆက်မှုတွေလည်း ရှိခဲ့ပါတယ်။ ယခုအခါမှာတော့ ၂၀၂၃ ခုနှစ် ဇွန်လအထိ စာချုပ်အသစ် ထပ်မံချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ်။

“၂၀၁၂ ကတည်းက ဒေါ့မွန်ဝတ်စုံကို ကျွန်တော် ၀တ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒေါ့မွန်ဝတ်စုံကို ဆက်လက်ဝတ်ဆင်ဖို့ အခွင့်အရေးထပ်ရတဲ့ အတွက် ၀မ်းသာ ဂုဏ်ယူမိတယ်”လို့ မာကိုရူးစ်က ဆိုပါတယ်။

ဂျာမန်လက်ရွေးစင်တစ်ဦးဖြစ်တဲ့ မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းကို ကလေးဘ၀ကတည်းက ကြိုက်နှစ်သက်ခဲ့ပြီး ဒေါ့မွန်ဟာ သူ့ရဲ့ အိမ်ဖြစ်ကြောင်း ၊ ယခုအခါ အနာဂတ်အတွက် ဒေါ့မွန်မှာ ဆက်လက် နေထိုင်ခွင့် ရရှိလာတဲ့အတွက် ၀မ်းသာကြောင်းနဲ့ စာချုပ်အသစ် ကမ်းလှမ်းခဲ့တဲ့ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်း မာကိုရူးစ်က ပြောကြားခဲ့ပါတယ်။

မာကိုရူးစ်ဟာ မိုချန်ဂလာဘတ် လူငယ်အသင်းကနေ ဒေါ့မွန်အသင်း ၂၀၁၂ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ ပြီးဒေါ့မွန်အတွက် သွင်းဂိုး ၉၂ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။ သူဟာ ယခုနှစ်မှာတော့ ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရပြီး ပွဲစဉ် ၇ ပွဲသာ ၀င်ရောက် ကစားထားနိုင် ခဲ့ပါတယ်။

NN

Leave a Reply