မော်ဒယ် အခက်အခဲကြောင့် CR 7 အတွင်းခံဘောင်းဘီကြော်ငြာကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ စီရော်နယ်ဒို

0
174

မတ် ၁၀ ၊ ၂၀၁၈

ရီးရဲမက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ CR 7 အတွင်းခံ ဘောင်းဘီကြော်ငြာကို ကိုယ်တိုင် ၀င်ရောက်ရိုက်ကူးခဲ့ပါတယ်။ အဆိုပါ ကိစ္စအတွက် ရော်နယ်ဒိုက မော်ဒယ်ဘွိုင်း ငှားဖို့အတွက် လိုအပ်လာ တာကြောင့် ကိုယ်တိုင်ဝင်သရုပ်ဆောင်ခဲ့တာပါလို့ ဆိုခဲ့ပါတယ်။

CR 7 အတွင်းခံဟာ စတိုင်မ်ကျလှပ သေသပ်ပြီး အရည်အသွေးလည်း ကောင်းမွန်ကြောင်း စီရော်နယ်ဒိုက ဆိုခဲ့ပြီး ပျော့ပျောင်းနူးအိသော အထိအတွေ့ကြောင့် နွေရာသီမှာ ၀တ်ဆင်ဖို့ သင့်တော်ကြောင်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် CR 7 အတွင်းခံဟာ အမြင်အာရုံ ဆန်းသစ်ရု့မျှ မက လိင်စိတ်ကိုပါ တက်ကြွစေကြောင်း ရော်နယ်ဒိုက ဆိုခဲ့ပါတယ်။

အဆိုပါအတွင်းခံ ထုတ်လုပ်ခြင်းကို စီရော်နယ်ဒိုက စိတ်ကြိုက် ပုံဖော်ဖန်တီးခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်စီး ပွားရေးတစ်ခုလည်း ဖြစ်ပါတယ်။ အတွင်းခံကြော်ငြာကို စီရော်နယ်ဒို့ သားအဖနှစ်ဦးက ၀တ်ဆင်သရုပ်ဆောင်ထားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးဖြစ်သလို ရေမွှေး ထုတ်လုပ်ခြင်း ၊ အတွင်းခံ ထုတ်လုပ်ခြင်း ၊ ဟိုတယ်လုပ်ငန်း အစရှိသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

NN

Leave a Reply