(၄) နှစ်အရွယ် ကလေး အဓမ္မပြုကျင့်ခံရ

0
162

မန္တလေး၊ မတ် ၁၀၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် မြောက်ကိုင်း ကျေးရွာတွင် မတ်လ ၉ ရက်နေ့ နေ့လယ် (၂) ခန့်အချိန်က အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုခံခဲ့ရကြောင်း ပလိပ်နယ်မြေရဲစခန်း ကသိရသည်။

အမှုဖြစ်စဉ်မှာ တစ်ရွာတည်းနေ နေချစ်ဦး (၁၅) နှစ်က အသက် (၄) နှစ်အရွယ် ကလေးငယ်ကို ကျေးရွာစာသင်ကျောင်းအတွင်း ခေါ်ကာ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ နေချစ်ဦးအား ပလိပ် နယ်မြေရဲစခန်းတွင် (ပ) ၃၃/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply