အသက် (၁၂) နှစ်အရွယ် ကလေးငယ်အား မုဒိမ်းကျင့်မှုဖြစ်ပွား

0
150

မန္တလေး၊ မတ် ၁၁၊ ၂၀၁၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် ၂၈ လမ်း ၊ ၇၉ လမ်းနှင့် ၈၀ လမ်းကြားတွင် မတ်လ ၁၀ ရက်နေ့ ည (၁၀) နာရီ အချိန် ခန့်က အသက် (၁၂) နှစ်အရွယ် ကလေးငယ်အား အသက် (၆၈) နှစ်အရွယ်လူတစ်ဦးက မုဒိမ်းကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရသည်။

ပြုကျင့်ခံရသည့်ကလေးငယ်အား Royal Myanmar Hotel ညစောင့် ဖြစ်သူ ဦးခင်မောင်ဦး (၆၈) နှစ်က မုန့်ဝယ်ကျွေးမည်ဟုဆိုကာ ဟိုတယ်အလုပ်သမားများနေထိုင်သည့် နေရာတွင် မတ်တပ်ရပ်လျှက် ဓမ္မတာနှင့် ဆန့်ကျင်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသက် (၁၂) နှစ်အရွယ် ကလေးကို အဓမ္မပြုကျင့်ခဲ့သည့် ဦးခင်မောင်ဦးကို အမှတ် (၈) ရဲစခန်းတွင် (ပ) ၁၂၁/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ထို့အပြင် မတ်လ ၉ ရက်နေ့ကလည်း ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာတွင် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသက် (၁၅) နှစ်အရွယ် ယောက်ျားလေးက ကျေးရွာစာသင်ကျောင်း အတွင်းခေါ်ကာ အဓမ္မပြုကျင့်ခဲ့မှု တစ်ခုဖြစ်ပွားခဲ့သည်။

နိုင်လင်းဦး

Leave a Reply