ဖောင်တော်ဦး ဘက ကျောင်းမှ ဆရာတစ်ဦးကို မုဒိမ်းမှုဖြင့် အမှုဖွင့်

0
192

မန္တလေး၊ မတ် ၁၁၊ ၂၀၁၈

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီး သင်ကျောင်းမှ ဆရာတစ်ဦးကို မတ်လ ၁၀ ရက်နေ့က မုဒိမ်းမှုဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

အမှုဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ် ဂေါဝိန်ဆိပ်ကမ်းကျူးကျော်တဲတွင် နေထိုင်သည့် ကိုမြင့်သူ (ခ) ဆင်ကြီးသည် ၄င်း၏ ဇနီးဖြစ်သူ သေဆုံး သွားသည့်အတွက် သမီးနှစ်ယောက်ကို ဖောင်တော်ဦးပရဟိတကျောင်းသို့ ကျောင်းအိပ် ကျောင်းစား ဖြင့်ပို့ခဲ့သည် ။ ထို့နောက် ကိုမြင့်သူ (ခ) ဆင်ကြီးသည် ၂၀၁၆ ခုနှစ် သြဂုတ်လထဲက နောက်အိမ်ထောင်ပြုပြီး ၄င်း၏ သမီးနှစ်ယောက်ကို ပြန်လည်ခေါ်ခဲ့သည်။

ကျောင်းဖွင့်သည့်အခါတွင် ယင်းကျောင်းသို့ ပြန်ပို့ရာ သမီးနှစ်ယောက်မှာ မပြန်လိုကြောင်းနှင့် မိဘများနှင့်သာနေလိုကြောင်း ၊ ကိုမြင့်သူ (ခ) ဆင်ကြီး၏ သမီးနှစ်ယောက်ထဲမှ အသက် (၈) နှစ်အရွယ် တစ်ယောက်ကို ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ကျောင်းမှ ဆရာတစ်ဦးက ပါးစပ်ကို တိတ်ဖြင့် ပိတ်၊ လက်နှစ်ဖက်အား ကြိုးဖြင့်ချည်ပြီး မိန်းမကိုယ်အား တုတ်ဖြင့်ထိုးခြင်း ၊ ယောက်ျားတန်ဆာဖြင့် ထိုးခြင်းမျာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအမှုတွင် ကိုမြင့်သူ (ခ) ဆင်ကြီးက တိုင်တန်းသည့်အတွက် ကျူးလွန် ခဲ့သူ သစ်ဦး (ခ) လှမျိုးဦး (ခ) တင်မြင့် (၃၅) နှစ် အား အမှတ်(၁) နယ်မြေခံ ရဲစခန်းတွင် (ပ) ၁၂၄/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၇၇/၃၄၁ တို့ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

နိုင်လင်းဦး

Leave a Reply