ျပည္တြင္းရွိပိုလ်ွံ ပဲမ်ားကို ေငြက်ပ္ ၁၅ ဘီလီယံ သံုးစြဲၿပီး ပဲစိုက္ေတာင္သူမ်ားထံမွ ဝယ္ယူသိုေလွာင္သြားမည္

0
189

ေနျပည္ေတာ္။ ဒီဇင္ဘာ ၆။ ၂၀၁၇။

ျပည္တြင္းရွိပိုလွ်ံပဲမ်ားကို ေငြက်ပ္ ၁၅ ဘီလီယံ သံုးစြဲၿပီး ပဲစိုက္ေတာင္သူမ်ားထံမွ ဝယ္ယူသိုေလွာင္ သြားမည္ျဖစ္ေႀကာင္း စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန မွ လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္ကေျပာသည္။

” ေတာင္သူေတြရဲ႕ ထုတ္လုပ္မႈ ကုန္က်စရိတ္ထက္ေပါက္ေစ်းက နိမ့္က်မယ္ဆိုလို႕ ဆိုလို႕ ရွိရင္ လယ္ယာထြက္ကုန္စီမံခန္႔ခြဲေရးအဖြဲ႕ေကာ္မတီရဲ႕ တာဝန္အဓိက က်တယ္။ စီးပြားကူးသန္းကေတာ ဝယ္ယူဖို႕ကို ၁၅ ဘီလီယံေလာက္ ဝယ္ဖို႕အတြက္ ကို ရထားၿပီးၿပီး ႀကိဳတင္ျပင္ဆင္တဲ႔ အေနနဲ႔ ဒါကိုေဆာင္ရြက္ေနပါတယ္” ဟု ဦးခင္ေမာင္လြင္ ကေျပာသည္။

ျပည္တြင္းမွ ထြက္ရွိသည့္ပဲမ်ားကို အိႏၵိယႏိုင္ငံ သို႕ အမ်ားဆံုးတင္ပို႔ေရာင္းခ်ခဲ့ရၿပီး အိႏၵိယႏိုင္ငံ၏ ပဲတင္ပို႔မႈ မူဝါဒ အေျပာင္းအလဲေၾကာင့္ ျမန္မာႏိုင္ငံမွ တင္ပို ့ခြင့္ရသည့္ တန္ခ်ိန္ျပည့္ သည့္အတြက္ ရပ္နားခဲ့ရျခင္းျဖစ္သည္။

ေနျပည္ေတာ္ လယ္ေဝး ၿမိဳ႕နယ္ စမေတာင္ လူငယ္ဖြံ႔ ၿဖိဳးေရး ဥယ်ာဥ္၌ ဒီဇင္ဘာလ ၅ ရက္ေန႕က က်င္းပျပဳလုပ္ခဲ႕သည့္ ျပည္တြင္းပဲစားသံုးမႈျမင့္တင္ေရး အခမ္းအနားအၿပီးတြင္ ဦးခင္ေမာင္လြင္မွေျဖၾကားခဲ့ျခင္းျဖစ္သည္။

ျပည္ပ ပဲ ေစ်းကြက္အသီးသီးသို႔ ပင္လယ္ေရေႀကာင္းလိုင္းမွ မတ္ပဲကို တပတ္လ်ွင္ တန္ခ်ိန္ ၁ ေသာင္းႏွင့္ ပဲစဥ္းငံု ကို တပတ္လွ်င္ တန္ခ်ိန္ ၁၅၀၀ တင္ပို႔ေနေၾကာင္းသိရသည္။

လက္ရွိတြင္ ေစ်းကြက္၌ မတ္ပဲေစ်းႏႈန္းေပါက္ေစ်းမွာ ေငြက်ပ္ ၅ သိန္းေက်ာ္ ႏွင့္ ပဲစဥ္းငံု ေစ်းႏႈန္းေပါက္ေစ်းမွာ ေငြက်ပ္ ၃ သိန္းေက်ာ္ျဖစ္ေၾကာင္းသိရသည္။

ျပည္တြင္းပုိလွ်ံပဲမ်ားကုိ စားေသာက္ကုန္ပစၥည္းမ်ား အျဖင့္ထုတ္လုပ္ၿပီး အမ်ားျပည္သူစားသုံးမႈတုိးျမွင့္လာေအာင္ ေဆာင္ရြက္လာမႈမ်ားလဲ ရွိလာေၾကာင္းသိရွိရသည္။

ယဥ္ေကႏြယ္ (ေနျပည္ေတာ္)

 

နေပြည်တော်။ ဒီဇင်ဘာ ၆။ ၂၀၁၇။

ပြည်တွင်းရှိပိုလျှံပဲများကို ငွေကျပ် ၁၅ ဘီလီယံ သုံးစွဲပြီး ပဲစိုက်တောင်သူများထံမှ ဝယ်ယူသိုလှောင် သွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောသည်။

” တောင်သူတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက်ပေါက်စျေးက နိမ့်ကျမယ်ဆိုလို့ ဆိုလို့ ရှိရင် လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကော်မတီရဲ့ တာဝန်အဓိက ကျတယ်။ စီးပွားကူးသန်းကတော ဝယ်ယူဖို့ကို ၁၅ ဘီလီယံလောက် ဝယ်ဖို့အတွက် ကို ရထားပြီးပြီး ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဒါကိုဆောင်ရွက်နေပါတယ်” ဟု ဦးခင်မောင်လွက် ကပြောသည်။

ပြည်တွင်းမှ ထွက်ရှိသည့်ပဲများကို အိန္ဒိယနိုင်ငံ သို့ အများဆုံးတင်ပို့ရောင်းချခဲ့ရပြီး အိန္ဒိယနိုင်ငံ၏ ပဲတင်ပို့မှု မူဝါဒ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံမှ တင်ပို ့ခွင့်ရသည့် တန်ချိန်ပြည့် သည့်အတွက် ရပ်နားခဲ့ရခြင်းဖြစ်သည်။

နေပြည်တော် လယ်ဝေး မြို့နယ် စမတောင် လူငယ်ဖွံ့ ဖြိုးရေး ဥယျာဉ်၌ ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်တွင်းပဲစားသုံးမှုမြင့်တင်ရေး အခမ်းအနားအပြီးတွင် ဦးခင်မောင်လွင်မှဖြေကြားခဲ့ခြင်းဖြစ်သည်။

် ပြည်ပ ပဲ စျေးကွက်အသီးသီးသို့ ပင်လယ်ရေကြောင်းလိုင်းမှ မတ်ပဲကို တပတ်လျှင် တန်ချိန် ၁ သောင်းနှင့် ပဲစဉ်းငုံ ကို တပတ်လျှင် တန်ချိန် ၁၅၀၀ တင်ပို့နေကြောင်းသိရသည်။

လက်ရှိတွင် စျေးကွက်၌ မတ်ပဲစျေးနှုန်းပေါက်စျေးမှာ ငွေကျပ် ၅ သိန်းကျော် နှင့် ပဲစဉ်းငုံ စျေးနှုန်းပေါက်စျေးမှာ ငွေကျပ် ၃ သိန်းကျော်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းပိုလျှံပဲများကို စားသောက်ကုန်ပစ္စည်းများ အဖြင့်ထုတ်လုပ်ပြီး အများပြည်သူစားသုံးမှုတိုးမြှင့်လာအောင် ဆောင်ရွက်လာမှုများလဲ ရှိလာကြောင်းသိရှိရသည်။

ယဉ်ကေနွယ် (နေပြည်တော်)

Leave a Reply