မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရသည့် ဖောင်တော်ဦးဘကကျောင်းမှ ဆရာအား ဖမ်းမိ

0
145

မန္တလေး၊ မတ် ၁၁၊ ၂၀၁၈

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ကျောင်းမှ ဆရာတစ်ဦးကို မတ်လ ၁၀ ရက်နေ့က မုဒိမ်းမှုဖြင့် အမှုဖွင့် ထားပြီး မတ်လ ၁၁ ရက်နေ့ ညတေပိုင်းတွင် ဖမ်းဆီးရမိပြီးဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့ က သိရသည်။

“သူလာအဖမ်းခံတာမဟုတ်ပါဘူး ။ ကျွန်တော်တို့ ဖမ်းထားတာပါ ။ ကျန်တာတွေတော့ မရသေးပါဘူး။ ခုမှ စစ်နေတုန်းမလို့ပါ” ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

အမှုဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ် ဂေါဝိန်ဆိပ်ကမ်းကျူးကျော်တဲတွင် နေထိုင်သည့် ကိုမြင့်သူ (ခ) ဆင်ကြီးသည် ၄င်း၏ ဇနီးဖြစ်သူ သေဆုံး သွားသည့်အတွက် သမီးနှစ်ယောက်ကို ဖောင်တော်ဦးပရဟိတကျောင်းသို့ ကျောင်းအိပ် ကျောင်းစား ဖြင့်ပို့ခဲ့သည်။ ထို့နောက် ကိုမြင့်သူ (ခ) ဆင်ကြီး သည် ၂၀၁၆ ခုနှစ် သြဂုတ်လထဲတွင် နောက်အိမ်ထောင်ပြုပြီး ၄င်း၏ သမီး နှစ်ယောက်ကို ပြန်လည်ခေါ်ခဲ့သည်။

ကျောင်းဖွင့်သည့်အခါတွင် ယင်းကျောင်းသို့ ပြန်ပို့ရာ သမီးနှစ်ယောက်မှာ မပြန်လိုကြောင်းနှင့် မိဘများနှင့်သာနေလိုကြောင်း ၊ ကိုမြင့်သူ (ခ) ဆင်ကြီး ၏ သမီးနှစ်ယောက်ထဲမှ အသက် (၈) နှစ်အရွယ် တစ်ယောက်ကို ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ကျောင်းမှ ဆရာတစ်ဦးက ပါးစပ်ကို တိတ်ဖြင့် ပိတ်၊ လက်နှစ်ဖက်အား ကြိုးဖြင့်ချည်ပြီး မိန်းမကိုယ်အား တုတ်ဖြင့်ထိုးခြင်း ၊ ယောက်ျားတန်ဆာဖြင့် ထိုးခြင်းမျာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်က အဲ့ဒီပြဿနာဖြစ်ခဲ့တယ်။ အဲ့ဒီပြဿနာ ဖြစ်ခဲ့တော့ နှစ်ဘက်လုံးကို ခေါ်ယူစစ်ဆေးပြီးဖြစ်တယ်။ အဲ့ဒီအချိန်တုန်းက သာ တကယ်ဖြစ်မယ်ဆိုရင် ကျောင်းထဲမှာ ဆေးခန်းရှိတယ်။ သိရမှာပေါ့ ။ ခုမှ အဲ့သတင်းတွေက ပြန်ပွလာတယ်´´ ဟု ဖောင်တော်ဦး ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ယင်းအမှုတွင် ကိုမြင့်သူ(ခ) ဆင်ကြီးက တိုင်တန်းသည့်အတွက် ကျူးလွန် ခဲ့သူ သစ်ဦး (ခ) လှမျိုးဦး (ခ) တင်မြင့် (၃၅) နှစ် အား အမှတ်(၁) နယ်မြေခံ ရဲစခန်းတွင် (ပ) ၁၂၄/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၇၇/၃၄၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

နိုင်လင်းဦး

Leave a Reply