လီဝန်ဒေါစကီးကို ခေါ်မယ့်အသင်းတွေထဲမှာ မန်ယူအသင်း ပါဝင်လာကြောင်း သတင်းများထွက်ပေါ်

0
206

မတ် ၁၂၊ ၂၀၁၈

ရီးရဲမက်ဒရစ်နဲ့ ချယ်လ်ဆီးတို့က ခေါ်ယူမယ်လို့ သတင်းများ ထွက်ပေါ်နေ သော ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးကို ယခုအခါ မန်ယူအသင်းကပါ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းတွေ ထွက်ပေါ်လျှက်ရှိပါတယ်။

ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ လက သူရဲ့ အေးဂျင့်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့အတွက် ပြင်ဆင်နေတယ်လို့ သတင်းများက ဆိုပါတယ်။

ကစ်ကာသတင်းဌာနရဲ့ ဖော်ပြမှုအရ မန်ယူအသင်းဟာ င်္လ၀န်ဒေါစကီးကို ခေါ်ဖို့အတွက် ရေပန်းစားဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရီးရဲမက်ဒရစ်နဲ့ ချယ်လ်ဆီးတို့ကလည်း အဆိုပါ ပိုလန်ကစားသမားကို ခေါ်ယူဖို့ ကြိုးစားလျှက်ရှိပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့ရဲ့ ကစားသမားကို အသင်းမှာ ဆက်ရှိနေအောင် ထိန်းထားနိုင်မယ်လို့ ယုံကြည်လျှက်ရှိပါတယ်။

မန်ယူအသင်းဟာ လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် နည်းပြဖာဂူဆန် လက်ထက်ကတည်းက ကြိုးစားခဲ့ဖူးပြီး လီဝန်ဒေါစကီးဟာ ဒေါ့မွန်မှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ နည်းပြမော်ရင်ဟိုလက်ထက်မှာ ထပ်မံ ကြိုးစားလာခြင်းလည်း ဖြစ်ပါတယ်။

NN

Leave a Reply