ထိုင်းမင်းသမီး ဆုပန်​ကလျာရုပ်​တု ထားရှိမည့်​ နန်း​ဆောင်​​ဆောက်​လုပ်​လှူဒါန်းရန်​ ထိုင်းကုမ္ပဏီကမ်းလှမ်း

0
232

ပဲခူး၊ မတ်​ ၁၂၊ ၂ဝ၁၈

ကမ္ဘောဇသာဒီနန်တော်ဝင်း​အတွင်း ထားရှိမည့် ဘုရင်နောင် ရုပ်ထု လှူဒါန်း ခဲ့သည့်ထိုင်းနိုင်ငံအခြေစိုက် CAM ကုမ္ပဏီမှ ထိုင်းမင်းသမီးဆုပန်​ကလျာ ရုပ်တုအားထပ်မံ​ဆောက်လုပ်လှုဒါန်းရန်ကမ်းလှမ်းထား​ကြောင်း
ရှေး​ဟောင်း သု​နေသနနှင့်​အမျိုးသားပြတိုက်​ဦးစီးဌာနမှ သတင်းရရှိသည်​။

ယင်းအဆောက်အဦးပုံစံကိုပဲခူးတိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အသင်းတွဲဖက်အတွင်းရေးမှူးမှရေးဆွဲပေးခဲ့ပြီး၎င်းရေးဆွဲပေးထားသည်ပုံစံအတိုင်းဆောက်လုပ်ခွင့်ပြုပါကအဆောက်အဦး၏ကုန်ကျစရီတ်အားလုံးကိုလှူဒါန်းသွာမည်ဖြစ်သည်ဟုCAMကုမ္မဏီမှရှေးဟောင်းသုသေသနဌာနသို့ကမ်းလှမ်းခြင်းဖြစ်သည်။

ထိုင်းမင်းသမီးဆုပန်ကလျာရုပ်တုကိုနဝတ၊ နအဖနှင့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အများပြည်သူကြည့်ရှုခွင့် ပိတ်ပင်ထားပြီး ယခု NLD အစိုးရသစ် လက်ထက်တွင် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်း၏ ညွှန့်ကြားချက်ဖြင့်အများပြည်​သူများအားကြည့်ရှုခွင့်ပြုခြင်းဖြစ်သည်။

” ‎ဆုပန်ကလျာရုပ်ထုရယ် မိဘုရားခေါင်ခင်ခင်ကြီး ရုပ်ထုတွေကို သီးခြား နန်းဆောင်တစ်ခုစီနဲ ကမ္ဘောဇသာဒီနန်း တော်ရာဝန်းမှာပြသသွား မယ်”ဟု​ရှေး​ဟောင်းသု​တေသနနှင့်​ အမျိုးသားပြတိုက်​ဦးစီးဌာနမှ တိုင်းညွှန်​ကြား​ရေးမှူးဦးညိုမြင့်​ထွန်းက ​ပြောသည်​။

‎ထိုင်းနိုင်ငံအခြေစိုက်CAMကုမ္မဏီသည် ‎လက်ဂိုင်းထွန်စက် ထယ်ဘန်း များနှင့် လယ်ယာသုံး ဆက်စပ်ပစ္ဓည်းများကို EDCကုမ္မဏီမှ တဆင့်မြန်မာ နိုင်င်ငံသို တင်သွင်းလျက်ရှိပြီး EDCကုမ္မဏီမှာပဲခူး ဘုရားကြီးတို့ တွင် လယ်ယာသုံး ပစ္ဓည်းအရောင်းပြခန်းဖွင့်လှစ်ထားသည်။

“‎ဆုပန်ကလျာန်းဆောင်တစ်ခုထဲအတွက်တော့မဟုတ်ဘူး။ ကမ္ဘောဇသာဒီ နန်းတော်ဝင်း အတွက်လို့ အပ်မယ့်ဟာတွေကို ဆက်လက် လှူဒါန်း သွားမယ်”ဟုCAMကုမ္မဏီမှမစ္ဓတာရန်တပိုက ဘာသာပြန်​မှ တဆင့်​ပြောကြားသည်။

ဆုပန်ကလျာရုပ်ထုကို အများပြည်သူ အားကြည့်ရှုခွင့်ပေးမည်ဆိုလျှင်
ဒေသတွင်းခရီးသွားလုပ်ငန်း တိုးတက်လာလိမ့်မည်​ဟု ပဲခူးတိုင်းပြည်ခိုင်ဖြိုး ပါတီဥက္ကဌဦးစောမော်ထွန်းက ​မှတ်​ချက်​​ပေးသည်​။

အထက်​ပါ ထိုင်းမင်းသမီးဆုပန်​ကလျာရုပ်​တုကို ‎ပဲခူးတိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတွဲဖက်အတွင်းရေးမှူးက ဒီဇိုင်း​ရေးဆွဲ​ပေးခဲ့ခြင်း ဖြစ်​​ကြောင်း ​ရှေးသုထံမှသိရသည်​။ အဆိုပါဒီဇိုင်းပညာရှင်သည် ငလျင်​ကြောင့် ပြို ပျက်သွားသောပုဂံရှေး​ဟောင်းဘုရားများ ပြန်လည် ပြုပြင်ရေးလုပ်ငန်းများတွင် နည်းပညာ အကူအညီပေးလျက်ရှိပြီး ယူနက် စကိုအသိအမှတ်ပြုလက်မှတ်ရရှိထားသူတစ်ဦးဖြစ်သည်။

တိုင်း​ဒေသကြီးအစိုးရထံမှ ‎နန်းဆောင်လှူဒါန်း ခွင့်ပြုပါက တစ်လခွဲအတွင်း အပြီးတည် ဆောက် လှူဒါန်းသွားအည်ဟုCAMကုမ္မဏီတာဝန်​ရှိသူများက ဆိုသည်​။

မိုး​မြေ

Leave a Reply