(၂) နှစ် (၅) လ အရွယ်ကလေးငယ်ကို မုဒိမ်းပြုကျင့်သူအား ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေး

0
165

မန္တလေး၊ မတ် ၁၂၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဝန်စုကျေးရွာ တွင်ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်ခံရသော (၂) နှစ် (၅) လ အရွယ်ကလေးငယ် သေဆုံးခဲ့မှုတွင် ကျူးလွန်သူကို မတ်လ ၁၂ ရက်နေ့က ပြင်ဦးလွင် ခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယင်းအမှု ဖြစ်ပွားသည့်နေ့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြစ်ပြီး ကလေး မိဘများသည် ကျေးရွာအနီးရှိ တောတန်းတစ်ခုတွင် လှည်းဖြင့် ထင်းခုတ် သွားသည့်နေရာသို့ ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့ကာ တောတန်း အနီးမှ မိတ်ဆွေ မိသားစုတစ်ခုထံ အပ်နှံထားခဲ့ရာမှ ကလေးငယ်မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးသွားသည့်ကလေးငယ်ကို လိုက်လံရှာဖွေရာတွင် လယ်ကွင်းတစ်ခု၌ ဖြိုးထက်အောင် (၂၅) နှစ်က သားမယားပြုကျင့်နေသည်ကို ယင်းကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး အော်ဟစ်အကူအညီတောင်းခဲ့ရာ ကျူးလွန်သူမှာ ထွက်ပြေး သွားခဲ့သည် ။ ထို့နောက်သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ ကျူးလွန်သူအား ဘောင်ကြီးတံတားချောင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“အနှစ်နှစ်ဆယ် အများဆုံးထောင်ချရတယ်လို့တော့ သိရတယ်။ ဖြစ်စေချင် တာကတော့ အနှစ်လေးဆယ် ငါးဆယ် ချပြီး တိုက်ပိတ်ထားစေချင်တယ် ။ ကျွန်မသမီးလေးက နှစ်နှစ်နဲ့ ငါးလပဲရှိသေးတယ် ဘယ်လောက် ခံစား လိုက်ရမလဲ။ နောက်ပြီး အဲ့ဒီလူလွတ်လာရင် ကျွန်မပိုပြီး ခံစားရမှာ သေတာထက် ခံစားရမှာ”ဟု ကျူးလွန်ခံရသည့် ကလေး၏ မိခင်ဖြစ်သူ ဒေါ်လှိုင်ဇင်မြင့် က ပြောသည်။

ထိုသို့ မုဒိမ်းကျင့်ခံရသော (၂) နှစ် (၅) လ အရွယ်ကလေးငယ် သေဆုံး ခဲ့မှုနှင့် ပတ်သတ်၍ ကျူးလွန်သူအား သေဒဏ်ချပေးရေးအတွက် ဖေဖော် ဝါရီလထဲက မတ္တရာမြို့ပေါ်တွင် လူအင်အား ထောင်နှင့်ချီကာ ဆန္ဒပြ ခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး မတ်လ ၁၅ ရက်နေ့တွင် ရှေ့ပါဝါတင်ကာ ၁၆ ရက်နေ့တွင် ကြားနာစစ်ဆေးမှုပြုလုပ်မှာဖြစ်ပြီး သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးရေးလှုပ်ရှားမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

ပုံ – ကိုသန်းလွင်

Leave a Reply