အသက် ၁၄ နှစ်အရွယ် မန်ယူပရိသတ်ကလေးငယ်တစ်ဦးကို တံတွေးဖြင့်ထွေးခဲ့တဲ့ လီဗာပူးလ်ကစားသမားဟောင်း

0
168

မတ် ၁၂ ၊ ၂၀၁၈

လီဗာပူးလ်ကစားသမားဟောင်း ဂျေမီကာရေဂါဟာ မန်ယူ ၂-၁ လီဗာပူးလ်ပွဲစဉ်အပြီးမှာ သူ့ကို စနောက်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် မန်ယူပရိသတ်ကလေးငယ်တစ်ဦးကို တံတွေးဖြင့် ထွေးခဲ့ပါတယ်။

ကာရေဂါဟာ အာကစားသတင်းဌာနတစ်ခုဖြစ်တဲ့ စကိုင်းစပေါ့ သတင်းဌာနမှာ အစီအစဉ်ကြေညာသူအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူဟာ လန်းရိုဗာကားကို မောင်းနှင်လာစဉ်မီးပွိုင်တစ်ခု၌ ကျောင်သူလေးတစ်ဦးမှ ဂျေမီရေ ကံမကောင်းဘူးကွယ် ၂-၁ ဟုဆိုကာ ကာရေဂါကို စနောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စနောက်ခံရမှုအတွက် ကာရေဂါဟာ စိတ်ဆိုးဒေါသထွက်ကာ ကလေးငယ်အား ကားပေါ်မှ တံတွေးဖြင့် လှမ်းထွေးခဲ့ခြင်း ဖြစ်သည်။ သူ့၏ လုပ်ရပ်ဗီဒီယိုဖိုင်သည် အင်တာနက်တွင် အချိန်တိုအတွင်း ပျံ့နှံ့ခဲ့ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ ယခုအခါ ကာရေဂါဟာ သူ၏ ပြုမူခဲ့မှုအတွက် ကလေးငယ်အား ပြန်လည်တောင်းပန်ခဲ့ပါတယ်။

တံတွေးဖြင့်အထွေးခံရတဲ့ ကျောင်းသူလေးဟာ ကာရေဂါရဲ့ ပြန်လည်တုန့်ပြန်မှုအတွက် ငိုယိုခဲ့ပြီး သူ့အနေနဲ့ ဘယ်သူ့ကိုမှ ယခုကဲ့သို့ မဆက်ဆံခဲ့ကြောင်း ၊ ကာရေဂါအနေနဲ့ ဘာကြောင့် ယခုလို တုန့်ပြန်ရသလဲ နားမလည်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ဒါ့အပြင် အဆိုပါကလေးမလေး၏ ကျောင်းတွင် ကာရေဂါရဲ့ တုန့်ပြန်ခဲ့မှုကို ခံခဲ့ရတဲ့ ကျောင်းသူလေးအပေါ် လှောင်ပြောင်မှုတွေလည်း ရှိလာခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်တွေကို ကျောင်းသူလေးကြုံတွေ့နေရချိန်မှာ ကာရေဂါဟာ သူ့ရဲ့ အပြုအမူအတွက် အနူးအညွှတ် တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။လက်ရှိအွန်လိုင်းမှာတော့ လီဗာပူးလ် ကစားသမားဟောင်း ကာရေဂါရဲ့ အပြုအမူအတွက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

NN

Leave a Reply