လင္းေႁမြ အေကာင္ ၈၀၀ ေက်ာ္ ဖမ္းဆီးရမိ

0
229

မႏၲေလး။ ဒီဇင္ဘာ ၆၊ ၂၀၁၇

မႏၲေလးတိုင္း ေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္ ေရႊစာရံေက်းရြာအနီးရွိ ၁၆ မိုင္ စစ္ေဆးေရးဂိတ္တြင္ ဒီဇင္​ဘာလ ၅ ရက္ေန႔က လင္းေႁမြအေကာင္ (၈၀၀) ေက်ာ္ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕က သိရသည္ ။

၁၆ မို္ုင္စစ္ေဆးေရးဂိတ္တြင္ အဖြဲ႔စံုက စစ္ေဆးမႈမ်ားျပဳလုပ္ေနစဥ္ မႏၲေလးမွ ေမၿမိဳ႕သို႔ သြားမည့္ ယာဥ္ေမာင္း ေမာင္စံဝင္း ႏွင့္ ေမာင္မ်ိဳးဦး(ခ) ေထာ့စမ္းတို႔ ေမာင္းႏွင္လာေသာ ယာဥ္ေပၚတြင္​ သစ္သီးထည့္ပလတ္စတစ္ျခင္းအတြင္း ထည့္ထားသည့္ လင္းေႁမြမ်ားကို စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္သည္ ။

ဖမ္းဆီးရမိသည့္ေႁမြမ်ားကို ရတနာပံုတိရိစာၦန္ဥယ်ာဥ္တြင္ အပ္ႏွံထားၿပီး စစ္ေဆးၾကည့္ရာ လင္းေႁမြ အရွင္ ၈၂၀ ေကာင္ နဲ႔ အေသ ၅ ေကာင္ စစ္ေဆးေတြ႕ရွိခဲ့သည္ ။

ထို႔ေနာက္ ေတာအုပ္သန္းဝင္းထြန္း၏ တိုင္တန္းခ်က္အရ ယာဥ္ေမာင္း ေမာင္စံဝင္း ႏွင့္ ေမာင္မ်ိဳးဦး(ခ) ေထာ့စမ္းတို႔ကို တိရိစာၦန္ႏွင့္ သဘာဝအပင္မ်ားကာကြယ္ေရးႏွင့္ သဘာဝနယ္ေျမမ်ားထိန္းသိမ္းေရး ဥပေဒပုဒ္မ ၃၆ – က အရ အုန္းေခ်ာနယ္ေျမခံရဲစခန္းမွ အဖြင့္ထားေၾကာင္း သိရသည္ ။

ႏိုင္လင္းဦး

 

မန္တလေး။ ဒီဇင်ဘာ ၆၊ ၂၀၁၇

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအနီးရှိ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဒီဇင်​ဘာလ ၅ ရက်နေ့က လင်းမြွေအကောင် (၈၀၀) ကျော်ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရသည် ။

၁၆ မို်ုင်စစ်ဆေးရေးဂိတ်တွင် အဖွဲ့စုံက စစ်ဆေးမှုများပြုလုပ်နေစဉ် မန္တလေးမှ မေမြို့သို့ သွားမည့် ယာဉ်မောင်း မောင်စံဝင်း နှင့် မောင်မျိုးဦး(ခ) ထော့စမ်းတို့ မောင်းနှင်လာသော ယာဉ်ပေါ်တွင်​ သစ်သီးထည့်ပလတ်စတစ်ခြင်းအတွင်း ထည့်ထားသည့် လင်းမြွေများကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည် ။

ဖမ်းဆီးရမိသည့်မြွေများကို ရတနာပုံတိရိစ္ဆာန်ဥယျာဉ်တွင် အပ်နှံထားပြီး စစ်ဆေးကြည့်ရာ လင်းမြွေ အရှင် ၈၂၀ ကောင် နဲ့ အသေ ၅ ကောင် စစ်ဆေးတွေ့ရှိခဲ့သည် ။

ထို့နောက် တောအုပ်သန်းဝင်းထွန်း၏ တိုင်တန်းချက်အရ ယာဉ်မောင်း မောင်စံဝင်း နှင့် မောင်မျိုးဦး(ခ) ထော့စမ်းတို့ကို တိရိစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၆ – က အရ အုန်းချောနယ်မြေခံရဲစခန်းမှ အဖွင့်ထားကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply