ဘုန်းမောက်စ်နဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း

0
152

မတ် ၁၂ ၊ ၂၀၁၈

စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ ယခုတစ်ပတ်အတွင်း ကစားခဲ့တဲ့ ဘုန်းမောက်စ် ၁-၄ စပါး ပွဲစဉ်မှာ ဘုန်းမောက်စ် ဂိုးသမား ဗီကိုဗစ်နဲ့ ထိခိုက်မိပြီး ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။

ဟာရီကိန်းဟာ အဆိုပါပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ပွဲအပြီးမှာ ချိုင၉်းထောက်ကို အသုံးပြုပြီး လမ်းလျှောက်ခဲ့ရပါတယ်။ ဟာရီကိန်းအနေနဲ့ ယခုကဲ့သို့ ဒဏ်ရာရရှိခဲ့တာဟာ အင်္ဂလန်အသင်းအတွက် ချွေးပြန်စေခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ဟာရီကိန်းရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေ ပြုလုပ် ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ပြန်လည်သက်သာစေဖို့အတွက် ဆောင်ရွက်လျှက်ရှိပါတယ်။အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ချစ်ကြည် ရေးပွဲအဖြစ် နယ်သာလန် ၊ အီတလီတို့နဲ့ ကစားဖို့ အတွက် အင်္ဂလန် အသင်းရဲ့ လူစာရင်းကို ရွေးချယ်ရတော့မှာ ဖြစ်ပြီး ဟာရီကိန်းအနေနဲ့ အဆိုပါ ပွဲစဉ်တွေမှာ ပါဝင်နိုင်ဖွယ် မရှိတော့ဘူးလို့ သိရပါတယ်။

ဟာရီကိန်းဟာ ယမန်နှစ်ကလည်း ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ၁၄ပွဲခန့် အနားယူခဲ့ရပါတယ်။ ယခု တစ်နှစ်အကြာမှ ယခင်ကဲ့သို့ ဒဏ်ရာ ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။ စပါးနည်းပြ ပိုချက်တီနိုအနေဖြင့် တိုက်စစ်မှူး ဟာရီကိန်း ဒဏ်ရာရရှိမှု ၊ တိုက်စစ်မှူး အလီ ဒဏ်ရာရရှိမှုတို့ကြောင့် တိုက်စစ်အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေရပြီ ဖြစ်သလို ဟာရီကိန်းရဲ့ ဒဏ်ရာအတွက် အလွန်အမင်း စိုးရိမ်နေတယ်လို့လည်း သိရပါတယ်။

ဟာရီကိန်းရရှိခဲ့တဲ့ ဒဏ်ရာဟာ ယခင်ဒဏ်ရာဟောင်းကို ထပ်မံထိခိုက် ခဲ့တာ ဖြစ်တဲ့အတွက် လိုအပ်ပါက ခွဲစိတ်ကုသမှုတွေ ခံယူရဖို့ ရှိနေပါတယ်။

NN

Leave a Reply