က်ဴးမ်ားကို စီမံခ်က္မ်ား စနစ္တက် ေရးဆြဲ၍ ဖယ္ရွားရန္ တိုက္တြန္းေၾကာင္း အဆိုကို လႊတ္ေတာ္သို႔ တင္သြင္း

0
181

မႏၲေလး။ ဒီဇင္ဘာ ၆။၂၀၁၇။

မႏၲေလးၿမိဳ႕အတြင္း အမ်ားသူငွာပိုင္ဆိုင္ေသာ ေျမကြက္လပ္မ်ား ၊ လမ္းေျမ ၊ တာဝါတိုင္ေအာက္ ၊ ေရဆိုးျပစ္ေျမာင္းေဘး ႏွင့္ သံလမ္းေဘးတို႔တြင္ က်ဴးေက်ာ္ေနထိုင္တဲ့သူမ်ားကို ၿမိဳ႕ျပအဂၤါရပ္နဲ႔ ညီၫႊတ္ေစရန္ စီမံခ်က္မ်ား စနစ္တက် ေရးဆြဲ၍ ဖယ္ရွားရန္ တိုက္တြန္းေၾကာင္း အဆိုကို လႊတ္ေတာ္သို႔ ဒီဇင္ဘာလ (၆) ရက္ေန႔က တင္သြင္းခဲ့ပါသည္ ။

ယင္းအဆိုကို ခ်မ္းျမသာစည္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုးက တင္သြင္းခဲ့ၿပီး မတၱရာၿမိဳ႕နယ္မွ တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းမင္းက ေထာက္ခံခဲ့အတြက္ လႊတ္ေတာ္မွာ ဆက္လက္ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္ ။

“က်ဴးျပႆနာက ခုမရွင္းလည္း ေနာင္ရွင္းရမယ္ ။ တကယ္မရွိလို႔ က်ဴးတဲ့သူထက္ စီးပြားျဖစ္က်ဴးေတြကို အဓိကထားရွင္းရမယိ ။ ကြ်န္ေတာ့အေနနဲ႔လည္း အမ်ားျပည္သူ ေထာက္ခံအားက်သြားႏိုင္တယ္ ။ လက္ရွိၾကံဳေတြ႕ေနတဲ့ က်ဴးျပႆနာေတြကို ကြ်န္ေတာ္တို႔လာေျပာၾကတယ္ ။ ကြ်န္ေတာ္တို႔က ဘာမွေဆာင္ရြက္ေပးလို႔မရဘူး ။ ဒါ့ေၾကာင့္ အဆိုတင္လိုက္တာ ။” ဟု ခ်မ္းျမသာစည္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုးက ေျပာသည္ ။

က်ဴးေက်ာ္မ်ားေၾကာင့္ ဖြံ႔ၿဖိဳးတိုးတက္ရာတြင္ အေႏွာက္အယွက္မ်ားျဖစ္ေစသလို တရားဥပေဒစိုးမိုးေရးမွာလည္းအေႏွာက္အယွက္ျဖစ္ေၾကာင္း သူကပဲ ထပ္မံေျပာၾကားခဲ့ပါသည္ ။

မႏၲေလးၿမိဳ႕တြင္ က်ဴးေက်ာ္ေနထိုင္သူမ်ားကို ေျမယာမ်ားေပးျခင္း အငွားအိမ္ယာမ်ားေဆာင္ရြက္ေပးျခင္း စသည္တို႔ကို ေဆာင္ရြက္ေပးခဲ့ေပမယ့္ က်ဴးေက်ာသူမ်ားအေနျဖင့္ ျပန္လည္ေရာင္းခ်ျခင္းမ်ားျပဳလုပ္ၾကေၾကာင္း သိရသည္ ။

ႏိုင္လင္းဦး

 

မန္တလေး။ ဒီဇင်ဘာ ၆။၂၀၁၇။

မန္တလေးမြို့အတွင်း အများသူငှာပိုင်ဆိုင်သော မြေကွက်လပ်များ ၊ လမ်းမြေ ၊ တာဝါတိုင်အောက် ၊ ရေဆိုးပြစ်မြောင်းဘေး နှင့် သံလမ်းဘေးတို့တွင် ကျူးကျော်နေထိုင်တဲ့သူများကို မြို့ပြအင်္ဂါရပ်နဲ့ ညီညွှတ်စေရန် စီမံချက်များ စနစ်တကျ ရေးဆွဲ၍ ဖယ်ရှားရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ ဒီဇင်ဘာလ (၆) ရက်နေ့က တင်သွင်းခဲ့ပါသည် ။

ယင်းအဆိုကို ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက တင်သွင်းခဲ့ပြီး မတ္တရာမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ထောက်ခံခဲ့အတွက် လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည် ။

“ကျူးပြဿနာက ခုမရှင်းလည်း နောင်ရှင်းရမယ် ။ တကယ်မရှိလို့ ကျူးတဲ့သူထက် စီးပွားဖြစ်ကျူးတွေကို အဓိကထားရှင်းရမယိ ။ ကျွန်တော့အနေနဲ့လည်း အများပြည်သူ ထောက်ခံအားကျသွားနိုင်တယ် ။ လက်ရှိကြုံတွေ့နေတဲ့ ကျူးပြဿနာတွေကို ကျွန်တော်တို့လာပြောကြတယ် ။ ကျွန်တော်တို့က ဘာမှဆောင်ရွက်ပေးလို့မရဘူး ။ ဒါ့ကြောင့် အဆိုတင်လိုက်တာ ။” ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည် ။

ကျူးကျော်များကြောင့် ဖွံ့ဖြိုးတိုးတက်ရာတွင် အနှောက်အယှက်များဖြစ်စေသလို တရားဥပဒေစိုးမိုးရေးမှာလည်းအနှောက်အယှက်ဖြစ်ကြောင်း သူကပဲ ထပ်မံပြောကြားခဲ့ပါသည် ။

မန္တလေးမြို့တွင် ကျူးကျော်နေထိုင်သူများကို မြေယာများပေးခြင်း အငှားအိမ်ယာများဆောင်ရွက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ပေမယ့် ကျူးကျောသူများအနေဖြင့် ပြန်လည်ရောင်းချခြင်းများပြုလုပ်ကြကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply