ယာဉ်မတော်တဆဖြစ်မှုကြောင့်လူ ၇ဦးသေဆုံးခဲ့သည့် မင်းမင်းဦး ဇာတ်အဖွဲ့အား MNL အသင်းပိုင်ရှင်များနှင့် ဘောလုံးအဖွဲ့ချုပ်မှ ကျပ်သိန်း ၁၅၀ ပေးအပ်မည်

0
215

ရန်ကုန် ၊ မတ် ၁၃ ၊ ၂၀၁၈

ယာဉ်မတော်တဆမှုကြောင့် လူ (၇)ဦးသေဆုံးခဲ့ပြီး ၁၆ဦးဒဏ်ရာရရှိခဲ့သည့် မန္တလေးမြို့အခြေစိုက် မင်းမင်းဦးဇာတ်အဖွဲ့အား လူသားခြင်း စာနာ ထောက် ထားသည့်အနေဖြင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ပိုင်ရှင်များနှင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦး ဇော်ဇော်တို့မှ ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀အားပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

MNLအသင်းပိုင်ရှင် ၁၂ဦးမှ ငွေကျပ် ၁၀သိန်းစီနှင့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်မှ ငွေကျပ်သိန်း ၃၀ကိုပေးအပ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၉ရက်နေ့ ကလားရှိုး – နောင်ချို ကားလမ်းပေါ်တွင် မင်းမင်းဦး ဇာတ်အဖွဲ့စီးနင်းလိုက်ပါသည့် ကားသည် ဘရိတ်ပေါက်ကာ လမ်းဘေး ရှိမြေသားနံရံအားဝင်တိုက်မိရာမှ တိမ်းမှောက်ခဲ့ပြီး ဇတ်အဖွဲ့သားများ သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများနှင့် ကျန်ရစ်သူမိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိသူများအတွက် လူသားခြင်းစာနာထောက်ထားသောအား ဖြင့်လည်းကောင်း ၊ အဆိုပါ ဇာတ်သဘင်အဖွဲ့မှ စစ်ကိုင်းယူနိုက်တက်အသင်းပိုင်ရှင် ဦးချစ်မျိုးထိုက် (မင်းသားဖိုးချစ်)မှာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းပိုင်ရှင် တစ်ဦးဖြစ်နေသည့်အတွက် ဘောလုံးလောကသားများက ကျန်ရစ်သူမိ သားစုများအတွက် တစ်စိတ်တစ်ပိုင်း ခွန်အားဖြစ်စေရန်နှစ်သိမ့် အားပေး လိုသည့်အတွက် ထောက်ပံ့ငွေစုပေါင်းပေး အပ်ရခြင်းဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်ကသတင်းထုတ်ပြန်သည်။

အဆိုပါစုပေါင်းပေးအပ်ငွေ သိန်း ၁၅၀ ကို စစ်ကိုင်းယူနိုက်တက် အသင်း ပိုင်ရှင် ဦးဖိုးချစ်မှတဆင့် ပေးအပ်လှူဒါန်းသွား မည်ဖြစ်ကြောင်းသိရသည်။

ကိုဥာဏ်

Leave a Reply