နယူးကာဆယ်ကို ဂိုးပြတ်ရှုံးပြီးနောက် ဆောက်သမ်တန်နည်းပြ အထုတ်ခံရ

0
188

မတ် ၁၃ ၊ ၂၀၁၈

ဆောက်သမ်တန် အသင်းဟာ ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ တစ်ပွဲသာ ရှာဖွေပေးနိုင်ခဲ့တဲ့ နည်းပြ ပယ်လီဂရီနိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ယခုတစ်ပတ်မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၃-၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။သည့်နောက်မှာတော့ ဆောက်သမ်တန်အသင်းဟာ ရလဒ်တွေ ဆိုးရွားနေတဲ့ နည်းပြ ပယ်လီဂရီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြအသစ်တစ်ဦးကို ထပ်မံရှာဖွေလျှက်ရှိပါတယ်။

ယခုကဲ့သို့ နည်းပြချုပ်ကို ထုတ်ပယ်ခဲ့သော်လည်း အသင်းရဲ့ လက်ထောက်နည်းပြတွေကတော့ အသင်းမှာ ဆက်ရှိနေမယ်လို့ သိရပါတယ်။တစ်ဆက်ထဲမှာပဲ နည်းပြအသစ်ကို မကြာခင်မှာ ခန့်အပ်သွားမယ်လို့ ဆောက်သမ်တန်အသင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၅ ပွဲသာ ရရှိထားပြီး ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ရဲ့ နောက်ဆုံးနိုင်ပွဲကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ ၀က်စ်ဘရွန်းကို ၃-၂ နဲ့ နိုင်တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ FA ဖလားပြိုင်ပွဲမှာလည်း ကွာတား ဖိုင်နယ်အဆင့်အထိ တက်လှမ်းထားပါတယ်။ သို့သော်လည်း ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲမှာတော့ တန်းဆင်းဇုန်နဲ့ နီးကပ်တဲ့ အနေအထားကို ရောက်နေပါတယ်။

NN

Leave a Reply