အာရှဖလားခြေစစ်ပွဲအတွက် မြန်မာလက်ရွေးစင် အသင်းအပြီး သတ်လူစာရင်း ထုတ်ပြန်

0
179

ရန်ကုန် ၊ မတ် ၁၃ ၊ ၂၀၁၈

တောင်ကိုရီးယားနိုင်ငံ ၊အင်ချွန်းမြို့တွင် မတ်လ ၂၂ရက်နေ့တွင် ကာဂျစ်စ္စတန်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့် မြန်မာ လက်ရွေးစင် အသင်းအပြီးသတ် ကစားသမားစာရင်းကို နည်းပြချုပ် ဂတ်ဆီဇီက မတ်လ၁၃ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

အသင်း၏လူစာရင်းတွင် ထိုင်းပရီးမီးယားလိဂ်တွင် သွားရောက် ကစား နေသည့် ကျော်ကိုကိုနှင့် အောင်သူတို့ပါဝင်လာ ပြီး မြန်မာနေရှင်နယ် လိဂ်တွင်ခြေစွမ်းပြကစားနေသည့် လူငယ်ကစားသမားများဖြစ်သည့် အီစိုး ၊ ကျော်ဇင်ဦး (ရန်ကုန် ယူနိုက်တက်) ၊ လွင်မိုးအောင်(အားကာ) ၊ကျော်စွာလင်း (မကွေး) တို့ လက်ရွေးစင်အသင်း၏လူစာရင်းတွင်ပထမဆုံး အကြိမ်ပါဝင်လာသည်။

မြန်မာလက်ရွေးစင်အသင်းသည် မတ်လ ၁၄၇က်နေ့တွင်စတင်စုဖွဲ့ပြီး မတ်လ ၁၅ရက်နေ့တွင် အင်ချွန်းမြို့သို့ထွက် ခွာမည်ဖြစ်ကာ ကျော်ကိုကိုနှင့်အောင်သူတို့မှာ မတ်လ ၁၉ရက်နေ့တွင် အသင်းနှင့် လာရောက်ပူးပေါင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မတ်လ ၂၂ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ(၁၂း၃၀)အချိန်တွင် အင်ချွန်းစီး တီးကွင်းတွင်ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်ကို MRTVနှင့် For Sport ရုပ်သံလိုင်းများမှပြသသွားမည်ဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းသည် ကာဂျစ်စ္စတန်အသင်းနှင့် ယှဉ်ပြိုင် ကစားပြီးပါက အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မကာအိုအသင်းအား မတ်လ ၂၇ ၇က်နေ့တွင် ရန်ကုန်မြို့ ၊သုဝဏ္ဏဘောလုံးကွင်းတွင် လက်ခံ ယှဉ်ပြိုင်ကစားရ မည်ဖြစ်ကာ အဆိုပါပွဲစဉ်အတွက် ရိုးရိုးတန်း ၁၀၀၀ကျပ် (တောင်/မြောက်ပွဲကြည့်စင်) ၊ အရှေ့ဘက်တန်း ၂၀၀၀ ကျပ် နှင့် အထူးတန်း ၃၀၀၀ ကျပ်သတ်မှတ် ထားကြောင်းဘောလုံး အဖွဲ့ချုပ် ကထုတ်ပြန်ထားသည်။

မြန်မာအသင်းသည် အုပ်စု (က)တွင် အိန္ဒိယအသင်းမှာ လက်ကျန် တစ်ပွဲသာကျန်ရှိသော်လည်း ရမှတ် ၁၃မှတ်နှင့် ခြေစစ်ပွဲအောင်မြင် ခဲ့ပြီဖြစ်ပြီး ကာဂျစ်စတန်အသင်းက ၂ပွဲကျန် ရမှတ် ၇ မှတ်ဖြင့် ဒုတိယ ၊ မြန်မာအသင်းမှာ၂ပွဲကျန် ရမှတ် ၅ မှတ်ဖြင့် အုပ်စုတတိယနေရာရရှိနေပြီး ခြေစစ်ပွဲအောင်မြင်ရန်အတွက် ကာဂျစ်စ္စတန်အသင်းနှင့် မကာအို အသင်းတို့ကို အနိုင်ရရှိရန်လိုအပ်နေသည်။

ကိုဥာဏ်

မြန်မာလက်ရွေးစင်အသင်းလူစာရင်း

ဂိုး
သီဟစည်သူ (ရှမ်းယူနိုက်တက်) ၊ ကျော်ဇင်ထက် ၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)

နောက်တန်း

ကျော်ဇင်လွင် ၊ ကျော်စွာလင်း (မကွေး) ၊ ဇော်မင်းထွန်း ၊ ဒေးဗစ်ထန် (ရန်ကုန်ယူနိုက်တက်) ၊ ထိုက်ထိုက်အောင် ၊ ၀င်းမင်းထွဋ် (ရှမ်းယူနိုက်တက်)

အလယ်တန်း

သိန်းသန်းဝင်း ၊ လှိုင်းဘိုဘို ၊ စည်သူအောင် (ရတနာပုံ) ၊ ရန်နိုင်ဦး ၊ တင်ဝင်းအောင် (ရှမ်းယူနိုက်တက်) ၊ ကျော်ဇင်ဦး ၊ ရန်အောင်ကျော် ၊ ကြည်လင်း ၊ မောင်မောင်လွင် (ရန်ကုန်ယူနိုက်တက်) ၊ လွင်မိုးအောင် (အားကာ)

ရှေ့တန်း

ကျော်ကိုကို (CHANG RAI) ၊ အောင်သူ (POLICE TERO) ၊ ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်) ၊ အီစိုး (ရန်ကုန်ယူနိုက်တက်)

Leave a Reply