မြစ်​မခမြစ်​​ရေတိုက်​စားမှု​ကြောင့်​ သာယာဝတီ မြို့နယ်​မှ ​ကျေးရွာသုံးရွာ ကမ်းပြိုအန္တရာယ်​ ရင်​ဆိုင်​​နေရဟု လွှတ်​​တော်​အမတ်​​ပြော

0
148

ပဲခူး၊ မတ်​ ၁၃၊ ၂ဝ၁၈။

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဂတီမြို့နယ်​အတွင်းရှိ ​ကျေးရွာသုံးရွာသည်​ မြစ်​မခမြစ်​​ရေတိုက်​စားမှု​ကြောင့်​ ကမ်းပြိုအန္တရာယ်​နှင့်​ပိုမိုရင်​ဆိုင်​ကြုံ​တွေ့ လာ​နေရ​ကြောင်း သာယာဝတီမဲဆန္ဒနယ်​အမှတ်​(၁)မှ တိုင်းလွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်ခင်​မူမူက​ပြောသည်​။

အဆိုပါ​ကျေးရွာများသည်​ မြစ်​မခမြစ်​​ဘေးတွင်​တည်​ရှိသည့်​ စံ​ရွေး၊ မာလကာကုန်းနှင့်​ ​ညောင်​သာယာ​ကျေးရွာတို့ဖြစ်​ပြီး အိမ်​​ထောင်​စု ၈၃၁ ရှိကာ လူဦး​ရေ ၃၇၁၈ ဦး​နေထိုင်​​ကြောင်း ၎င်းက ဆိုသည်​။

“ကျွန်​မရဲ့မဲဆန္ဒနယ်​ထဲမှာရှိတဲ့အဲဒီ​ကျေးရွာ​တွေဟာ နှစ်​စဉ်​လိုကမ်းပြိုဒဏ်​ကိုခံ​နေရတယ်​။ ဒါနဲ့ပတ်​သက်​ပြီး တိုင်း​ဒေသကြီးအစိုးရအ​နေနဲ့ ခုလိုမျိုး ပွင့်​လင်းရာသီမှာ ကြိုတင်​ပြင်​ဆင်​မှု​တွေပြုလုပ်​​ပေးဖို့အတွက်​ သက်​ဆိုင်​ရာတာဝန်​ရှိသူ​တွေထံကို တင်​ပြထားပါတယ်​”ဟု ​ဒေါ်မူမူခင်​က ​ပြောသည်​။

ယင်း​ကျေးရွာများတွင်ဘုန်း​တော်ကြီး​ကျောင်းငါး​ကျောင်း၊အထက ​ကျောင်း တစ်​ကျောင်း၊ အမက ​ကျောင်းနှစ်​ကျောင်း၊ တိုက်​နယ်​​ဆေးရုံတစ်​ရုံ၊ ​ကျေးလက်​ကျန်းမာ​ရေးဌာနတစ်​ခုနှင့်​ နယ်​​မြေရဲစခန်းတစ်​ခုတို့တည်​ရှိ​နေပြီး ကမ်းပါးပြိုကျမှု​ကြောင့်​ အိမ်​​ခြေ ၂၂၅ လုံးမှ လူဦး​ရေ ၉ဝဝ နီးပါး ​ပြောင်း​ရွှေ့ခဲ့ရပြီးဖြစ်​သည်​ဟု ၎င်းက ​ထောက်​ပြသည်​။

“ကျွန်​​တော်​တို့အ​နေနဲ့ တိုင်းအတွင်းမှာရှိတဲ့ ကမ်းပြိုအန္တရာယ်​ရင်​ဆိုင်​​နေရ တဲ့​ကျေးရွာ​တွေနဲ့ပတ်​သက်​ပြီး ကွင်းဆင်းတိုင်းတာမှု​တွေပြုလုပ်​ပြီး လိုအပ်​သလိုထိန်းသိမ်း​ဆောင်​ရွက်​သွားဖို့ရှိပါတယ်​။ သို့​သော်​လည်း ဘဏ္ဍာ​ငွေ ရရှိတဲ့အ​ပေါ်မူတည်​ပြီး လုပ်​​ဆောင်​ရမှာလည်း ဖြစ်​ပါတယ်​” အစိုးရအဖွဲ့မှ စစ်​မှု၊ လျှပ်​စစ်​နှင့်​ လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ဦးသန်းဝင်း က ​ဖြေရှင်းချက်​​ပေးသည်​။

ပဲခူးတိုင်း​ဒေသကြီးအတွင်း၌မြစ်​​ရေတိုက်စားမှုများ​ကြောင့်​ ​နေအိမ်​​ပြောင်း
ရွှေ့ရမှုများအနက်​ ပြီးခဲ့သည့်​နှစ်​က အိမ်​​ခြေ ၅ဝဝ ​ကျော်​ရှိခဲ့သည်​တွင်​ တိုင်း​ဒေသကြီးအစိုးရမှ တစ်​အိမ်​​ထောင်​လျှင်​ ​ငွေကျပ်​တစ်​သိန်းစီ ​ထောက်​ပံ့​ပေးနိုင်​ခဲ့​ကြောင်း သိရသည်​။

မိုး​မြေ

Leave a Reply