ျမန္မာႏုိင္ငံ၌ ဘိန္းစုိက္ပ်ဳိးထုတ္လုပ္မႈ ၂၅ % အထိ က်ဆင္းလာခဲ႔ေၾကာင္း UNODC ထုတ္ျပန္ 

0
182

ေနျပည္ေတာ္။ဒီဇင္ဘာ ၆။၂၀၁၇။

ျမန္မာႏုိင္ငံအတြင္း၌ ဘိန္းစုိက္ပ်ဳိးထုတ္လုပ္မႈကုိ UNODC က စစ္တမ္းမ်ား ေကာက္ခံခဲ႔ၿပီး ၂၀၁၇ ခုႏွစ္ အစီရင္ခံစာတြင္ စုိက္ပ်ဳိးမႈ ၂၅ % အထိ က်ဆင္းလာခဲ႔ေၾကာင္း စစ္တမ္းေဖာ္ျပခ်က္ႏွင္႔ မူးယစ္ေဆး၀ါးတားဆီး ႏိွမ္နင္းေရးရဲတပ္ဖြဲ႔၏ ေျပာၾကားခ်က္အရ သိရွိရသည္။

“ ဒီအစီရင္ခံစာအရ ဘာေတြ႕လဲဆိုရင္ ဒီႏွစ္မွာ ဘိန္းစိုက္ပ်ိဳးမႈ ၂၅ % က်ဆင္းသြားတာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ဘိန္းစိုက္ဧရိယာ ၅၅၀၀၀ ဟက္ကာ ေလာက္ရွိပါတယ္ ။ဒီႏွစ္မွာ ဟက္ကာ ၄၁၀၀၀ ဟက္ကာအထိက်လာတာေပါ့ေနာ္။ ျမန္မာတျပည္လံုးရဲ႕ ဘိန္းစိုက္ပ်ိဳးမႈ အေနအထားအရ ၂၅% ေလာက္က်သြားတယ္ ။ဘိန္းစိုက္ပ်ိဳးမႈ က်ဆင္းျခင္းႏွင့္အတူ ထုတ္လုပ္မႈပါ က်ဆင္းခဲ့ပါတယ္” မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔ စီမံကိန္းဌာန ဌာနမႈးႀကီး ရဲမွဴးႀကီး ေဇာ္လင္းထြန္း ကေျပာသည္။

ေနျပည္ေတာ္ ရွိ Kempimski Hotel တြင္ ဒီဇင္ဘာလ ၆ ရက္ေန႕ကက်င္းပျပဳလုပ္သည့္ ၂၀၁၇ ခုႏွစ္ ျမန္မာႏုိင္ငံ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈစစ္တမ္းအစီရင္ခံစာ ထုတ္ျပန္ျခင္း အခမ္းအနားအၿပီးတြင္ ရဲမွဴးႀကီး ေဇာ္လင္းထြန္းက ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ဘိန္းထုတ္လုပ္မႈအေနျဖင္႔ မက္ထရစ္တန္ခ်ိန္ ၆၀၀ ေက်ာ္ရွိခဲ႔ၿပီး ၂၀၁၇ ခုႏွစ္၌ ထုတ္လုပ္မႈ မက္ထရစ္တန္ ၅၀၀ ေက်ာ္က်ဆင္းလာခဲ႔ကာ ရာခုိင္ႏႈန္းအားျဖင္႔ ၁၄ ရာခုိင္ႏႈန္းက်ဆင္းလာခဲ႔ေၾကာင္း သိရွိရသည္။

ျမန္မာႏုိင္ငံတြင္ ဘိန္းစုိက္ပ်ဳိးထုတ္လုပ္မႈအား ရွမ္းျပည္နယ္ေတာင္ပိုင္း ၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း ႏွင့္ကခ်င္ျပည္နယ္တို ့တြင္ အမ်ားဆံုး စိုက္ပ်ိဳးလွ်က္ရွိေၾကာင္း သိရွိရသည္။

“ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ ့ကခ်င္ျပည္နယ္မွာက conflict zone ေတြ မွာ ဘိန္းစိုက္ပ်ိဴးမႈသိသိသာသာ က်ဆင္းမႈမရွိဘူးဆိုတဲ့ အပိုင္းေလးေတြ ေတြ႔ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ conflict ေတြရွိေနဆဲမို႔ျဖစ္တယ္လို႕အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္ “ဟု ရဲမွဴးေဇာ္လင္းထြန္းက ဆက္လက္ေျပာႀကားခဲ့သည္။

ဘိန္းစုိက္ပ်ဳိးထုတ္လုပ္မႈေနျဖင္႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ ၃၇ ရာခုိင္ႏႈန္း၊ ရွမ္းျပည္နယ္ ေတာင္ပုိင္းတြင္ ၂၉ ရာခုိင္ႏႈန္း၊ ရွမ္းျပည္နယ္ေျမာက္ပုိင္းတြင္ ၃ ရာခုိင္ႏႈန္းႏွင္႔ ကခ်င္ျပည္နယ္တြင္ ၇ ရာခုိင္ႏႈန္းအထိ က်ဆင္းလာခဲ႔ေၾကာင္း UNODC ၏ ထုတ္ျပန္ခ်က္အရ သိရွိရသည္။

ယဥ္ေကႏြယ္(ေနျပည္ေတာ္)

 

နေပြည်တော်။ဒီဇင်ဘာ ၆။၂၀၁၇။

မြန်မာနိုင်ငံအတွင်း၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို UNODC က စစ်တမ်းများ ကောက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင် စိုက်ပျိုးမှု ၂၅ % အထိ ကျဆင်းလာခဲ့ကြောင်း စစ်တမ်းဖော်ပြချက်နှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရှိရသည်။

“ ဒီအစီရင်ခံစာအရ ဘာတွေ့လဲဆိုရင် ဒီနှစ်မှာ ဘိန်းစိုက်ပျိုးမှု ၂၅ % ကျဆင်းသွားတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဘိန်းစိုက်ဧရိယာ ၅၅၀၀၀ ဟက်ကာ လောက်ရှိပါတယ် ။ဒီနှစ်မှာ ဟက်ကာ ၄၁၀၀၀ ဟက်ကာအထိကျလာတာပေါ့နော်။ မြန်မာတပြည်လုံးရဲ့ ဘိန်းစိုက်ပျိုးမှု အနေအထားအရ ၂၅% လောက်ကျသွားတယ် ။ဘိန်းစိုက်ပျိုးမှု ကျဆင်းခြင်းနှင့်အတူ ထုတ်လုပ်မှုပါ ကျဆင်းခဲ့ပါတယ်” မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ စီမံကိန်းဌာန ဌာနမှုးကြီး ရဲမှူးကြီး ဇော်လင်းထွန်း ကပြောသည်။

နေပြည်တော် ရှိ Kempimski Hotel တွင် ဒီဇင်ဘာလ ၆ ရက်နေ့ကကျင်းပပြုလုပ်သည့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်းအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားအပြီးတွင် ရဲမှူးကြီး ဇော်လင်းထွန်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဘိန်းထုတ်လုပ်မှုအနေဖြင့် မက်ထရစ်တန်ချိန် ၆၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၌ ထုတ်လုပ်မှု မက်ထရစ်တန် ၅၀၀ ကျော်ကျဆင်းလာခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၁၄ ရာခိုင်နှုန်းကျဆင်းလာခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအား ရှမ်းပြည်နယ်တောင်ပိုင်း ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့်ကချင်ပြည်နယ်တို ့တွင် အများဆုံး စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရသည်။

“ရှမ်းပြည်နယ်မြောက်ပိုင်းနဲ ့ကချင်ပြည်နယ်မှာက conflict zone တွေ မှာ ဘိန်းစိုက်ပျိူးမှုသိသိသာသာ ကျဆင်းမှုမရှိဘူးဆိုတဲ့ အပိုင်းလေးတွေ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ conflict တွေရှိနေဆဲမို့ဖြစ်တယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ် “ဟု ရဲမှူးဇော်လင်းထွန်းက ဆက်လက်ပြောကြားခဲ့သည်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၃၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၂၉ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၃ ရာခိုင်နှုန်းနှင့် ကချင်ပြည်နယ်တွင် ရ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ကြောင်း UNODC ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယဉ်ကေနွယ်(နေပြည်တော်)

Leave a Reply