ထီးချိုင့် ဗုံးကွဲမှုဖြစ်စဉ် မှ တရားခံဖမ်းဆီးရမိ

0
180

စစ်ကိုင်း၊ မတ် ၁၃၊ ၂၀၁၈

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် အလယ်တောရွာရှိ ဖူးပွင့်ဝေဆာ ဘော်ဒါဆောင်တွင် မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး ယင်းဗုံးကွဲမှုမှ တရားခံကို ရွှေဘိုမြို့နယ်အတွင်း ဖမ်းဆီးရမိ ထားပြီးဖြစ်ကြောင်း ထီးချိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဟန် က ပြောသည်။

ထိုသို့ပေါက်ကွဲမှုဖြစ်အပြီး နယ်မြေခံတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေမှုများပြုလုပ်ရာ အားလုံးပေါင်း ဗုံး ၉ လုံးရှာဖွေတွေ့ရှိခဲ့ပြီး လက်လုပ်ဗုံးအမျိုးအစားများဖြစ်ကြောင်း သိရသည် ။

“ဗုံးပေါက်တာတော့ ဘာမှ ထိခိုက်မှုမရှိဘူး ။ ဗုံးအမျိုးအစားတွေကတော့ လက်လုပ်ဗုံးတွေ ကျွဲရိုင်းဘူးနဲ့ လုပ်ထားတာဖြစ်တယ် ။ မနေ့က ညနေက တည်းက တရားခံဖမ်းမိထားပြီလို့ပြောတယ် ။´´ ဟု ထီးချိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဟန် က ပြောသည်။

ထိုသို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး ထီးချိုင့် မြို့နယ်အတွင်း သတိထား သွားလာမှုများပြုလုပ်ရန်နှင့် လုံခြုံရေးအသိများရှိရန် လှုံ့ဆော်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply