အကြီးစားစက်​မှုလုပ်​ငန်းများတွင်​ လာ​ရောက်​ရင်းနှီးမြှုပ်​နှံရန် ဂျပန်​  လုပ်​ငန်းရှင်​များအား ဖိတ်​​ခေါ်

0
239

ရန်​ကုန်​၊မတ်​လ ၁၃၊၂၀၁၈

မြန်​မာနိုင်​ငံ၏ အကြီးစားစက်​မှုလုပ်​ငန်း ကဏ္ဍများတွင်​ လာ​ရောက်​ရင်းနှီးမြှုပ်​နှံရန် ဂျပန်​နိုင်​ငံရှိ စီးပွား​ရေးလုပ်​ငန်းရှင်​များအား ကုန်​သည်​စက်​မှုအသင်းချုပ်​၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်​ကဖိတ်​​ခေါ်ခဲ့သည်​။

ကုန်​သည်​စက်​မှုအသင်းချုပ်​တွင်ယနေ့​ ပြုလုပ်​​သော ၃ကြိမ်​​မြောက်​ မြန်​မာ-ဂျပန်​ စီးပွား​ရေးဆိုင်​ရာ ပူး​ပေါင်း​​ဆောင်​ရွက်​​ရေး ​ဆွေး​နွေးပွဲတွင်​ ​၎င်းကဖိတ်​​ခေါ်ခဲ့ခြင်းဖြစ်​သည်​။

ဂျပန်​စီးပွား​ရေးလုပ်​ငန်းရှင်​များအ​နေဖြင့်​ ယခုနှစ်အတွင်း ကုန်​သွယ်​မှု ၊ ရင်းနှီးမြှုပ်​နှံမှုနှင့်​ ဝန်​​ဆောင်​မှုလုပ်​ငန်း​များအပြင်​ လျှပ်​စစ်​နှင့်​စွမ်းအင် ​စီမံကိန်း ၊သယ်​ယူပို့​ဆောင်​​ရေးလုပ်​ငန်း၊​အ​ဝေး​ပြေးလမ်းမကြီးနှင့်​ မီးရထားလမ်း​စီမံကိန်း၊​ရေ​ကြောင်းသယ်​ယူပို့​ဆောင်​​ရေးလုပ်​ငန်းများ ၊လေယာဉ်​ကွင်းများတည်​​ဆောက်​​ရေးလုပ်​ငန်းစသည့်​ အကြီးစားစက်​မှုလုပ်​ငန်း​ကဏ္ဍများတွင်​လာ​ရောက်​ရင်းနှီးမြှုပ်​နှံရန်​ ဖိတ်​​ခေါ်​ခဲ့ခြင်းဖြစ်သည်​။

“ဂျပန်​နိုင်​ငံဟာ မြန်​မာနိုင်​ငံရဲ့ တတိယကုန်​သွယ်​ဘက်​နိုင်​ငံဖြစ်​ပါတယ်​။ရန်​ကုန်​-မန္တ​လေး ရထားလမ်းပြု ပြင်​​ရေး၊ရန်​ကုန်​-မန္တ​လေးရေ​ကြောင်း သွားလာမှု အဆင့်​မြှင့်​တင်​​ရေး၊ ရန်​ကုန်​မြို့ပြ ဖွံဖြိုးတိုးတက်​​ရေးစီမံကိန်း၊ သယ်​ယူပို့​ဆောင်​​ရေး၊လျှပ်​စစ်​ကဏ္ဍဖွံဖြိုးတိုးတက်​​ရေး၊အမျိုးသားပြန်​လည်​သင့်​မြတ်​​ရေးနဲ့ငြိမ်းချမ်း​ရေးလုပ်​ငန်း​တွေမှာလဲ ​ထောက်​ပံ့ အကူညီ​ပေး ပါတယ်​။ဒါ့အပြင်​ သီလဝါအထူးစီးပွား​ရေးဇုန်​စီမံကိန်းအ​ကောင်​အထည်​​ ဖော်​​ဆောင်​ရွက်​ရာတွင်​လည်းပူး​ပေါင်း​ကူညီခဲ့ပါတယ်​။”ဟု​၎င်းက
ပြောသည်​။

ယခုနှစ်​ ဇန်​နဝါရီလ စာရင်းအရ နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုများ အ​နေဖြင့်
မြန်​မာနိုင်​ငံအတွင်း ရင်းနှီးမြှုပ်​နှံထားသည့်​ နိုင်​ငံ​ပေါင်း ၄၆ နိုင်​ငံထဲတွင်​ ဂျပန်​နိုင်​ငံက အဆင့်​ ၁၀ တွင်​ရှိပြီး အ​မေရိကန်​​ဒေါ်လာ ၇၉၀ သန်း​ကျော်​ ရင်းနှီးမြှုပ်​နှံထား​ကာ ပ​ရောဂျက်လုပ်​ငန်း​ပေါင်း ၁၀၁ ခု
ရှိကြောင်း သိရသည်​​။

ဂျပန်​နိုင်​ငံသည်​ ရခိုင်​​ဒေသပြန်​လည်​ထူ​ထောင်​​ရေးကိစ္စ​များတွင်​လည်း ဂျပန်​ယမ်း​ငွေ၂ ဒသမ ၇ဘီလီယံ ​ထောက်​ပံ့​ပေးခဲ့ပြီး ဂျပန်​နိုင်​ငံ၏ ရင်းနှီးမြှုပ်​နှံမှု သည်​ တစ်​နို​င်​ငံလုံး နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှု၏ ၁ ဒသမ ၀၅ ရာခိုင်​နှုန်း ရှိ​ကြောင်းသိရသည်​။

“မြန်​မာနိုင်​ငံရဲ့ မကြာမီက ပြဌာန်းခဲ့တဲ့ ရင်းနှီးမြှုပ်​နှံမှု ဥပ​ဒေနဲ့ လုပ်​ထုံးလုပ်​နည်းများ၊ စည်းကမ်းချက်​များဟာ နိုင်​ငံခြား ရင်းနှီးမြှုပ်​နှံသူများအတွက်​ ပွင့်​လင်းမြင်​သာပြီး ရှင်းလင်း​ထူးခြားတဲ့ အခွင့်​​ရေးများစွာကို ရရှိနိုင်​မှာဖြစ်​ပါတယ်​။ဒီဥပ​ဒေမှာ နိုင်​ငံခြားရင်းနှီးမြှုပ်​နှံသူ​တွေအ​နေနဲ့ အခွန်​​ပေး​ဆောင်​ရာမှာလဲ နိုင်​ငံသားများနှင့်​ နိုင်​ငံခြားသားများဆိုပြီး ခွဲခြားထားခြင်းမရှိဘဲ တန်း​တူ​ပေး​ဆောင်​ရနိုင်​​ကြောင်းနဲ့ ရင်းနှီးမြှုပ်​နှံမှု ပြုရာမှာလဲ နှစ်​ ၇၀ ခွင့်​ပြု ထားပြီဖြစ်​​ကြောင်း​ စသဖြင့်​ပါရှိပါတယ်​။ ဒါ​ကြောင့်​ နိုင်​ငံခြား ကုမ္ပဏီများ၊ ဂျပန်​ကုမ္ပဏီများ အ​နေနဲ့ မြန်​မာနိုင်​ငံမှာ လာ​ရောက်​ ရင်းနှီးမြှုပ်​နှံမှုများ ပူး​ပေါင်း​ဆောင်​ရွက်​နိုင်​ပါတယ်​။”ဟုဦးသိန်းဟန်​က ​ပြောသည်​။

ထို့ပြင်​မြန်​မာ-ဂျပန်​ ကုန်​သွယ်​မှုပမာဏသည်​ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်​တွင်​ အ​မေရိကန်​​ဒေါ်လာ ၈၂၂ ဒသမ ၃၇၄သန်း ရှိခဲ့ရာမှ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်​တွင်​ အ​မေရိကန်​​ဒေါ်လာ သန်း​ပေါင်း ၂၀၃၁ ဒသမ ၇၉၁ ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်​တွင်​ အ​မေရိကန်​​ဒေါ်လာ ၁၂၄၁ ဒသမ ၇၅၆ သန်း​ရှိကြောင်း​သိရသည်​။

နှစ်​နိုင်​ငံ ကုန်​သွယ်​မှုပြုလုပ်​ရာ၌ သွင်းကုန်​ပမာဏမှာ အ​မေရိကန်​​ဒေါ်လာ
၆၅၀ ဒသမ ၅၁၃ သန်းရှိပြီး ပို့ကုန်​ပမာဏမှာ အ​မေရိကန်​​ဒေါ်လာ ၅၉၁ ဒသမ ၂၄၃ သန်း ရှိသည့်​အတွက်​ ပို့ကုန်​ပမာဏထက်​ သွင်း​ကုန်​ပမာဏက ပိုများ​နေ​ကြောင်း ၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply