မန်ယူအသင်းကို အကောင်းဆုံးညစ်ကစားသွားမယ်လို့ ဆီးဗီးလား နည်းပြဆို

0
134

မတ် ၁၃ ၊ ၂၀၁၈

ဗုဒ္ဓဟူးနေ့ မနက်မှာ ယှဉ်ပြိုင်မယ့် မန်ယူ – ဆီးဗီးလား ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဆီးဗီးလားအသင်းအနေနဲ့ မန်ယူအသင်းကို အကောင်းဆုံးညစ်ကစားသွားမယ်လို့ ဆီးဗီးလားနည်းပြ မွန်တဲလားက ဆိုပါတယ်။

ဆီးဗီးလားအသင်းဟာ အင်္ဂလန်မြေမှာ ကစားခဲ့ဖူးတဲ့ ပွဲစဉ်တွေတိုင်း ရလဒ်ကောင်းတွေ ဆုံးရှုံးလေ့ရှိပြီး မန်ယူအသင်းရဲ့ အိုထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ယခုပွဲစဉ်မှာလည်း ရလဒ်မကောင်းနိုင်ဘူးလို့ ဘောလုံးခန့်မှန်နေသူတွေက ဆိုပါတယ်။

မန်ယူအသင်းဟာ ချန်ပီယံလိဂ်အိမ်ကွင်းမှာ စပိန်အသင်းတွေနဲ့ ဆုံတွေ့မှုအရ ရီးရဲမက်ဒရစ်အသင်းကိုသာ ရှုံးနိမ့်ခဲ့ဖူးပြီး အိမ်ကွင်းအားသာချက်တွေ ရရှိနေပါတယ်။ဆီးဗီးလားအသင်းအနေနဲ့ အင်္ဂလန်ကလပ်အသင်း တွေနဲ့ ထိပ်တိုက်တွေ့ဆုံရာမှာ ၂၀၀၅ ခုနှစ်ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဘော်တန်ကို ၁-၁ ရလဒ်သာ ကစားနိုင်ခဲ့ပြီး ၂၀၀၇ခုနှစ်မှာ စပါးအသင်းနဲ့ ၂-၂ ရလဒ်သာ ရရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အင်္ဂလန်မြေမှာ လာရောက်ယှဉ်ပြိုင်ရာမှာ ၂၀၀၇ ခုနှစ်၌ အာဆင်နယ်ကို ၃-၀ နဲ့လည်းကောင်း ၂၀၁၆ ခုနှစ်မှာ မန်စီးတီးကို ၂-၁ နဲ့လည်းကောင်း ၂၀၁၇ မှာ လက်စတာကို ၂-၀ နဲ့လည်းကောင်း ၂၀၁၇ မှာ လီဗာပူးလ်ကို ၂-၂ နဲ့လည်းကောင်း ကစားခဲ့ပါတယ်။ ဆီးဗီးလားရဲ့ အင်္ဂလန်မြေပေါ်က ရလဒ်တွေဟာ နိုင်ပွဲရရှိထားခြင်း မရှိသေးပါဘူး။

ဆီးဗီးလားနည်းပြ မွန်တဲလားကတော့ အဆိုပါ ရလဒ်တွေကို ချေဖျက်သွားမယ်လို့ ဆိုခဲ့ပြီး နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့အတွက် အဲဗာတန်အသင်းမှ ပြောင်းရွှေ့လာသော တိုက်စစ်မှူး ဆမ်ဒရို ရာမီးရက်စ်ရဲ့ အကူအညီကို ရယူသွားမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဘောလုံးကို အကောင်းဆုံးထိန်းချုပ်ပြီး မန်ယူအသင်းကို တိုက်စစ်ဆင် ကစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

NN

Leave a Reply