ရဲစခန်းရှေ့တွင် မူးယစ်ဆေးဝါးများ ကျပ်သိန်း ၄၃၀ ကျော်ဖိုး ဖမ်းမိ

0
158

ပင်လည်ဘူး ၊ မတ် ၁၄၊ ၂၀၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လယ်ဘူးမြို့နယ် ကောလင်း – ပင်လယ်ဘူးကားလမ်းပေါ်ရှိ မြေလင်း ရဲစခန်းရှေ့ မသင်္ကာသူ တစ်ဦးအား စစ်ဆေးရာ မှ မတ်လ ၁၃ ရက်နေ့ က ကျပ်သိန်း ၄၃၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပင်လယ်ဘူးမြို့နယ် ရဲတပ်ဖွဲ့ က သိရသည်။

ကောလင်း – ပင်လယ်ဘူးကားလမ်းပေါ် ကောလင်းဘက်မှ New ANBO 125 ဆိုင်ကယ်ဖြင့် မောင်းနှင်လာသူ ဝင်းသိန်း ဆိုသူအား မသင်္ကာဖွယ် တွေ့ရသဖြင့် စစ်ဆေးရာ ၎င်းတွင် ပါလာသော ကျောပိုးအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်ငယ်အတွင်း ထည့်ထားသော ဘိန်းဖြူဟု ယူဆရသော ဖြူဝါရောင်အမှုန့်နှင့် WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။

ဆပ်ပြာခွက် တစ်ခွက်လျင် ဘိန်းဖြူဟု ယူဆရသော ဖြူဝါရောင်အမှုန့် (၁ဝ) ဂရမ်ခန့်ပါဝင်သည့် ဆပ်ပြာခွက်(၃၃) ခွက်၊ ကော်ဘူးငယ်ဖြင့် ထည့်ထား သော(၁) ဂရမ်ခန့်ပါ ကော်ဘူးတစ်ဘူး၊ (၃)ဂရမ်ခန့်ပါ ကော်ဘူးတစ်ဘူး၊ WY စိတ်ကြွဆေးပြား (၂၀၀၀) ပြားခန့်၊ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း (၄၃၄၀၀၀၀၀) ကျပ် ရှိကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သူအား ဝင်းသိန်း အား မယ(ပ)၃၅/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ကာကွယ်တားဆီးရေးဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် ထားကြောင်း ပင်လယ်ဘူးမြို့နယ် ရဲတပ်ဖွဲ့ က သိရသည်။

နိုင်လင်းဦး

Leave a Reply