အိမ်ကွင်းမှာ ဆီးဗီးလားကိုရှုံးပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ မန်ယူ

0
177

မတ် ၁၄ ၊ ၂၀၁၈

ယနေ့မနက်ပိုင်းကယှဉ်ပြိုင်ခဲ့တဲ့ ချနါပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ် တစ်ပွဲဖြစ်သော မန်ယူအသင်းနဲ့ ဆီးဗီးလားအသင်းတို့ ပွဲစဉ်မှာ ဧည့်သည် ဆီးဗီးလား အသင်းက ၁-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ၈သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ယခုပွဲစဉ်မှာ ကွင်းလယ်ကစားကွက်ကို အပြောင်း အလဲတွေပြုလုပ်ခဲ့ပြီး ယခင်အသုံးပြုနေသော တွမ်မီနေး ၊ မာတာ အတွဲ အစား ဖယ်လိုင်နီနဲ့ လင်ဂတ်တို့ကို ထည့်သွင်း ကစားခဲ့ပါ တယ်။ ယခုပွဲမှာ ထူးခြားမှု နှစ်ခုရှိခဲ့ပါတယ်။ ဆီးဗီးလားအသင်းအတွက် ဂိုးတွေ သွင်းယူခဲ့တဲ့ ကစားသမားဟာ နည်းပြမွန်တဲလားရဲ့ လူစားဝင် ကစားသမားဖြစ်တဲ့ ဘန်ရီဒ်ဒါဖြစ်ပြီး နှစ်ဂိုးဆက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယ ထူးခြားမှုကတော့ မန်ယူအသင်းပေးလိုက်ရတဲ့ ဂိုးတွေဟာ ပေါ့လ်ဘာ ၀င်လာချိန်မှ ပေးလိုက်ရတဲ့ ဂိုးတွေပဲ ဖြစ်ပါတယ်။မန်ယူအတွက် ချေပဂိုးကိုတော့ လူကာကူက ပြန်လည်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ယခုပွဲ အနိုင်ကြောင့် ဆီးဗီးလားအသင်းဟာ အင်္ဂလန်မြေမှာ ရလဒ်ဆိုးတွေ ကြုံခဲ့ရတဲ့ သမိုင်းကို ချေဖျက်နိုင်ခဲ့သလို အိမ်ကွင်းမှာ ရီးရဲမက်ဒရစ် တစ် သင်း ကိုသာ ရှုံးဖူးတဲ့ မန်ယူအသင်းကို အနိုင်ကစားပြနိုင်ခဲ့တဲ့ ရာဇ၀င် အသစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။

မန်ယူနည်းပြမော်ရင်ဟိုအနေနဲ့ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲမှာလည်း ချန်ပီယံဆုရဖို့ မလွယ်ကူနိုင်တော့သလို ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် မျှော်လင့်စရာ FA ဖလားတစ်ခုသာ ကျန်ပါတော့တယ်။

NN

Leave a Reply