ကိုကျော်မျိုးရွှေ အမှု တရားလိုပြသက်သေစစ်ဆေး

0
199

မန္တလေး၊ မတ် ၁၄၊ ၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် သာသနာ ၂၅၀၀ ဗိမ္မာန်တွင် အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့သောကြောင့် ဖမ်းဆီးခံရသည့် ကိုကျော်မျိုးရွှေ အမှုကို မတ်လ ၁၄ ရက်နေ့က ချမ်းမြ သာစည်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေကို စစ်ဆေးခဲ့သည်။

ကိုကျော်မျိုးရွှေသည် အရိုးကင်ဆာ ဖြစ်နေပြီး အာမခံရရှိရန် ဆေးစာများဖြင့် တရားရုံးတွင် လျှောက်ထားသော်လည်း တရားသူကြီးမှ ပယ်ချခဲ့ကြောင်း သိရသည်။

“ကျွန်တော် ဒီသပိတ်စခန်းမှာ ဦးဆောင်တယ်ဆိုပြီး ဘာသက်သေမှ မပြနိုင်သေးဘူး။ ရှေ့ထွက်ပြီး စပီကာနဲ့ အော်တာလည်းမပါဘူး ။ မီဒီယာမှာ ဦးဆောင်ဖြေကြားတဲ့ ဗီဒီယိုဖိုင်လည်းမရှိဘူး ။ ဒါကို ကျွန်တော့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲတယ် ။ ကျွန်တော် ခုလိုအမှုမရင်ရခင်ကတည်းက အရိုးတီဘီက ရှိနေတာ အာမခံရဖို့လျှောက်တော့ ချက်ချင်းသေနိုင်လားတိုတဲ့ မေးခွန်းတစ်ခုနဲ့ အာမခံပယ်ချခံရတယ် ။ ကျွန်တော်ရောဂါက အချိန်မရွေးအောက်ပိုင်း သေသွားနိုင်ပါတယ် ။´´ ဟု ကိုကျော်မျိုးရွှေ က ပြောသည်။

ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက တရားလိုပြု လုပ်၍သပိတ်စခန်းတွင်ပါဝင်သည့် ကိုကျော်မျိုးရွှေပါ (၅) ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ပြီး (၄) ဦးမှာ လွတ်မြောက်နေကြောင်း သိရသည်။

ထို့အပြင် အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့သောကြောင့် အဖမ်းဆီးခံ သံဃာ (၆) ပါးကို ဒီဇင်ဘာလ ၂၇ ရက်နေ့ က ချမ်းမြ သာစည်မြို့နယ် တရားသူကြီး မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လ ကျခံရန်အမိန့်ချခဲ့ပြီးဖြစ်သည်။

နိုင်လင်းဦး

Leave a Reply