ရန်​ကုန်​​မြေပုံ​ရေးဆွဲ​ရေးပ​ရောဂျက်​ ၂၀၁၉ ခုနှစ်​အတွင်း ပြီးစီးမည်

0
293

ရန်​ကုန်​၊မတ်​လ ၁၄၊၂၀၁၈

ရန်​ကုန်​​မြေပုံ​ရေးဆွဲ​ရေးစီမံကိန်းကို ၂၀၁၇ခုနှစ်​ ဒီဇင်​ဘာလမှ စတင်​လုပ်​​ဆောင်​ခဲ့ရာ ယင်း​စီမံကိန်းအား ၂၀၁၉ခုနှစ်​ မတ်​လအတွင်း အပြီး​ရေးဆွဲသွားမည်​ဖြစ်​​ကြောင်း ​မြေပုံ​ရေးဆွဲ​ရေး ​ကော်​မတီ အတွင်း​ရေးမှူး ဦးသန်းလွင်​ဦး က​ပြောသည်​​။

ယ​နေ့ ရန်​ကုန်​မြို့​တော်​ခန်းမတွင်​ ပြုလုပ်​သည့်​ ရန်​ကုန်​​မြေပုံ​ရေး​ဆွဲ​ရေးလုပ်​ငန်း၏ ပထမအကြိမ်​​ ​ဆွေး​နွေးပွဲတွင်​ ၎င်းက​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

အဆိုပါ ​မြေပုံ​ရေးဆွဲ​ရေးပ​ရောဂျက်​ကို ဂျပန်​နို​င်​ငံ၏ ကူညီ​ထောက်​ပံ့မှုဖြင့်​ ​ဆောင်​ရွက်​ခြင်းဖြစ်​ပြီး ရန်​ကုန်​မြို့ စည်​ပင်​သာယာနယ်​နမိတ်​ အတွင်းရှိမြို့နယ်​ ၃၃ မြို့နယ်​နှင့်​ စည်​ပင်​သာယာပြင်​ပရှိ မြို့နယ်​ ၈ မြို့နယ်​တို့တွင်​ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း သိရသည်​။

“လက်​ရှိတည်​ရှိ​နေတဲ့ ​မြေကြီး ၊​မြေပြင်​​တွေရဲ့ အ​ခြေ​နေနဲ့ သက်​ဆိုင်​ရာ ဌာနအသီးသီးနဲ့YCDCအပါအဝင်အသုံးပြု ​နေတဲ့​​​မြေပုံ​တွေကအရင် ​နှစ်
ပေါင်း​များစွာကတည်းကဟာ ဖြစ်​တဲ့အတွက်​ ကိုက်​ညီမှုမရှိဘူး။ဒါ​ကြောင့်​ အခုအ​ခြေ​နေနဲ့ကိုက်​ညီမှုရှိ​အောင်​ ​ရေးဆွဲတဲ့ ပ​ရောဂျက်​ဖြစ်
ပါတယ်​။”ဟု၎င်းက​ပြောသည်​။

ရန်​ကုန်​မြို့စည်​ပင်​သာယာ နယ်​နမိတ်​အတွင်း မြို့နယ်​များနှင့်​ စည်​ပင်​သာယာပြင်​ပမှာ ရှိသည့်​ မြို့နယ်​များ ပါရှိ​သော​ကြောင့်​ ယင်းမြို့နယ်​များအတွက်​ ​မြေပုံ​ရေးဆွဲခြင်းကို တစ်ပြိုင်​နက်​တည်း ပြီးသွားမှ​ မြေပုံ​များအား လွှဲ​ပြောင်း​ပေးခြင်း​မျိုးမဟုတ်​ဘဲ ပြီးစီးသမျှ မြို့နယ်​​များကို လာမည့်​ ​မေလမှစတင်​၍ အဆင့်​လိုက်​ လွှဲ​ပြောင်း​ပေးမည်​ဖြစ်​​ကြောင်း ဦးသန်းလွင်​ဦးက​ပြောသည်​။

“ကိုယ့်​ဌာနမှာ သုံး​နေတဲ့​ မြေပုံ​တွေ၊Skill​ ​တွေနဲ့ Skill ချင်း ညှိနှိုင်းပြီး ပြန်​လည်​ကပ်​ညှိ ကြည့်​လိုက်​ရင်​ လက်​ရှိမြို့ပြ စီမံကိန်းအ​နေနဲ့​ပြောမယ်​ဆို လူတစ်​ဦးချင်းပိုင်​တဲ့ ​မြေ​တွေ၊ဧရိယာ​တွေက အခုရရှိထားတဲ့ဟာနဲ့ ကျွန်​​တော်​တို့ဆီမှာ ရှိတဲ့​မြေပုံနဲ့ ထပ်​လိုက်​ရင်​ ကိုက်​ညီလား၊မကိုက်​ညီဘူးလား၊ကွဲပြားလား၊မကွဲပြားဘူးလား​တွေ ​ပေါ်လာမယ်​။ အဲ့လိုဆို ကွဲပြားမှုအားလုံးကို ကိုက်​ညီ​အောင်​သု​တေသန ပြန်​လုပ်​ရမယ်​။”ဟု ၎င်းက​ပြောသည်​။

ယင်း​မြေပုံကို ကြည့်​လိုက်​ခြင်းအားဖြင့်​ မိမိ၏စည်​ပင်​သာယာ ဝန်​​ဆောင်​မှုလုပ်​ငန်း​များကို မည်သည့်ဧရိယာ​များမှာ ပို၍အဓိကထားလုပ်​​ဆောင်​ရမလဲနှင့်​ မည်​သည့်​အရာများကို Cover လုပ်​ရမလဲဟူ၍ စသဖြင့်​ မိမိ လုပ်​​ဆောင်​မည့်​ အနာဂတ် အစီအစဉ်​များကို လွယ်​လွယ်​ကူကူ​ ဆောင်​ရွက်​၍ ရနိုင်​မည်​ဖြစ်​​ကြောင်းသိရသည်​။

ယင်းစီမံကိန်းသည်​ ရန်​ကုန်​တိုင်းဒေသကြီး အတွက်​ ကဏ္ဍအသီးသီးတွင်​ ဘတ်​စုံအသုံးဝင်​ အကျိုးရှိမည့်​ ပ​ရောဂျက်​ တစ်​ခုဖြစ်​ပြီး ​မြေပုံ​ရေးဆွဲရာတွင်​လည်း တိကျမှန်​ကန်​သည့်​ ​​မြေပုံရရှိရန်​နှင့်​ မြို့ပြဖွံ့ဖြိုး​ရေးတွင်​ အ​ထောက်​အကူဖြစ်​​စေရန်​အတွက်​ ​ရေးဆွဲခြင်းဖြစ်​​ကြောင်း ရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီ၏ မြို့်​တော်​ဝန်​ ဦး​မောင်​​မောင်​စိုးက​ပြောသည်​​။

“ဒီစီမံကိန်းက ရန်​ကုန်​တိုင်းအတွက်​ ဘက်​စုံ အသုံးဝင်​ အ​ကျိုးရှိမယ့်​ စီမံကိန်း တစ်​ခုဖြစ်​ပါတယ်​။ မြို့ပြဖွံ့ဖြိုး​ရေး၊ သယ်​ယူပို့​ဆောင်​​ရေး၊ မြို့ပြနဲ့ အမျိုးသားစီမံကိန်းများ၊အ​ခြေခံအ​ဆောက်​အအုံကဏ္ဍ၊ အိမ်​ရာဖွံဖြိုး​ရေး၊လျှပ်​စစ်​ကဏ္ဍ စတဲ့ကဏ္ဍအသီးသီးမှာ အကျိုးရှိရှိ အသုံးချလို့ရမယ့်​ ပ​ရောဂျက်​တစ်​ခုဖြစ်​ပါတယ်​။”ဟု ​၎င်းကပြောသည်​။

ယင်းစီမံကိန်းသည်​ ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရ၏ ပြု ပြင်​​ပြောင်းလဲ​ရေး လုပ်​ငန်း​စဉ်​များထဲမှ ​ဆောင်​ရွက်​ချက်​ တစ်​ခု ဖြစ်​ပြီး နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​မှ ဂျပန်​နို​င်​ငံဝန်​ကြီးချုပ်​နှင့်​ ​တွေ့ဆုံ၍ အကူအညီ​တောင်းခဲ့သည့်
နိုင်​ငံ​တော်​စီမံကိန်းတစ်​ခုဖြစ်​​ကြောင်း ၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply