အိမ်အကူကို မိန်းကလးအား အက်ဆစ်ဖြင့်လောင်းပြီး မျက်စိကွယ်အောင် လုပ်ခဲ့သည့်အမျိုးသမီးနှင့် ပါဝင်ပတ်သက်သူများကို ရမန်ယူ

0
196

မန္တလေး၊ မတ် ၁၄၊ ၂၀၁၈

မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း အိမ်အကူအဖြစ် အလုပ်ကိုင်သည့် အမျိုးသမီးငယ်တစ်ဦးကို အက်ဆစ်ဖြင့် လောင်းခြင်း၊ မျက်စိကွယ်အောင်လုပ်ခြင်း လုပ်ခဲ့သည့်အမျိုးသမီးနှင့် ပါဝင် ပတ်သက်သူများကို မတ်လ ၁၄ ရက်နေ့က ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။

အက်စစ်နှင့် အပက်ခံရသည့် မိန်းကလေးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အက်ဆစ်ဖြင့် လောင်းခဲ့ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် မတ်လ (၁) နေ့က ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

မနန်းမေဇင်ဦးကို ၂၀၀၈ ခုနှစ်တွင် ဒေါ်မိုးမိုးက ၎င်းပိုင် စတိုးဆိုင်၌ တစ်လလျင်တစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်ပြီး ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာအလုပ်လုပ်ကိုင်ခဲ့ရကာ ဆိုင်ပိတ်လိုက်သည့်အတွက် နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင် နေခဲ့ခြင်းဖြစ်သည်။

ယင်းသို့လုပ်ကိုင်နေစဉ် ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏ မောင်မှ မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေး ဆိုခြင်းနှင့်ပတ်သက်ပြီး ဒေါ်နီနီနုနွယ်က ရေချိုးနေစဉ် အက်ဆစ်ဖြင့် လောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အက်ဆစ်ဖြင့်လောင်းခံခဲ့ရသည့် မနန်းမေဇင်ဦး၏ ဘယ်ဘက် ဦးခေါင်း မှစကာ တစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိ တစ်ဖက်လည်း ကွယ်သွားခဲ့ကာ လက်မှာလည်း ကွေးဆန်း၍ မရသည့် အခြေအနေများသို့ရောက်ရှိသွားခဲ့ကြောင်း စစ်ဆေးချက်များအရသိရသည်။

ထို့နောက် မနန်းမေဇင်ဦးအား အခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး၊ ဒဏ်ရာများသက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်သို့မထွက်စေပဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့ကာ ဆယ်နှစ်တာ အလုပ်လုပ်ခဲ့သည့် လုပ်အားခများလည်း ပေးခြင်းမရှိကြောင်း သိရသည်။

ယင်းသို့ မနန်းမေဇင်ဦးအား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ်နှင့် အိမ်ရှင်ဖြစ်သူ ဒေါ်မိုးမိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၁၀၁/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးလျက်ရှိသည်။

“အမှုဖွင့်ထားတဲ့ ပုဒ်မက ထောင်ဒဏ်ဆယ်နှစ်ကနေ တစ်သက် တစ်ကျွန်း ထိ ကျနိုင်တဲ့ ပုဒ်မဖြစ်တယ် ။ မြို့နယ်တရားရုံးက ထောင်ဒဏ် (၇) နှစ်ထိပဲ စီရင်ပိုင်ခွင့်ရှိတယ် ။ ဒါကတော့ တရားခံကို ချုပ်ထားလို့ရအောင် ရမန် ပေးတာဖြစ်တယ် ။ ၁ ရက်နေ့ က ချုပ်ထားဖို့ ရမန်ကြီးနှစ်ပတ်ပေးထားတာ ခုပြည့်သွားလို့ ထပ်ယူတာဖြစ်တယ်” ဟု ချမ်းမြသာစည်မြို့နယ် တရားရုံးမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်စွာလင်း က ပြောသည်။

ထို့အပြင် မနန်းမေဇင်ဦးက တရားလိုပြုလုပ်ပြီး ဒေါ်နီနီနုနွယ်နှင့် ယောက်ျား ဖြစ်သူ သူရ (ခ) အားတီ ၊ အိမ်ရှင်ဖြစ် ဒေါ်မိုးမိုးတို့အား ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၃၄/၁၁၄ တို့ဖြင့် ထပ်မံအမှုဖွင့်ထားကာ သူရ (ခ) အားတီမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

အက်ဆစ်ဖြင့် လောင်းခံခဲ့ရသည့် မနန်းမေဇင်ဦးအား လူကုန်တား ရဲတပ်ဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က လုံခြံစိတ်ချရသည့် နေရာတွင် စောင့်ရှောက်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်းဦး

မန္တလေး၊ မတ် ၁၄၊ ၂၀၁၈

မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း အိမ်အကူအဖြစ် အလုပ်ကိုင်သည့် အမျိုးသမီးငယ်တစ်ဦးကို အက်ဆစ်ဖြင့် လောင်းခြင်း၊ မျက်စိကွယ်အောင်လုပ်ခြင်း လုပ်ခဲ့သည့်အမျိုးသမီးနှင့် ပါဝင် ပတ်သက်သူများကို မတ်လ ၁၄ ရက်နေ့က ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။

အက်စစ်နှင့် အပက်ခံရသည့် မိန်းကလေးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အက်ဆစ်ဖြင့် လောင်းခဲ့ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် မတ်လ (၁) နေ့က ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

မနန်းမေဇင်ဦးကို ၂၀၀၈ ခုနှစ်တွင် ဒေါ်မိုးမိုးက ၎င်းပိုင် စတိုးဆိုင်၌ တစ်လလျင်တစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်ပြီး ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာအလုပ်လုပ်ကိုင်ခဲ့ရကာ ဆိုင်ပိတ်လိုက်သည့်အတွက် နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင် နေခဲ့ခြင်းဖြစ်သည်။

ယင်းသို့လုပ်ကိုင်နေစဉ် ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏ မောင်မှ မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေး ဆိုခြင်းနှင့်ပတ်သက်ပြီး ဒေါ်နီနီနုနွယ်က ရေချိုးနေစဉ် အက်ဆစ်ဖြင့် လောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အက်ဆစ်ဖြင့်လောင်းခံခဲ့ရသည့် မနန်းမေဇင်ဦး၏ ဘယ်ဘက် ဦးခေါင်း မှစကာ တစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိ တစ်ဖက်လည်း ကွယ်သွားခဲ့ကာ လက်မှာလည်း ကွေးဆန်း၍ မရသည့် အခြေအနေများသို့ရောက်ရှိသွားခဲ့ကြောင်း စစ်ဆေးချက်များအရ 
သိရသည်။

Leave a Reply