အေစီမီလန်ဂိုးသမား ဒွန်နာယူမာ နွေရာသီတွင် အသင်းမှ ထွက်ခွာမည်

0
157

မတ် ၁၄ ၊ ၂၀၁၈

အေစီမီလန်အသင်းရဲ့ အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာယူမာဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အေစီမီလန်အသင်းဟာ နာပိုလီဂိုးသမား ပီပီရီနာကို နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှာဖြစ်ပြီး ရီနာရောက်ရှိလာပါက လက်ရှိဂိုးသမား ဒွန်နာယူမာအနေနဲ့ အသင်းမှ ထွက်ခွာမယ်လို့ သိရပါတယ်။

အသက် ၁၉နှစ်သာရှိသေးတဲ့ ဒွန်နာယူမှာဟာ ဥရောပကလပ် အသင်းအများစု အလိုရှိနေတဲ့ လူငယ်က စားသမားတစ်ယောက်ဖြစ်ပြီး PSG ၊ ရီးရဲမက်ဒရစ် ၊ ချယ်လ်ဆီးတို့မှ ခေါ်ယူဖို့ စိတ်ဝင်စားနေကြ ပါတယ်။ ဒွန်နာယူမာဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက အေစီမီလန်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့သူဖြစ်ပြီး အေစီမီလန်မှ ကမ်းလှမ်းထားသော သက်တမ်းတိုး စာချုပ်ကိုလည်း ပယ်ချထားသူ ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ နောက်ဆုံးမှာတော့ ဒွန်နာယူမာကို အသင်းကနေ ရောင်းထုတ်ဖို့ စဉ်းစားခဲ့ပြီး ဂိုးသမား အသစ်တစ်ဦးထပ်မံခေါ်ယူကာ အသင်းကို အားဖြည့်သွားမယ်လို့ သိရပါတယ်။

NN

Leave a Reply