ဟံသာဝတီ​လေဆိပ်​ စီမံကိန်းရပ်​တန့်​သွားခြင်း​ကြောင့်​ ပဲခူးအိမ်​ခြံ​မြေ​ ဈေးကွက်​ အ​ပေါ် ရိုက်​ခတ်​မှုရှိ

0
180

ပဲခူး၊ မတ်​ ၁၄၊ ၂ဝ၁၈။

ဟံသာဝတီအပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​စီမံကိန်း ရပ်​တန့်​သွားခြင်း​ကြောင့်​ ပဲခူးအိမ်​ခြံ​မြေ​ဈေးကွက်​အ​ပေါ် ရိုက်​ခတ်​မှုရှိလာ​ကြောင်း ​ဒေသအ​ခြေစိုက်​ အိမ်​ခြံ​မြေအကျိုး​ဆောင်​လုပ်​ငန်းများထံမှ သတင်းရရှိသည်​။

အဆိုပါစီမံကိန်းလုပ်​ငန်းများစတင်​ချိန်​က ပဲခူးမြို့တွင်းရှိ ရန်​ကုန်​-မန္တ​လေး ကားလမ်း​ဘေး​မြေကွက်​တစ်​ကွက်​လျှင်​ ကျပ်​သိန်း ၁၅ဝဝ ခန့်​အထိ​ ဈေး​ပေါက်​ခဲ့ရာမှ ယခုအခါ ကျပ်​သိန်း ၇ဝဝ ​ကျော်​ခန့်​ဖြင့်​သာ အ​ရောင်း အဝယ်​ဖြစ်​​နေ​ကြောင်း ၎င်းတို့က ဆိုသည်​။

“စီမံကိန်းစလုပ်​မယ်​ဆိုတဲ့အချိန်​က ​မြေ​ဈေး​တွေအရမ်းထိုးတက်​သွားတယ်​။ ​အဲ​တာ့ ဒေသခံ​တွေအကျိုးအမြတ်​ရှိခဲ့တာ​ပေါ့။ အခု​နောက်​ပိုင်းစီမံကိန်းက ရပ်​သွား​တော့ ​ဈေး​တွေထိုးကျ လာလိုက်​တာ ထက်​ဝက်​​လောက်​ကိုကျ သွားတယ်​၊ ဒါ​တောင်​အ​ရောင်းအဝယ်​က ပုံမှန်​မဖြစ်​ဘူး” ဟု ​ကျော်​သီဟအိမ်​ခြံ​မြေအကျိုး​ဆောင်​လုပ်​ငန်းမှ ဦး​ကျော်​ဝင်းက ​ပြောသည်​။

ရန်​ကုန်​မြို့၏​မြောက်​ဘက်​ ကီလိုမီတာ ၈ဝ ခန့်​အကွာတွင်​တည်​ရှိသည့်​ ဟံသာဝတီ​လေဆိပ်​စီမံကိန်းနှင့်​စပ်​လျဉ်းပြီး အစုရှယ်​ယာအစုစပ်​ထည့်​ဝင်​ထား​သော စင်္ကာပူအ​ခြေစိုက်​ Yongnam Holdings ကုမ္ပဏီက ​ယခုနှစ်​ ​ဖေ​ဖော်​ဝါရီ ၂၆ ရက်​တွင်​ နှစ်​ဖက်​သ​ဘောတူထားသည့်​ စာချုပ်​သက်​တမ်းကုန်​ဆုံးခဲ့ပြီဖြစ်​​ကြောင်း ထုတ်​ပြန်​​ကြေငြာခဲ့သည်​။

“​လေဆိပ်​စီမံကိန်းလုံးဝမဖြစ်​​တော့ဘူးဆိုရင်​​တော့ အိမိခြံ​မြေ​ဈေးကွက်​က အ​တော်​​လေးဂရက်​ရိုက်​မယိ့သ​ဘောရှိတယ်​။ ဝယ်​မယ့်​သူကလည်းမဝယ်​ရဲသလို ​ရောင်​မယ့်​သူကလည်းမ​ရောင်းရဲ​တော့ဘူး။ ​ဈေးနှုန်း​တွေက အရမ်းကွာဟသွားတယ်​”ဟု ပဲခူးမြို့ အိမ်​ခြံ​မြေဝန်​​ဆောင်​မှုအသင်းဥက္ကဋ္ဌ ဦးသက်​နိုင်​ဦးက သုံးသပ်​​ပြောသည်​။

လက်​ရှိအ​ခြေအ​နေတွင်​ စီးပွား​ရေးလုပ်​ကိုင်​ရန်​အချက်​အခြာကျသည့်​ ​နေရာအချို့မှလွဲ၍ မြို့သစ်​နှင့်​ ​လေဆိပ်​စီမံကိန်းအနီးရပ်​ကွက်​တို့မှာအ​ရောင်းအဝယ်​​အေးလျှက်​ရှိ​ကြောင်း ၎င်းကဆိုသည်​။

စီမံကိန်းစတင်​ရန်​ အစပျိုးခဲ့သည့်​၂ဝ၁၃ ခုနှစ်​ကလည်း ​ဈေးကစား သူများ​ကြောင့်​ အိမ်​ခြံ​မြေ​ဈေးအတက်​အကျကြမ်းခဲ့ပြီး ယခု စီမံကိန်းရပ်​တန့်​သည်​ဆိုခြင်း​ကြောင်းလည်း ​ဈေးကွက်​မတည်​မငြိမ်​ဖြစ်​လျှက်​ရှိ​ကြောင်း အိမ်​ခြံ​မြေအကျိုး​ဆောင်​များက ​ပြောဆိုကြသည်​။

ဟံသာဝတီအပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​စီမံကိန်းကို JGC- Yongnam Changi Airport International Consortium က လုပ်​ကိုင်​ခွင့်​ရရှိခဲ့ခြင်းဖြစ်​ကာ ယခုနှစ်​ ဇန်​နဝါရီ ၃ဝ ရက်​တွင်​ စာချုက်​သက်​တမ်းကုန်​ဆုံးခဲ့သည်​လည်းဖြစ်​သည်​။

ထို့သို့စီမံကိန်းစာချုပ်သက်တမ်းကုန်ဆုံးပြီး​နောက်​ ​လေး​ကြောင်းပို့​ဆောင်
ရေးဦးစီးဌာနက သက်​ဆိုင်​ရာကုမ္ပဏီနှင့်​ ဆက်​လက်​လုပ်​ကိုင်​ခြင်းရှိ မရှိ​ဆွေး​နွေးခဲ့​သော်​လည်း ညှိနှိုင်း၍မရ​သေး​ကြောင်း ယင်းဦးစီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ ဦးရဲထွဋ်​​အောင်​က ထုတ်​​ဖော်​​ပြောကြား ထားသည်​။

မိုး​မြေ

Leave a Reply