ကိုရီးယားကြၽန္းဆြယ္၌ စစ္ျဖစ္ရန္ နီးစပ္ေနၿပီဟု ေျမာက္ကိုရီးယားေျပာဆုိ

0
197

ၿပံဳယမ္း ဒီဇင္ဘာ ၇

အေမရိကန္ျပည္ေထာင္စုႏွင့္ ေတာင္ကိုရီးယားတုိ႔က ပူးတဲြ စစ္ေရးေလ့က်င့္မႈျပဳလုပ္ေနျခင္း၊ အေမရိကန္က ေျမာက္ကိုရီးယားအား ႀကိဳတင္လက္ဦးမႈရယူကာ တုိက္ခိုက္မည္ဟု ေၾကြးေၾကာ္ေနျခင္းတို႔ေၾကာင့္ ကိုရီးယားကၽြန္းဆြယ္၌ စစ္ျဖစ္ရန္ နီးစပ္လာၿပီျဖစ္ေၾကာင္း ေျမာက္ကိုရီးယားႏုိင္ငံျခားေရးဝန္ႀကီးဌာနက ဒီဇင္ဘာ ၆ ရက္ အေႏွာင္းပိုင္းတြင္ ထုတ္ျပန္ေျပာဆုိခဲ့သည္။

အေမရိကန္အစိုးရအရာရွိမ်ား၏စစ္လိုလားမႈေၾကာင့္ ကိုရီးယားကၽြန္းဆြယ္၌ စစ္ျဖစ္ရန္ နီးစပ္ေနၿပီျဖစ္ေၾကာင္း ၊စစ္ကိုမလိုလားေသာ္လည္း စစ္ျဖစ္မည့္ ေဘးမွ ေရွာင္ေနမည္မဟုတ္ဟု ေျမာက္ကိုရီးယားႏုိင္ငံျခားေရး ဝန္ႀကီးဌာန၏ေျပာခြင့္ရွိသူကေျပာဆုိခဲ့ေၾကာင္း ေျမာက္ကိုရီးယားႏုိင္ငံပိုင္ ေကစီအင္န္ေအသတင္းဌာနကေဖာ္ျပခဲ့သည္။

ေျမာက္ကိုရီးယားသည္ ႏုိင္ငံတကာ၏အေရးယူပိတ္ဆို႔မႈမ်ားကို ဆန္႔က်င္ၿပီး ဒံုးက်ည္ႏွင့္ ႏ်ဴလက္လက္စမ္းသပ္မႈမ်ားကုိ ျပဳလုပ္ခဲ့ၿပီးေနာက္ ကိုရီးယားကၽြန္းဆြယ္၌ တင္းမာမႈမ်ားရွိလာခဲ့သည္။ အေမရိကန္ျပည္ေထာင္စု ကုန္းမႀကီးအထိပင္ ေရာက္ရွိႏုိင္သည့္ တိုက္ခ်င္းပစ္ဒံုးက်ည္တစ္စင္းကို စမ္းသပ္ႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း ေျမာက္ကိုရီးယားက လြန္ခဲ့ေသာအပတ္တြင္ေျပာဆုိခဲ့သည္။ ေျမာက္ကိုရီးယားႏွင့္ စစ္ျဖစ္ရန္ ေန႔စဥ္နီးစပ္လာၿပီျဖစ္ေၾကာင္း အိမ္ျဖဴေတာ္အမ်ိဳးသားလံုၿခံဳေရးအႀကံေပး အိပ္ခ်္အာရ္မက္မာစတာက လြန္ခဲ့ေသာ ႐ုံးပိတ္ရက္မ်ားတြင္ေျပာဆုိခဲ့သည္။

ေျမာက္ကိုရီးယားႏွင့္ စစ္ျဖစ္ရန္နီးစပ္လာၿပီျဖစ္ေသာေၾကာင့္ ေတာင္ ကိုရီးယား ရွိ အေမရိကန္စစ္သည္မ်ား၏ ဇနီးမ်ားႏွင့္ ကေလးငယ္ မ်ားကို ေနရာေရႊ႕ေျပာင္းမႈျပဳလုပ္ရန္ အေမရိကန္ ရီပတ္ဘလီကန္ အထက္ လႊတ္ေတာ္ အမတ္ လင္းေဆးဂေရဟမ္က အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ကို လြန္ခဲ့ေသာအပတ္တြင္တုိက္တြန္းခဲ့သည္။

ဒီဇင္ဘာ ၆ ရက္တြင္ အေမရိကန္ဗံုးႀကဲေလယာဥ္ ဘီဝမ္းဘီသည္ စစ္ေရးေလ့က်င့္မႈတြင္ပါဝင္လာခဲ့သည္။ အေမရိကန္ႏွင့္ ေတာင္ကိုရီးယား တုိ႔၏ပူးတဲြစစ္ေရးေလ့က်င့္မႈကုိ ေျမာက္ကိုရီးယားက ပံုမွန္႐ႈပ္ခ်ခဲ့သည္။

အေမရိကန္အစိုးရအရာရွိမ်ား၏စစ္လိုလားေသာ ေျပာဆုိမႈမ်ားကို ကိုရီးယားကၽြန္းဆြယ္၌ စစ္ျဖစ္ရန္ နီးစပ္ေနဟု အဓိပါၸယ္ေကာက္ယူရန္မွ လဲြၿပီး အျခားနည္းလမ္းမရွိေတာ့ေၾကာင္း ေျမာက္ကိုရီးယားႏုိင္ငံျခားေရး ဝန္ႀကီးဌာန၏ေျပာခြင့္ရွိသူကေျပာဆုိခဲ့သည္။ ကိုရီးယားကၽြန္းဆြယ္၌ တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္ ကုလသမဂၢႏုိင္ငံျခားေရးရာအႀကီးအကဲ ဂ်က္ဖရီဖယ္မန္သည္ ေျမာက္ကိုရီးယားသို႔ ယခုအပတ္တြင္ သြားေရာက္ခဲ့သည္။ ေျမာက္ကိုရီးယားဒုတိယႏုိင္ငံျခားေရးဝန္ႀကီး ပါ့ခ္ျမြန္ဂတ္သည္ ဖယ္မန္အား ၿပံဳယမ္း၌ ဒီဇင္ဘာ ၆ ရက္တြင္ လက္ခံေတြ႕ဆံုၿပီး ၎တို႔ႏွစ္ဦးသည္ ကုလသမဂၢႏွင့္ ေျမာက္ကိုရီးယားတုိ႔ ပူးေပါင္းေဆာင္ရြက္မႈမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးခဲ့သည္။

Source:Reuters

႐ိုးေျမ

စစ္ေရးေလ့က်င့္မႈတြင္ ပါဝင္ခဲ့သည့္ အေမရိကန္ေလတပ္မွ အက္ဖ္ ၁၆ တုိက္ေလယာဥ္မ်ား။

ကိုရီးယားကၽြန္းဆြယ္၌ စစ္ျဖစ္ရန္ နီးစပ္ေနၿပီဟု ေျမာက္ကိုရီးယားေျပာဆုိ

 

ပြုံယမ်း ဒီဇင်ဘာ ရ

အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေခြင်း၊ အမေရိကန်က မြောက်ကိုရီးယားအား ကြိုတင်လက်ဦးမှုရယူကာ တိုက်ခိုက်မည်ဟု ကြွေးကြော်နေခြင်းတို့ကြောင့် ကိုရီးယားကျွန်းဆွယ်၌ စစ်ဖြစ်ရန် နီးစပ်လာပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

အမေရိကန်အစိုးရအရာရှိများ၏စစ်လိုလားမှုကြောင့် ကိုရီးယားကျွန်းဆွယ်၌ စစ်ဖြစ်ရန် နီးစပ်နေပြီဖြစ်ကြောင်း ၊စစ်ကိုမလိုလားသော်လည်း စစ်ဖြစ်မည့် ဘေးမှ ရှောင်နေမည်မဟုတ်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ပြောခွင့်ရှိသူကပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနကဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် နိုင်ငံတကာ၏အရေးယူပိတ်ဆို့မှုများကို ဆန့်ကျင်ပြီး ဒုံးကျည်နှင့် နျူလက်လက်စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများရှိလာခဲ့သည်။ အမေရိကန်ပြည်ထောင်စု ကုန်းမကြီးအထိပင် ရောက်ရှိနိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြောက်ကိုရီးယားက လွန်ခဲ့သောအပတ်တွင်ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားနှင့် စစ်ဖြစ်ရန် နေ့စဉ်နီးစပ်လာပြီဖြစ်ကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြံုရေးအကြံပေး အိပ်ချ်အာရ်မက်မာစတာက လွန်ခဲ့သော ရုံးပိတ်ရက်များတွင်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားနှင့် စစ်ဖြစ်ရန်နီးစပ်လာပြီဖြစ်သောကြောင့် တောင် ကိုရီးယား ရှိ အမေရိကန်စစ်သည်များ၏ ဇနီးများနှင့် ကလေးငယ် များကို နေရာရွှေ့ပြောင်းမှုပြုလုပ်ရန် အမေရိကန် ရီပတ်ဘလီကန် အထက် လွှတ်တော် အမတ် လင်းဆေးဂရေဟမ်က အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ကို လွန်ခဲ့သောအပတ်တွင်တိုက်တွန်းခဲ့သည်။

ဒီဇင်ဘာ ၆ ရက်တွင် အမေရိကန်ဗုံးကြဲလေယာဉ် ဘီဝမ်းဘီသည် စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်လာခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယား တို့၏ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ပုံမှန်ရှုပ်ချခဲ့သည်။

အမေရိကန်အစိုးရအရာရှိများ၏စစ်လိုလားသော ပြောဆိုမှုများကို ကိုရီးယားကျွန်းဆွယ်၌ စစ်ဖြစ်ရန် နီးစပ်နေဟု အဓိပါ္ပယ်ကောက်ယူရန်မှ လွဲပြီး အခြားနည်းလမ်းမရှိတော့ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။ ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများမြင့်တက်နေချိန်တွင် ကုလသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲ ဂျက်ဖရီဖယ်မန်သည် မြောက်ကိုရီးယားသို့ ယခုအပတ်တွင် သွားရောက်ခဲ့သည်။ မြောက်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီး ပါ့ခ်မြွန်ဂတ်သည် ဖယ်မန်အား ပြံုယမ်း၌ ဒီဇင်ဘာ ၆ ရက်တွင် လက်ခံတွေ့ဆုံပြီး ၎င်းတို့နှစ်ဦးသည် ကုလသမဂ္ဂနှင့် မြောက်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

Source:Reuters

ရိုးမြေ

စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည့် အမေရိကန်လေတပ်မှ အက်ဖ် ၁၆ တိုက်လေယာဉ်များ။

ကိုရီးယားကျွန်းဆွယ်၌ စစ်ဖြစ်ရန် နီးစပ်နေပြီဟု မြောက်ကိုရီးယားပြောဆို

Leave a Reply