NCAကိုလက်ခံလိုက်သည့်သတင်းအား ၀ တပ်ဖွဲ့ အတည်မပြု

0
173

ရန်ကုန် ၊ မတ် ၁၄ ၊ ၂၀၁၈

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်အားမဆန့်ကျင်သော်လည်း NCAကိုလက်ခံလိုက်ခြင်းကိုမူ အတည်ပြုခြင်းမဟုတ်ကြောင်း ၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီUWSA လားရှိုးဆက်ဆံရေးရုံးဒုတာဝန်ခံ ဦးညီရန်းကပြောသည်။

ပြည်တွင်းသတင်းဌာနတစ်ခုတွင် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ၀ နှင့်မိုင်းလားအဖွဲ့က NCAကိုလက်ခံ လိုက်ပြီး လက်မှတ် ရေးထိုးရန်ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

“ငြိမ်းချမ်းရေးကော်မရှင်နှင့် ဌာနချုပ်ကတော့ အလွတ်သဘော တွေ့ဆုံ တာတွေ စာနဲ့ဆွေးနွေးတာတွေတော့ရှိတယ်။ ဒီကိစ္စက မီဒီယာတွေပေါ်မှာ ပါလာတာတော့ ဌာနချုပ်ကိုအတည်ပြုချက်လှမ်းတောင်းထားတယ် အခု ထိတော့ ဌာနချုပ် ဘက်က ညွှန်ကြားလာတာမျိုးမရှိသေးဘူး” ဟုဦးညီရန်း ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ မိုင်းလားအဖွဲ့ NDAA၏ ပြောရေးဆိုခွင့်ရှိသူထံ ပဉ္စမလှိုင်းမှဆက်သွယ်ခဲ့သော်လည်းဆက် သွယ်၍မရရှိခဲ့ပေ။

UWSAသည် ရှမ်းမြောက်ဒေသနှင့် ကချင်ဒေသတို့တွင်အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုအဖွဲ့ ၇ဖွဲ့ဖြင့်ဖွဲ့ စည်းထားသည့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ FPNCC၏ ဦးဆောင်အဖွဲ့ဖြစ်သည်။

FPNCCအနေဖြင့်နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းဖြင့်သာဆွေးနွေးသွားမည်ဖြစ်ပြီး တစ်ဖွဲ့ခြင်းဆွေးနွေးခြင်းထက် မဟာမိတ်အဖွဲ့ဝင်အားလုံးဖြင့်သာ အစိုးရနှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေငြာထားသည်။

ကိုဥာဏ်

Leave a Reply