ချန်ပီယံလိဂ်မှာ ပရိုစိတ်ဓာတ်ပြသဖို့ အသင်းသားများကို ဘိုင်ယန်မြူးနစ် နည်းပြ တိုက်တွန်း

0
159

မတ် ၁၄ ၊ ၂၀၁၈

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဘီဆိတက်ခ်ကို ၅ဂိုးပြတ်နဲ့ အနိုင်ရထားသော်လည်း တူရကီမှာကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ပရိုစိတ်ဓာတ် အပြည့်နဲ့ အနိုင်ရရှိအောင် ကစားကြဖို့ အသင်းသား တွေ ကို ဘိုင်ယန်မြူးနစ်နည်းပြ ဟေးဇ်နက်စ်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော့်အသင်းမှာ အတွေ့အကြုံ အမြောက်အမြား ရှိနေတဲ့ ကစား သမားတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ယေဘူယျပြောရရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ပြိုင်ပွဲအပေါ်မှာ အားလုံး အာရုံစူးစိုက်မှု အပြည့် ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ပထမအကျော့ကလိုပဲ နိုင်ပွဲရရှိဖို့အတွက် အမြဲအလိုရှိနေပါတယ်။ ဒီအတွက် ကျွန်တော့်ကစားသမားတွေမှာ ထိုက်သင့်တဲ့ ပရော်ဖက်ရှင်နယ်အတွေ့အကြုံတွေ ရှိနေပါတယ်”လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြ ဟေးဇ်နက်က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာရော ပြည်တွင်း အမှတ်ပေးပြိုင်ပွဲမှာပါ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နေပြီး ချန်ပီယံလိဂ် နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်လျှက်ရှိတယ်လို့ သိရပါတယ်။

“အရေးကြီးတာကတော့ တူရကီမြေမှာ ကစားမယ့်ပွဲစဉ်ကို ပရိသတ်တွေ အနေနဲ့ ၀ိုင်းဝန်းအားပေးဖို့ လိုအပ်ပါတယ်။ ပရိသတ်တွေဟာ အသင်း အောင်မြင်ဖို့အတွက် အစိတ်အပိုင်းတစ်ခုပါ။ မနက်ဖန်မှာ ကစားမယ့် ပွဲစဉ်ကို ဘိုင်ယန်ပရိသတ်တွေ လိုက်ပါအားပေးလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ပရိသတ်မပါတဲ့ ဘောလုံးပွဲဟာ စိတ်လှုပ်ရှားစရာမကောင်းပါဘူး။ ဒါကြောင့် ပရိသတ်တွေရဲ့ ၀န်းရံထောက်ခံမှုတွေ လိုအပ်ပါတယ်”လို့ ဟေးဇ်နက်စ် က ဆက်ပြောသွားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘီဆိတက်ခ်အသင်းကို ပထမအကျော့မှာ ၅-၀ နဲ့ အနိုင်ရထားတဲ့အတွက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။

NN

Leave a Reply