ကာလာမိတ္ထူစက်မှငွေစက္ကူအတု ထုတ်ယူသူများဖမ်းဆီးရမိ

0
171

နေပြည်တော်၊ မတ် ၁၄ ၊ ၂၀၁၈

နေပြည်တော် ၊ ပျဉ်းမနားမြို့နယ်တွင် ကာလာမိတ္ထူစက်ဖြင့်ငွေစက်က္ကူ အတုများ ထုတ်ယူသူများအား မတ်လ ၁၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ် ၊ ကျည်တောင်ကန်နယ်မြေရှိ ဥယျာဉ်စု ကျေးရွာ၊ဥယျာဉ်ကျေးရွာသို့ငွေချေးကုမ္ပဏီတစ်ခုမှ ငွေချေးရာတွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ ပါရှိနေကြောင်း သတင်းအရ ဥတ္တရရိုင်ရဲတပ်ဖွဲ့မှူး၊ ပုဗ္ပသီရီမြို့နယ် အုပိချုပ်ရေးမှူး၊ ပုဗ္ပသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ၊ ထုံးဖိုမြို့မရဲစခန်းမှူး၊ ကျည်တောင်ကန် နယ်မြေရဲစခန်းမှူးတို့မှ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

“ပုဗ္ပသီရိမြို့ ကျည်တောင်ကန်ရဲစခန်း ရဲ့ (ပ) ၂၁/ ၂၀၁၈၊ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅ အဲ့ဒီအမှုကနေကွင်းဆက်ပေါ့။ ပျဉ်းမနားမြို့မင်္ဂလာ ရပ်ကွက် ၄ ညလမ်းရှိ နေမင်းရောင်အသင်း အသေးစားငွေရေး ကြေးရေး လုပ်ငန်း စီမံချက်ပျဉ်းမနားရုံးက ပျဉ်းမနားစခန်းမှူး ၊ ပျဉ်းမနား မြို့နယ်မှူး တို့သွားရောက်ရှာဖွေတဲ့အခါမှာ ငွေကိုင် မချစ်စု နဲ့ စီမံကိန်း ညွှန်ကြား ရေးမှူး မအိဖြူ နဲ့ ၎င်း ရုံးမှာ နေထိုင်သူ ၂ ဦးထံမှ တသောင်းတန်ငွေစက္ကူ အတု ၃၁ ရွက် တွေ့တယ်။ အဲဒီကနေ ထပ်မံရှာဖွေတဲ့အခါ ရုံးအပေါ်ထပ်မှာ ကာလာမိတ္ထူစက်နဲ့ ထုတ်ယူခဲ့ကြောင်းေ ပြောပြတယ်။ သူတို့ကလည်း သူတို့ကိုယ်ရေးကိုယ်တာကြောင့် ငွေလိုတဲ့အတွက် ကုမ္ပဏီက ငွေတွေကို အစားထိုးပြီးငွေအတုထည့်ပြီးတော့မှ အသုံးပြုခဲ့တယ်လို့ဝန်ခံ ထွက်ဆိုတယ်” ဟုပျဉ်းမနား မြို့မရဲစခန်းမှ စခန်းမှူးကပြောသည်။

ပုဗ္ပသီရိမြို့နယ် ၊ ဥယျာဉ်ကျေးရွာနေ ဦးစိုးဝင်းနေအိမ်တွင် ပျဉ်းမနားမြို့နယ် ၊မင်္ဂလာ မီးရထားရပ်ကွက်၊ ဦးပွားလမ်း တွင်တည်ထောင်ထားသည့် နေမင်းရောင်ခြည်ကုမ္ပဏီမှ မန်နေဂျာဖြစ်သူ ဒေါ်ခင်စောယု (၃၈)နှစ် ပျဉ်းမနားမြို့နယ်နေသူဦးဆောင်၍ အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများက မတ်လ ၁၃ ရက်နေ့တွင် ပုဗ္ပသီရိ မြို့နယ် ၊ ဥယျာဉ်စုကျေးရွာသို့ရောက်ရှိ လာကာ ငွေကြေးလိုအပ်နေသည့်ကျေးရွာပြည်သူများအားတစ်ဦးလျှင် ၁ သိန်းမှ ၄ သိန်းခွဲနှုန်း ကို ထုတ်ချေးပေးခဲ့ကြောင်း ၊ ကျေးရွာနေပြည်သူ (၅၇)ဦး အားစုစုပေါင်း( ၂၂၉၈၀၀၀၀) ကျပ်အားထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၄ ရက်နေ့တွင် ဥယျာဉ်ကျေးရွာသို့ အဆိုပါကုမ္ပဏီမှ တာဝန်ရှိ သူများ ငွေထပ်မံ ထုတ်ချေးရန် ရောက်ရှိလာကာ မတ်လ ၁၃ ရက်နေ့ငွေ ထုတ်ချေးယူသွားသူမှ ၎င်းတို့ချေးယူ သွားသည့်ငွေများတွင် တစ်သောင်း ကျပ်တန် ငွေစက္ကူအတုများ စုစုပေါင်း ၁၁၀ ရွက်တို့အား လာရောက်အပ်နှံ၍ လက်ခံထားရှိကြောင်းသိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပျဉ်းမနားမြို့နယ်ရှိကုမ္ပဏီသို့ သွားရောက်၍ ဆက်လက်ရှာဖွေရာ ငွေစက္ကူအတုများဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply