ပြည်သူပိုင်ဈေးလမ်းများတွင် ဂိုဒေါင်ပမာ ရပ်နားထားသည့် ယာဉ်များအား ထိရောက်စွာဆောင်ရွက်မည်

0
160

ရန်ကုန်၊မတ်၁၄၊၂၀၁၈

အများပြည်သူပိုင်းဈေးလမ်းမများ ပေါ်တွင် အချိန်ကြာမြင့်စွာရပ်နားထား ပြီး ဂိုဒေါင်ပမာ အသုံးပြုနေသော မော်တော်ယာဉ်များကို ထိရောက်သော ညွှန်ကြား ချက်အစီအမံများဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောသည်။

“စည်းကမ်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီးလည်း ဖြစ်ပါတယ်။ မော်တော်ယာဉ်ပိုင်ရှင်တွေကလည်း လိုက်နာဆောင်ရွက် ဖို့လည်း စည်းရုံးပြောကြားလိုပါတယ်။ သို့သော်စည်းရုံးကာလ ကုန်ဆုံးတဲ့ အချိန်မှာ ကျွန်တော်တို့ မြို့နယ်ကိုယ်စားလှယ်များနဲ့ တိုင်ပင်ပြီးတော့ ထိရောက်တဲ့ အစီအမံများနဲ့ ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ် ရှိပါကြောင်း ပြောကြားလိုပါတယ်။’’ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆက်လက် ပြောကြားခဲ့သည်။

ဈေးလမ်းများပေါ်တွင် ဂိုဒေါင်ကဲ့သို့အသုံးပြုနေသောမော်တော်ယာဉ် ကားကြီးများ သည်အနီးအနားရှိဈေးဆိုင် ခန်းပိုင်ရှင်များ မှ ယင်းတို့၏ ကုန်ပစ္စည်းများ သယ်ဆောင်ရန် နှင့်သိမ်းဆည်းရန် ရည်ရွယ်ပြီး နေ ညအသုံးပြု ရပ်နားထား ခြင်း ကြောင့် လမ်းအသုံးပြုသူ ပြည်သူများ အခက်အခဲများ ရှိနေပြီး ညအချိန်တွင် ပြည်သူများ၏ လုံခြုံရေးအတွက် တပ်ဆင်ထားသော စီစီတီဗွီကင်မရာများ၏ မြင်ကွင်းမှာလည်း ကားကြီးများ ပါကင်ထိုးထားသည့်အတွက် မြင်ကွင်းများ ကွယ်နေသည့်အပြင် ညအချိန် တွင် ကားများကြားထဲတွင် မှောင်ရိပ်ကျနေသည့်အတွက် ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားနေသည်ကို တွေ့ရသည့်အတွက် ဘေးပတ်ကျင်းတွင် ရှိသည့် ပြည်သူများက စိုးရိမ်ထိတ်လန့်မှုများ ရှိနေသဖြင့် အဆိုပါမော်တော် ယာဉ်များကိုမည်သို့ဆောင်ရွက်နိုင်မည်ကိုမတ်လ၁၄ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးဆဋ္ဌမပုံမှန်အစည်းအဝေး(၁၃) ရက်မြောက်နေ့တွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် က မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဈေးပတ်ဝန်းကျင်က အများပြည်သူပိုင် လမ်းမပေါ်တွင် အချိန်ကြာကြာ ယာဉ်ရပ်နားထားပြီး ဂိုဒေါင်သဖွယ် အသုံးပြုလျှက်ရှိသော မော်တော် ယာဉ်များ၏ ပိုင်ရှင်များထံမှ ခံဝန်ကတိများ ရယူပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ဈေးများဌာန ဝန်ထမ်း(၂) ဦးကိုလည်း နေ့စဉ် စည်းကမ်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ရန် အတွက်၂၀၁၈ခုနှစ် ဇန်န၀ါရီလအတွင်းက စတင်ဆောင်ရွက်မှုများ ရှိနေကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရသည်။

ရန်ကုန်မြို့လသာမြို့နယ်အတွင်းတွင်(က)အဆင့်ရှိသတ်မှတ်ထားသော ဈေးများဖြစ်သည့်သံဈေး၊ သိမ်ကြီးဈေး(ဃ)ရုံနှင့်သိမ်ကြီးဈေး(င)ရုံ ဈေးသုံးဈေးရှိရာတွင် ဘေးပတ်ဝန်းကျင်၌ နေ့ညရပ်နားထားပြီး ဂိုဒေါင် ပမာအသုံးပြုနေသောမော်တော်ယာဉ်ပိုင်ရှင်များမှာ သံဈေးအတွင်းက ဈေးဆိုင်ခန်းများမှာ ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်းပိုင်ရှင်များ ဖြစ်ကြကြောင်း စစ်ဆေးတွေ့ရှိရကာ သံဈေးတာဝန်ခံမှ ယင်းမော်တော် ယာဉ် ပိုင်ရှင်များကို ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက သံဈေးတာဝန်ခံ ရုံးသို့ ဖိတ်ကြား၍လမ်းမတော်ကားလမ်းပါကင် ကုန်တင်ကုန်ချ နေရာများ၌ အချိန်ကြာကြာ ဂိုဒေါင်ကဲ့သို့ ရပ်နားအသုံးမပြုရန်နှင့်ကုန်တင်ကုန်ချ အချိန်မှ သာ ရပ်နားအသုံးပြုရန်ခံဝန် ကတိ ရေးထိုးစေပြီးစည်း ရုံးရေးကာလ သတ်မှတ်ကာစောင့်ကြည့်လေ့လာခဲ့ကာ မကြာမှီ အချိန်တွင်ထိရောက် သောအစီအမံများဖြင့် အဆောင်ရွက်မှု များပြုလုပ်မည်ဟုသတင်းရရှိသည်။

မေစု

ဓာတ်ပုံ – ဝေယံထွန်း (ပဉ္စမလှိုင်း မီဒီယာ)

Leave a Reply