ဆောက်သမ်တန်နည်းပြအဖြစ် မာ့ခ်ဟုခ်ျကိုခန့်အပ်

0
164

မတ် ၁၅ ၊ ၂၀၁၈

ဆောက်သမ်တန်အသင်းဟာ အသင်းရဲ့ ရလဒ်တွေဆိုးရွားခဲ့မှုအတွက် နည်းပြ ပယ်လီဂရီနိုကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ယခင်စတုတ်အသင်းရဲ့ နည်းပြဖြစ်ခဲ့တဲ့ မာ့ခ်ဟုခ်ျကို နည်းပြအသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

မာ့ခ်ဟုခ်ျဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း စတုတ်စီးတီးအသင်းရဲ့ နည်းပြအဖြစ်ကနေ အထုတ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်ရဲ့ အတွေ့အကြုံရင့်သော နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။သူဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၄၄၅ ပွဲအထိ ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အန္တရာယ်အတွင်း ရောက်ရှိနေပါတယ်။ မာခ်ဟုခ်ျအနေနဲ့ အဆိုပါ ပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ယခုနှစ်ဘောလုံးရာသီအကုန်အထိ ဆောက်သမ်တန် နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး ဆောက်သမ်တန်နည်းပြအဖြစ် ပွဲဦးထွက် ပွဲစဉ်ကို ၀ီဂန်နဲ့ ကစားရမယ့် FA ဖလားပွဲစဉ်မှာ စတင် ကိုင်တွယ်မှာ ဖြစ်ပါတယ်။

NN

Leave a Reply