၂၀၁၈ ခုႏွစ္ မတ္တြင္ က်င္းပမည့္ သမၼတေရြးေကာက္ပဲြ၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟု ပူတင္ေျပာဆုိ

0
178

ေမာ္စကို ဒီဇင္ဘာ ၇

လာမည့္ႏွစ္ မတ္တြင္ က်င္းပမည့္ သမၼတေရြးေကာက္ပဲြတြင္ ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတဗလာဒီမာပူတင္က ဒီဇင္ဘာ ၆ ရက္ အေႏွာင္းပိုင္းတြင္ေျပာဆုိခဲ့သည္။

နီရွ္နီႏိုဂိုေရာ့ဒ္ၿမိဳ႕ရွိ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးစက္႐ုံရွိ အလုပ္ သမားမ်ားကုိ မိန္႔ခြန္းေျပာဆိုရင္း ပူတင္က အထက္ပါ အတုိင္းေျပာဆုိခဲ့ျခင္းျဖစ္သည္။ ပူတင္သည္ သမၼတသို႔မဟုတ္ ဝန္ႀကီးခ်ဳပ္အျဖစ္ ၂၀၀၀ ခုႏွစ္ကတည္းက တာဝန္ ထမ္းေဆာင္ ခဲ့ျခင္းျဖစ္သည္။ မတ္တြင္ က်င္းပမည့္ ေရြးေကာက္ပဲြတြြင္ အႏုိင္ရရွိပါက ပူတင္သည္ ၂၀၂၄ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခြင့္ရရွိမည္ျဖစ္သည္။ ႐ုရွား႐ုပ္သံဂ်ာနယ္လစ္ ဆဲနီယာေဘာ့ခ်တ္က ေရြးေကာက္ပဲြ ဝင္မည္ျဖစ္ေၾကာင္းေျပာဆုိထားေသာ္လည္း လူထုအျမင္စစ္တမ္းမ်ားအရ ပူတင္သည္ ေရြးေကာက္ပဲြအႏုိင္ရရွိရန္ ေသခ်ာေနသည္။

႐ုရွားအဓိကအတိုက္အခံေခါင္းေဆာင္ အလက္ဇီနာဗယ္ညီသည္ ေငြေၾကးအလဲြသံုးစားမႈျဖင့္ စြပ္စဲြခံထားရေသာေၾကာင့္ ေရြးေကာက္ပဲြဝင္ခြင့္ပိတ္ပင္ခံထားရသည္။ ပူတင္သည္ ႐ုရွားႏုိင္ငံသားမ်ားၾကားတြင္ လူႀကိဳက္မ်ားခံရသူျဖစ္သည္။ ပူတင္သည္ ဆီးရီးယားျပည္တြင္းစစ္တြင္ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္ျခင္း၊ ယူကရိန္းထံမွ က႐ိ္ုင္းမီးယားကို သိမ္းယူျခင္းတို႔ေၾကာင့္ ႏုိင္ငံတကာအလည္တြင္ စိတ္ဓာတ္ျပတ္သားခုိင္မာေသာ ေခါင္းေဆာင္အျဖစ္ ရပ္တည္ကာ ရုရွားအမ်ိဳးသားေရးစိတ္ဓာတ္ကို ထင္ဟပ္ေဖာ္ျပႏုိင္သူျဖစ္ေၾကာင္း ႏုိင္ငံသားမ်ားက ယူဆထားသည္။

သို႔ေသာ္ ပူတင္သည္ အက်င့္ပ်က္ျခစားမႈကိုအားေပးၿပီး က႐ုိင္းမီးယားကို အဓမၼသိမ္းယူခဲ့ေၾကာင္း အတိုက္အခံမ်ားက စြပ္စဲြခဲ့သည္။
ေတာင္ကိုရီးယားႏိုင္ငံၿပံဳခ်န္းၿမိဳ႕၌လာမည့္ႏွစ္တြင္က်င္းပမည့္ ေဆာင္းရာသီအိုလံပစ္အားကစားၿပိဳင္ပြဲမ်ားတြင္ ႐ုရွားအား ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ေၾကာင္း ႏုိင္ငံတကာအုိလံပစ္ေကာ္မတီ ( အုိင္အိုစီ) က ထုတ္ျပန္လိုက္ၿပီျဖစ္သည္။ ႐ုရွားႏုိင္ငံ ဆိုခ်ီၿမိဳ႕၌ ၂၀၁၄ ခုႏွစ္တြင္ က်င္းပခဲ့သည့္ အားကစားၿပိဳင္ပဲြမ်ား၌ ႐ုရွားအစိုးရက ကမကထျပဳၿပီး တားျမစ္ေဆးသံုးစဲြေစခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ၿပံဳခ်မ္းေဆာင္းရာသီအိုလံပစ္တြင္ ႐ုရွားအား ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ခဲ့ျခင္းျဖစ္သည္။

အုိင္အိုစီသည္ အေနာက္ႏိုင္ငံမ်ား၏ဖိအားေပးျခင္းကိုခံေနရၿပီး ႏုိင္ငံေရးအရ အေၾကာင္းအရင္းခံျဖင့္ ႐ုရွားအားကစားသမားမ်ားကို ပိတ္ပင္လိုက္ျခင္းသာျဖစ္ေၾကာင္း ပူတင္ကေျပာဆုိခဲ့သည္။
႐ုရွားသည္ ေရွ႕သုိ႔ဆက္လက္ခ်ီတက္ေနမည္ျဖစ္ၿပီး ႐ုရွား၏ခ်ီတက္မႈကို မည္သည္ကမွ် တားဆီးႏို္င္မည္မဟုတ္ေၾကာင္း ၎ကေျပာဆုိခဲ့သည္။ ႏုိင္ငံတကာဖိအားေပးသည့္အခါတိုင္းတြင္ ႐ုရွားသမၼတ၏ လူႀကိဳက္မ်ားမႈျမင့္တက္လာေလ့ရွိေၾကာင္း အေတြးအျမင္ စစ္တမ္းမ်ားကေဖာ္ျပေနသည္။

ႏုိင္ငံပိုင္႐ုပ္သံ၏ႀကိဳးပမ္းမႈေၾကာင့္ ေထာက္ခံသူမ်ားခံသည့္ ပူတင္၏လူႀကိဳက္မ်ားခံရမႈသည္လည္း ယခုအခ်ိန္တြင္ ျပန္လည္ျမင့္တက္လာခဲ့သည္။ ပူတင္သည္ လူႀကိဳက္မ်ားမႈ ၈၀ ရာခုိင္ႏႈန္းရွိေနေၾကာင္း စစ္တမ္းမ်ားကေဖာ္ျပေနသည္။

Source:BBC

႐ိုးေျမ

ပုံစာ။ ႐ုရွားသမၼတဗလာဒီမာပူတင္။

 

မော်စကို ဒီဇင်ဘာ ရ

လာမည့်နှစ် မတ်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဒီဇင်ဘာ ၆ ရက် အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။

နီရှ်နီနိုဂိုရော့ဒ်မြို့ရှိ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံရှိ အလုပ် သမားများကို မိန့်ခွန်းပြောဆိုရင်း ပူတင်က အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ပူတင်သည် သမ္မတသို့မဟုတ် ဝန်ကြီးချုပ်အဖြစ် ၂၀၀၀ ခုနှစ်ကတည်းက တာဝန် ထမ်းဆောင် ခဲ့ခြင်းဖြစ်သည်။ မတ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ပူတင်သည် ၂၀၂၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။ ရုရှားရုပ်သံဂျာနယ်လစ် ဆဲနီယာဘော့ချတ်က ရွေးကောက်ပွဲ ဝင်မည်ဖြစ်ကြောင်းပြောဆိုထားသော်လည်း လူထုအမြင်စစ်တမ်းများအရ ပူတင်သည် ရွေးကောက်ပွဲအနိုင်ရရှိရန် သေချာနေသည်။

ရုရှားအဓိကအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်ညီသည် ငွေကြေးအလွဲသုံးစားမှုဖြင့် စွပ်စွဲခံထားရသောကြောင့် ရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်ခံထားရသည်။ ပူတင်သည် ရုရှားနိုင်ငံသားများကြားတွင် လူကြိုက်များခံရသူဖြစ်သည်။ ပူတင်သည် ဆီးရီးယားပြည်တွင်းစစ်တွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်း၊ ယူကရိန်းထံမှ ကရိုင်းမီးယားကို သိမ်းယူခြင်းတို့ကြောင့် နိုင်ငံတကာအလည်တွင် စိတ်ဓာတ်ပြတ်သားခိုင်မာသော ခေါင်းဆောင်အဖြစ် ရပ်တည်ကာ ရုရှားအမျိုးသားရေးစိတ်ဓာတ်ကို ထင်ဟပ်ဖော်ပြနိုင်သူဖြစ်ကြောင်း နိုင်ငံသားများက ယူဆထားသည်။

သို့သော် ပူတင်သည် အကျင့်ပျက်ခြစားမှုကိုအားပေးပြီး ကရိုင်းမီးယားကို အဓမ္မသိမ်းယူခဲ့ကြောင်း အတိုက်အခံများက စွပ်စွဲခဲ့သည်။ 
တောင်ကိုရီးယားနိုင်ငံပြုံချန်းမြို့၌လာမည့်နှစ်တွင်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲများတွင် ရုရှားအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီ ( အိုင်အိုစီ) က ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ရုရှားနိုင်ငံ ဆိုချီမြို့၌ ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများ၌ ရုရှားအစိုးရက ကမကထပြုပြီး တားမြစ်ဆေးသုံးစွဲစေခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပြံုချမ်းဆောင်းရာသီအိုလံပစ်တွင် ရုရှားအား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

အိုင်အိုစီသည် အနောက်နိုင်ငံများ၏ဖိအားပေးခြင်းကိုခံနေရပြီး နိုင်ငံရေးအရ အကြောင်းအရင်းခံဖြင့် ရုရှားအားကစားသမားများကို ပိတ်ပင်လိုက်ခြင်းသာဖြစ်ကြောင်း ပူတင်ကပြောဆိုခဲ့သည်။
ရုရှားသည် ရှေ့သို့ဆက်လက်ချီတက်နေမည်ဖြစ်ပြီး ရုရှား၏ချီတက်မှုကို မည်သည်ကမျှ တားဆီးနို်င်မည်မဟုတ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ နိုင်ငံတကာဖိအားပေးသည့်အခါတိုင်းတွင် ရုရှားသမ္မတ၏ လူကြိုက်များမှုမြင့်တက်လာလေ့ရှိကြောင်း အတွေးအမြင် စစ်တမ်းများကဖော်ပြနေသည်။

နိုင်ငံပိုင်ရုပ်သံ၏ကြိုးပမ်းမှုကြောင့် ထောက်ခံသူများခံသည့် ပူတင်၏လူကြိုက်များခံရမှုသည်လည်း ယခုအချိန်တွင် ပြန်လည်မြင့်တက်လာခဲ့သည်။ ပူတင်သည် လူကြိုက်များမှု ၈၀ ရာခိုင်နှုန်းရှိနေကြောင်း စစ်တမ်းများကဖော်ပြနေသည်။

Source:BBC

ရိုးမြေ

ပုံစာ။ ရုရှားသမ္မတဗလာဒီမာပူတင်။

Leave a Reply