ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ ပြည်ခဲ့တဲ့ လီယွန်နယ် မက်ဆီ

0
168

မတ် ၁၅ ၊ ၂၀၁၈

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ယနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သွင်းဂိုး၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဘာစိလိုနာနဲ့ ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ခဲ့ပြီး မက်ဆီက ဘာစီလိုနာအတွက် နှစ်ဂိုးသွင်း ယူပေးခဲ့ပါတယ်။

ဘာစီလိုနာ ၃-၀ ချယ်လ်ဆီး ပွဲစဉ်မှာ မက်ဆီဟာ ပွဲအစ ၃ မိနစ်မှာပင် ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၂၀ မှာတော့ လူငယ်ကစားသမား ဒမ်ဘီလီက ဘာစီလိုနာအတွက် ဒုတိယ သွင်းဂိုးကို သွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ အိမ်ရှင် ဘာစီလိုနာတို့ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ ဘာစီလိုနာအတွက် တတိယ ဦးဆောင်ဂိုးကို မက်ဆီက ထပ်မံသွင်းယူခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးကြောင့် မက်ဆီဟာ ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး ကစားသမားကတော့ ရီးရဲမက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို ဖြစ်ပါတယ်။ ရောနယ်ဒိုဟာ ပွဲပေါင်း ၁၃၇ ပွဲကစားခဲ့ပြီး ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကတော့ ပွဲပေါင်း ၁၂၃ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးဆုရရှိထားတဲ့ ကမ္ဘာကျော် ဘောလုံးသမား ဖြစ်ပေမယ့်လည်း ချယ်လ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ဒါပေမယ့်လည်း ယခုနှစ် ဘောလုံးရာသီ မှာတော့ ချန်ပီယံလိဂ်မှာ ချယ်လ်ဆီးကို နှစ်ကျော့စလုံး ဂိုးသွင်းပြီး သူ့ရဲ့ သမိုင်းအသစ်တွေကို ရေးထိုးနိုင်ခဲ့ပါတယ်။

NN

Leave a Reply